မှော်အစားအသောက်

မှော်ပညာဆိုတာဘာလဲ

အစားအသောက်မှော်ပညာအကြောင်းမိတ်ဆက်ခဲ့ပြီဆိုပေမယ့် မှော်ပညာဆိုတာဘာလဲဆိုပြီး သိချင်နေမယ့်သူတွေရှိဦးမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ မှော်ပညာဆိုတာ ဘာလဲဆိုတဲ့အခန်းကို တင်ပြသွားမှာဖြစ်ပါတယ်။

ဒီအခန်းမှာပါတဲ့အချက်အလက်တွေက အစားအသောက်မှော်ပညာအတွက် အတော်လေးကို အရေးကြီးပါတယ်။ လူအများပြောလေ့ရှိတာက…
“မှော်ပညာဆိုတာ သဘာဝလွန်ပဲ”
“မှော်ပညာက ဆိုးယုတ်တဲ့ပညာ”
“မှော်ပညာက အန္တရာယ်များတယ်”
“မှော်ပညာဆိုတာ မျက်လှည့်ပါပဲ”

ဒီလိုမျိုးတွေပြောကြပါတယ်။ ဒီလိုမှားယွင်းတဲ့ပြောဆိုချက်တွေက ဟိုးယခင်မှော်မတတ်သူမျိုးဆက်တွေကနေ ဆင်းသက်လာတာဖြစ်တယ်။ မှော်ပညာကိုမသုံးဖူးသူတွေကတော့ ဒီအချက်တွေက အမှန်လို့ထင်ကြမှာပဲ။ အရင်တုန်းကလဲ သချင်္ာ၊ ဓာတု၊ စိတ်ဗေဒ၊ ရူပဗေဒ၊ နတ္ခက္တဗေဒ၊ ခွဲစိတ်ပညာတွေကို ဒီလိုပဲ ဆိုးယုတ်တယ်ပြောခဲ့ကြဖူးတယ်။ ဒီဗေဒတွေအပြင် တခြားပညာရပ်တွေကို အမှောင်ခေတ်တုန်းကဆိုးယုတ်တယ်လို့ ပြောကြပေမယ့် ယနေ့ခေတ်မှာ ဒီလိုမဟုတ်တော့ပါဘူး။

ဒါပေမယ့်လို့ မှော်နဲ့ဘာသာရေးအတွေ့အကြုံဆိုတာတွေကိုတော့ ခေါင်းမာတဲ့သိပ္ပံပညာရှင်တွေက သူတို့အတွက် အခြေခံအချက်မရှိတဲ့ ဖန်တက်စီတွေပဲဆိုပြီး လက်မခံကြသေးပါဘူး။ ပြောရရင် မှော်ပညာဆိုတာမှာလဲ သူ့ရဲ့အလုပ်လုပ်ပုံဖော်ပြနိုင်တဲ့ဥပဒေ သူ့ကိုအားကြီးစေတဲ့ အင်အား စတာတွေမရှိသေးတာကြောင့်လို့ ဆိုရမယ်။ သူတို့တွေက ဘာသာရေးအတွေ့အကြံုဆိုတာတွေကို အထင်သေးစရာ အပျင်းပြေစရာလို့ပဲ မြင်နေကြတုန်းပါပဲ။

ဒါပေမယ့်လဲ မှော်ပညာက အလုပ်တစ်ကယ်ဖြစ်သလို ဘာသာရေးအတွေ့အကြံုတွေကလဲ တစ်ကယ်ရှိနေပါတယ်။ နတ်တစ်ပါးပါးနဲ့ ဆက်ဆံရေးတည်ဆောက်ထားသူကို အဲ့နတ်တစ်ကယ်မရှိဘူးသွားပြောရင် ဖြစ်လာမယ့်အကျိုးဆက်ကို ခန့်မှန်းလို့ရပါတယ်။ မှော်ပညာရှင်တွေလဲ ဒီလိုပဲ။ မှော်ပညာက အလုပ်ဖြစ်တယ်လို့ ယုံကြတာမဟုတ်ဘူး။ အလုပ်ဖြစ်တယ်ဆိုတာ သိကြတာ။

မှော်ပညာရဲ့အခြေခံက စွမ်းအား။ ဒါကိုမှော်ပညာရှင်တွေ နှစ်ထောင်ချီသုံးခဲ့ကြပေမယ့် အဲ့စွမ်းအားဆိုတာကို တိတိကျကျ မသိရသေးဘူး။ ဒါပေမယ့် ဘယ်လိုအသုံးချရမလဲဆိုတာတော့ သိကြတယ်။

မှော်ပညာဆိုတာက နုညံ့တဲ့သဘာဝစွမ်းအင်တွေကို မိမိလိုအပ်တဲ့ပြောင်းလဲမှုဖြစ်လာအောင် လှုပ်ရှားစေတာပဲ ဖြစ်ပါတယ်။ ထိုစွမ်းအင်တွေက ကိုယ့်ကိုယ်တွင်းမှာ၊ လောကကြီးထဲမှာ၊ လောကထဲက အရာဝတ္ထုတိုင်းမှာ ရှိနေပါတယ်။ ထောပတ်သီးပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် အဆိုပါစွမ်းအင်တွေက အသုံးချပုံချင်းကွာပေမယ့်လို့ တူညီတဲ့ရင်းမြစ်တစ်ခုကနေလာနေတာ ဖြစ်တယ်။ တူညီတဲ့ရင်းမြစ်ဆိုတာ ဘာလဲ။ ဘာသာရေးတစ်ခုချင်းစီကတော့ သူ့ကို နာမည်အမျိုးမျိုးပေးကြပါတယ်။

မှော်ပညာမှာ စွမ်းအင်သုံးမျိုးကို အသုံးချကြတယ်။ ဒါတွေက ပုဂ္ဂလိကစွမ်းအင် – မိမိခန္ဓာကိုယ်တွင်းမှာ ပိုင်ဆိုင်ထားတယ်… ကမ္ဘာမြေစွမ်းအင် – ကမ္ဘာဂြိုဟ်၊ အပင်တွေ၊ ကျောက်တုံးတွေ၊ ရေ၊ မီး၊ လေထု၊ တိရိစ္ဆာန်တွေရဲ့အတွင်းမှာရှိတယ်… Divine စွမ်းအင် – ဒါကတော့ ကမ္ဘာမြေပေါ်ကို ပုံစံတစ်ခုအဖြစ်နဲ့ ကျမလာသေးတဲ့စွမ်းအင် ဆိုပြီးဖြစ်ပါတယ်။

အမြဲတမ်းလိုလို မှော်ပညာမှာ ပုဂ္ဂလိကစွမ်းအင်ကို သုံးပါတယ်။ ရိုးရာမှော်ပညာတွေမှာတော့ ကမ္ဘာမြေစွမ်းအားကိုပါ သုံးတတ်ကြတယ်။ မှော်ပညာရှင်က ကိုယ့်ရဲ့စွမ်းအင်တွေကို စိတ်အာရုံတွင်ပုံဖော်ခြင်း ရုပ်ပိုင်းဆိုင်ရာအားစိုက်ခြင်းဆိုတဲ့နည်းတွေနဲ့ နိုးထစေကြပါတယ်။ အဲ့နောက် ကမ္ဘာမြေစွမ်းအင်ကို စိတ်အာရုံတွင်ပုံဖော်ခြင်းနည်းနဲ့ နိုးထစေတယ်။ စိတ်အာရုံတွင်ပုံဖော်ခြင်းက အဆိုပါစွမ်းအင်တွေကို ချိန်ညှိပေးပြီး ကိုယ့်ရွယ်ချက်အထမြောက်အောင်လုပ်ရာမှာ အသုံးဝင်စေမယ့်ပုံစံအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ များသောအားဖြင့် စိတ်အာရုံမှာပုံဖော်လုပ်ကြပေမယ့် တခြားနည်းတွေလဲ ရှိပါသေးတယ်။ အစားအသောက်မှော်ပညာကတော့ အဆိုပါစွမ်းအင်နှစ်မျိုးကို ပေါင်းစပ်ပေးတဲ့နေရာမှာ ပိုသဘာဝကျအောင် စွမ်းဆောင်ပေးနိုင်တဲ့ပညာ ဖြစ်ပါတယ်။

ဥပမာတစ်ခုကိုထပ်ပြောပါဦးမယ်။ မမမြဆိုတဲ့မိန်းကလေးက ၀င်ငွေတိုးချင်နေတယ်။ သူကအလုပ်ကိုကြိုးစားလုပ်ပေမယ့်လဲ ငွေကမလောက်ငဘူးဖြစ်နေတာ။ ငွေပိုပြီးတော့ လိုချင်တယ်ဆိုပါတော့။

အစားအသောက်မှော်ပညာတတ်သူဖြစ်တဲ့အတွက် သူစားတဲ့အစာတိုင်းမှာ ငွေကြေးစွမ်းအင်ပါတဲ့အစားအစာတစ်ခုကို ထပ်ပေါင်းထည့်လိုက်တယ်။ မနက်စာကို oatmeal, မြေပဲထောပတ်နဲ့ စပျစ်သီးဂျယ်လီညှပ်ပေါင်မုန့်ကို နေ့လည်စာ၊ ညစာမှာကျ ခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ် ထပ်ပေါင်းလိုက်တယ်။

နောက်မနက်မှာ မီးဖိုချောင်ထဲမှာ မမမြက ဖယောင်းတိုင်အစိမ်းတစ်ချောင်းကိုထွန်းလိုက်တယ်။ မီးတောက်သွားတာနဲ့ မမမြက သူ့ကိုယ်သူ ငွေကြေးအကြပ်အတည်းကနေ လွတ်မြောက်သွားပြီဆိုပြီး မြင်ယောင်လိုက်တယ်။ ပေးရမယ့်ငွေတွေလဲ ကြေသွားပြီ ပိုက်ဆံလဲပိုသုံးနိုင်လို့ ပျော်နေပြီဆိုပြီး စိတ်အာရုံမှာပုံဖော်လိုက်တယ်။ မမမြလုပ်တဲ့ပုံက ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်နေတာမဟုတ်ဘူး။ ဖြစ်ပြီးနေပြီဆိုသလိုမျိုး မြင်ယောင်လိုက်တာဖြစ်တယ်။

အိုးထဲကို ရေထည့်ပြီး oatmeal ကို ချိန်တော့လဲ ဆက်ပြီး ပုံဖော်နေတုန်း။ ချိန်တဲ့ခွက်ထဲ oat အပြည့်ထည့်ပြီးတဲ့နောက် မီးဖိုစင်ပေါ်တင်ထားပြီး လက်နှစ်ဖက်နဲ့အုပ်လိုက်တယ်။ အဲ့နောက် သူအားရှိသမျှဆက်ပြီး စိတ်အာရုံမှာပုံဖော်နေလိုက်တယ်။ နောက် oatmeal ကို ရေထဲထည့်လိုက်ပြီး ခါတိုင်းလို့ပဲ ချက်ပြုတ်နေလိုက်တယ်။

စောင့်နေတုန်း ဂရိတ်ဖုတစ်ခြမ်းရယ် အဆီထုတ်နွားနို့ရယ်ကို ထပ်ထည့်လိုက်တယ်။ ဒါက မှော်နဲ့မဆိုင်ဘူး။ အာဟာရအတွက် သပ်သပ်ပဲ။

ကျက်သွားပြီဆိုတော့ ဖယောင်းတိုင်ကိုစားပွဲပေါ်ရွေ့ထားလိုက်ပြီး ပန်းကန်လုံးထဲကို ကော်ထည့်တယ်။ ပြီးတော့ မေပယ်ပျားရည် လောင်းထည့်တယ်။ (ဒါနောက်ထပ် ငွေဆွဲတဲ့အစားအစာ) နောက် Oatmeal ကိုကြည့်ပြီး မစားခင် အောက်ပါ chant ကိုရွတ်လိုက်တယ်။

“Oats of prosperity and gain,
Lift away my financial pain.
I’m flooded with prosperity,
This is my will, so mote it be!”

ဘာမှထပ်မပြောတော့ပဲ အာရုံမှာပုံဖော်တာကိုပဲ ဆက်လုပ်နေလိုက်တယ်။ အားရသွားတဲ့အခါမှ စစားတယ်။ ပူနွေးနွေး oatmeal တစ်ဇွန်းစားတိုင်း ငွေကြေးစွမ်းအင်တွေ သူမခန္ဓာကိုယ်ထဲစီးဝင်သွားတာကို ခံစားကြည့်တယ်။ သူ့ခန္ဓာကိုယ်ကလဲ အာဟာရရော ငွေကြေးစွမ်းအင်ပါပြည့်တဲ့ အစားအစာကို ကြိုဆိုနေကြောင်း မြင်ယောင်လိုက်တယ်။ နောက်အစားအသောက်တွေကိုလဲ သူဒီတိုင်းပဲလုပ်တယ်။ ငွေကြေးအတွက်ကောင်းတယ်လို့ထင်တဲ့ မြေပဲထောပတ်၊ ဂျယ်လီညှပ်ပေါင်မုန့်တို့လိုပေါ့။

မှော်ပညာကိုအလုပ်ဖြစ်အောင် အချိန်ပေးတဲ့အနေနဲ့ ငွေမှော်ဝင်တဲ့ဒီအစားအသောက်တွေကို တစ်ပတ်တိတိစားမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဒီဥပမာမှာ မမမြဘာလုပ်သလဲကြည့်ရအောင်။
• သူ့မှာ ပြဿနာရှိနေတာကို သတိပြုမိတယ်။
• သူ့ကိုကူဖြေရှင်းနိုင်မယ့် ကိရိယာတွေကို (အစားအသောက်တွေ) ကို ရှာတွေ့တယ်။
• သူ့ရဲ့ ပုဂ္ဂလိကစွမ်းအင်တွေကို စိတ်အာရုံမှာပုံဖော်ခြင်းကနေတစ်ဆင့် ငွေကြေးစွမ်းအင်အဖြစ်ပြောင်းလိုက်တယ်။
• Oat မှာရှိနေတဲ့ ကမ္ဘာမြေစွမ်းအင်ကိုလဲ စိတ်အာရုံမှာပုံဖော်ခြင်းကနေတစ်ဆင့် ချိန်ညှိပေးတယ်။
• သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ သူ့ရဲ့ပုံဖော်နိုင်စွမ်းကို ခပ်တိုတို ကာရန်ကိုက်တဲ့ chant နဲ့ အင်အားထပ်ဖြည့်တယ်။
• Oat ထဲမှာရှိနေတဲ့ ငွေကြေးစွမ်းအင်တွေကို စားသုံးခြင်းနဲ့ သူ့ခန္ဓာကိုယ်ထဲကို ပြောင်းထည့်လိုက်တယ်။
ထွန်းလိုက်တဲ့ဖယောင်းတိုင်အစိမ်းက သူ့ဆန္ဒကို ရုပ်ပိုင်ဆိုင်ရာအနေနဲ့ ဖော်ပြတာ။ အစိမ်းဆိုတာ ကြီးထွားခြင်း၊ ငွေကြေး၊ ပေါကြွယ်ခြင်းဆိုတာတွေရဲ့ သင်္ကေတ။ ဒီခေတ်သစ်ကမ္ဘာမှာတော့ ငွေကြေးရဲ့အရောင် ငွေနဲ့မှရမယ့်အရာတွေရဲ့ အရောင်ဖြစ်ပါတယ်။

ရိုးရာမှော်ပညာရှင်တွေကတော့ ဖယောင်းတိုင်ထွန်းတယ်ဆိုတာ ပါတ်ဝန်းကျင်ကို စွမ်းအင်တွေထုတ်ပေးလိုက်တာတဲ့။ ဒီစွမ်းအင်တွေကို ဖယောင်းတိုင်ရဲ့အရောင်ပေါ်လိုက်ပြီး သတ်မှတ်ကြတယ်။ အစိမ်းရောင်ကိုထွန်းလိုက်တာမို့ မမမြက သူရဲ့အစီအရင်မှာ ငွေဆွဲတဲ့စွမ်းအင်တွေကိ ထပ်ပေါင်းပေးလိုက်တဲ့သဘောပါပဲ။ ဖယောင်းတိုင်ကိုမသုံးမဖြစ်မဟုတ်ပေမယ့် ဆန္ဒရှိရင်သုံးနိုင်ပါတယ်။

စိတ်အာရုံတွင်ပုံဖော်ခြင်းဆိုတာက မှော်ပညာအမျိုးအစားတိုင်း လိုလိုမှာ အရေးကြီးပါတယ်။ ကျွန်တော်တို့အတော်များများက မြင်ဖူးပြီးသားတွေကို ကောင်းကောင်းပြန်ပုံဖော်နိုင်ကြတယ်။ တစ်မိနစ်လောက် မျက်လုံးမှိတ်ထားပြီး ကိုယ့်ကြိုက်တဲ့အစားအစာ၊ အိမ်မွေးတိရိစ္ဆာန်၊ ဘေးအိမ်ကလူကို ပုံဖော်ကြည့်ကြည့်ပါ။ တွေးကြည့်တာမျိုးမဟုတ်ပဲ အကယ်မြင်နေရသလိုကြိုးစားကြည့်ပါ။

မှော်ပညာမှာ ကိုယ်လုပ်ဖို့ဆုံးဖြတ်ထားတဲ့ပြောင်းလဲမှုပုံရိပ်တွေကို ဖန်တီးဖို့ စိတ်အာရုံမှာ ပုံဖော်ရပါတယ်။ မမမြသာ ပုံနေတဲ့ အကြွေးတွေ၊ ကိုယ့်ထဲနည်းနည်းသာကျန်တော့တဲ့ငွေတွေ၊ အိမ်ငှားခမပေးနိုင်လို့ နှင်ချတာတွေကိုတွေးနေမယ်ဆိုရင်တော့ အထောက်အကူမဖြစ်ပါဘူး။ ဒါတွေကသူ့ပြဿနာရဲ့ လက္ခဏာတွေလေ။ ပြဿနာတွေကို ဘယ်တော့မှာ စိတ်အာရုံမှာ ပုံမဖော်ရဘူးနော်။

ပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းတွေအစား မှော်အစီအရင်ကြောင့်ဖြစ်လာမယ့် အကျိုးရလဒ်ကိုပဲ ပုံဖော်ရမယ်။ ဒါကြောင့် မမမြက သူ့အကြွေတွေကြေတာ ပိုက်ဆံပိုသုံးရတာကိုပဲ အာရုံဖော်တာဖြစ်ပါတယ်။ ဒါက အကောင်းတွေးတွေးခြင်း မဟုတ်ဘူး။ မှော်ဆိုင်ရာအာရုံမှာပုံဖော်တယ်ဆိုတာ တစ်ကယ့်အစစ်အမှန်အတိုင်း ကောင်းမွန်တဲ့ပုံဖော်မြင်ယောင်ခြင်းသာ ဖြစ်ပါတယ်။

မမြင်ရတဲ့ (ဖြစ်တည်မှုအစစ်အမှန်) လယ်ဗယ်တစ်ခုမှာ လူသားရဲ့စိတ်မှာ စွဲထင်နေတဲ့ ပုံဖော်လိုက်တဲ့ပုံရိပ်တွေက ပါတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္တုတွေပေါ် သက်ရောက်မှု ရှိသွားစေတယ်။ စိတ်အာရုံမှာပုံဖော်လိုက်တာက မမမြရဲ့ ကိုယ်ပိုင်စွမ်းအင်တွေနဲ့ oat ရဲ့စွမ်းအင်တွေကို လှုပ်ရှားလာစေပြီး ရည်ရွယ်ချက်တစ်ခု ထည့်ပေးလိုက်တာဖြစ်တယ်။ နောက်ဆုံးအဆင့်မှာဆို မနက်စာအဖြစ် oatmeal ကိုစားလိုက်ခြင်းက အဆိုပါစွမ်းအင်တွေနဲ့ သူ့ကိုယ်နဲ့ ရောထွေးလိုက်တာဖြစ်ပါတယ်။

အောင်မြင်တဲ့အစားအသောက်မှော်ဖြစ်စေဖို့က စိတ်အာရုံမှာပုံဖော်ခြင်းနည်းက အဆင့်မြင်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းအတွက် သပ်သပ်ရေးထားတဲ့စာအုပ်တွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီနည်းမှာအခက်တွေ့နေရင် ဖတ်ကြည့်ကြည့်ပါ။

ဒါကအစားအသောက်မှော်ပညာပါပဲ။ ဒီမှာဆို အစားအသောက်ရွေးတာတွေပါမယ်။ ရည်ရွယ်ချက်တစ်ခုနဲ့ ပြင်ဆင်ချက်ပြုတ်ရမယ်။ စားသုံးရမယ်။ အသက်ရှင်ဖို့အတွက် စားသောက်နေရတာဖြစ်တာကြောင့် အာဟာရတစ်မျိုးတည်းအတွက် စားနေမယ့်အစား ပိုလုပ်လိုက်လို့ ဘာမှအပန်းမကြီးပါဘူး။

အစပိုင်းမှာပြောထားတဲ့ စာလေးကြောင်းကိုပြန်ကြည့်ကြည့်ပါဦး။ ဒီဥပမာမှာမြင်လိုက်ရတဲ့မှော်စွမ်းအင်တွေက သဘာဝလွန်တွေ ဟုတ်ရဲ့လား။ ဒါတွေက အစာရဲ့စွမ်းအင်တွေ ကိုယ့်ကိုယ်ထဲကစွမ်းအင်တွေ ပြောရရင် အသက်ရဲ့စွမ်းအင်တွေပါပဲ။

မှော်ပညာက ဆိုးယုတ်တယ်ဆိုတာလဲ မမှန်ပါဘူး။ တစ်ချို့ဘာသာရေးအကြောင်းပြချက်နဲ့ ဇွတ်ဆိုးယုတ်တယ် ပြောနေတဲ့သူတွေကိုတော့ ထားပါတော့။ ဒီလိုလူမျိုးတွေက လေ့ကျင့်ခန်းတွေ၊ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာကြည့်တာတွေ၊ ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်တာတွေနဲ့ တခြား ပုဂ္ဂလိကဆိုင်ရာ တိုးတက်ရေးတွေကိုလဲ ဒီလိုပဲ ပြောကြတာပဲ။ ဒီမှာဆို ဘယ်သူ့မှထိခိုက်တာလဲမပါပဲပေမယ့်လဲ ဘူးဆိုဘူးဆိုကြမှာမို့ အများကြီးမရှင်းတော့ဘူး။

မှော်ပညာကအန္တရာယ်များတယ်။ နေ့စဉ် ရေချိုးတာ လှေကားတက်တာလောက်တောင် မများပါဘူး။ ဒီအယူအဆက “မှော်ပညာက ဆိုးယုတ်တယ်” ဆိုတဲ့အယူအဆကနေ လာတာ။ မှော်ပညာမှာ နတ်ဆိုးစွမ်းအင်တွေမသုံးသလို ယစ်ဇ်ပူဇော်တာတွေ နတ်သက်ကြွေတမာန်တော်ကိုးကွယ်တာတွေ မလုပ်ပါဘူး။

မှော်ပညာဆိုတာ မျက်လှည့်ပါဆိုတာကလဲ မှားပါတယ်။ ဒီအယူအဆက မှော်ပညာမလေ့လာဖူးသူတွေဆီကလာတယ်။ ဒီလို အဆိုးမြင်ဝါဒီတွေကို မှော်ပညာကတကယ်ရှိကြောင်း သက်သေပြဖို့ခက်ပါတယ်။ ဘာလို့ဆိုတော့ မှော်ပညာက အဆိုးမြင်ဝါဒီတွေ ကောင်းကောင်းမလေ့လာကြတဲ့ စွမ်းအင်တွေကို အသုံးပြုတာမို့လေ။

နောက် မှော်ပညာဆိုတာ ဆန်းကျယ်တာတွေကို ဖြစ်စေတာမဟုတ်ဘူး။ လိုအပ်နေတဲ့ပြောင်းလဲမှုတွေကိုပဲ ဖန်တီးပေးတာ။ မယုံသူတွေကတော့ မှော်ပညာကြောင့်ဖြစ်လာတဲ့ အကျိုးရလဒ်တွေကို တိုက်ဆိုင်တာ၊ မတော်တဆဖြစ်တာ ဒါမှမဟုတ် စိတ်ပညာသပ်သပ်ပဲလို့ ပြောကြပါတယ်။ ဒါတွေက ရှင်းပြရတာခက်ပေမယ့် မှော်ပညာကတော့ တစ်ခါပြီးတစ်ခါ ကိုယ်လိုချင်တဲ့ရလဒ်တွေကို ဖန်တီးပေးနေမှာပါ။ ကိုယ့်ဘဝအရည်အသွေးကို တိုးတက်စေမယ့်နည်းတွေကို ရိုးရှင်းတဲ့အစီအရင်တွေမှာ ရှာတွေ့မယ်ဆိုရင် ဘယ်သူတွေဘာပြောပြော ဒါက မျက်လှည့်မဟုတ်တော့ဘူး။

ဒါတွေကိုသိနိုင်ဖို့နည်းလမ်းက တစ်နည်းတည်းရှိပါတယ်။ ကိုယ်တိုင်လိုက်စားကြည့်ပါ။ မှော်ပညာအလုပ်ဖြစ်ပါတယ်ဆိုတာကို မျက်ကန်းမယုံပါနဲ့။ စမ်းကြည့်ပါ။ ဒါဆို အလုပ်ဖြစ်ကြောင်းသိသွားပါလိမ့်မယ်။

ေမွာ္ပညာဆိုတာဘာလဲ
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top