Lifestyle

ေမာ္လၿမိဳင္မွ နာမည္ေက်ာ္ အစားအေသာက္မ်ား

ေမာ္လၿမိဳင္က အစားဆိုတဲ့ စကားပံုရွိတဲ့အတုိင္း ေမာ္လၿမိဳင္ၿမိဳ႕က အစားအေသာက္ေတြက ဘယ္ၿမိဳ႕နဲ႕မွ မတူေအာင္ ဆြဲေဆာင္ႏုိင္လြန္းပါတယ္။ စာဖတ္သူတို႔လည္း ေမာ္လၿမိဳင္ေရာက္တဲ့အခါ ဘာေတြ  ျမည္းစားသင့္သလဲ ဆိုတာသိရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

ေရစိမ္မုန္႔ဟင္းခါး

ေမာ္လၿမိဳင္ ေဒါင္းမင္းရပ္က မစံပါယ္ေရစိမ္မုန္႔ဟင္းခါး၊ အမွတ္ (၉) အ.ထ.က အေရွ႕က ေရစိမ္ မုန္႔ဟင္းခါးနဲ႕ ေမာင္ငံ ေရခဲစက္အေရွ႕က ေရစိမ္မုန္႔ဟင္းခါးဆုိင္ေတြကေတာ႕ နာမည္ႀကီးပါ။ မစံပယ္ဆိုင္က မနက္ပိုင္းဖြင့္ၿပီး မနက္ ၁၀နာရီေလာက္အထိ ရပါတယ္။ ေမာ္လၿမိဳင္ ေရစိမ္မုန္႔ဟင္းခါး၊ အုန္းနို႔ေခါက္ဆြဲ၊ အုန္းထမင္း၊ သၾကၤန္ထမင္း စသျဖင့္ရပါတယ္။ ေရခဲစက္ေရွ႕က ဆိုင္ကေတာ့ ညေနပိုင္း ၄နာရီကေန ၅ခြဲေလာက္အထိ ဖြင့္ပါတယ္။ မုန္႔ဟင္းခါးနဲ႕ အုန္းႏုိ႕ေခါက္ဆြဲ (၂)မ်ိဳးတည္းေရာင္းတာပါ။ အမွတ္ (၉) အ.ထ.ကေရွ႕က ဆိုင္ကေတာ့ မနက္ပိုင္း ၆ခြဲေလာက္ကေန ၉ခြဲေလာက္အထိရပါတယ္။ မုန္႔ဖတ္ကို ခ်က္ခ်င္းညွစ္ၿပီး ထည့္ေပးတာမို႔ အရမ္းစားေကာင္းပါတယ္။

  

ေရႊၿခံ ဖာလူဒါနဲ႕ ႏုိ႕မလိုင္

ေမာ္လၿမိဳင္ေရာက္တာနဲ႕ ေရႊၿခံဆုိင္ကိုေမးလိုက္ရင္ လူတုိင္းသိပါတယ္။ ဖြင့္လာတာ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ေနပါၿပီ။ ဖာလူဒါနဲ႕ ႏုိ႕မလုိင္က နာမည္အႀကီးဆံုးပါ။

ေကာ္ရည္ေခါက္ဆြဲ

ေတာင္ေပၚတန္း ဘံုေက်ာင္းေရွ႕က ဆိုင္ပါ။ ဖြင့္လာတာ ႏွစ္ေပါင္း ၃၀ေက်ာ္ေနပါၿပီ။ လက္လုပ္ေခါက္ဆြဲလည္း ရပါတယ္။

၀က္သားလိပ္

မရမ္းကုန္းရပ္က ဝက္သားလိပ္၊ ၀က္ေခါင္းသုပ္ဆိုရင္ မသိသူမရွိေလာက္ေအာင္ နာမည္ႀကီးပါတယ္။ သူလည္း သက္တမ္း ဆယ္ႏွစ္ေက်ာ္ေနပါၿပီ

ဘိန္းမုန္႔

ေမာ္လၿမိဳင္မွာ နာမည္အႀကီးဆံုးဘိန္းမုန္႔ဆိုင္ (၂) ဆိုင္ရွိပါတယ္။ က်ားတံတားဘိန္းမုန္႔နဲ႕ ဒိုက္၀န္းကြင္း ဘိန္းမုန္႔တို႔ျဖစ္ပါတယ္။ ရန္ကုန္ကေနေတာင္ တကူးတကမွာယူရတဲ့ နာမည္ႀကီးဆိုင္ေလးေတြပါ။

က်ိဳက္သုတ္ဘုရားနားက ၾကက္ကင္၊ ဝက္ကင္

ၿမိဳ႕လည္ေခါင္မွာရွိတဲ႕ က်ိဳက္သုတ္ဘုရားနားမွာ ေရာင္းခ်တဲ့ အကင္ဆိုင္ကေတာ့ အေတာ္စားေကာင္းၿပီး လူသိမ်ားပါတယ္။ ညေန ေျခာက္နာရီေလာက္စဖြင့္ၿပီး ခုနစ္နာရီေက်ာ္ရင္ ကုန္ပါၿပီ။

ညေစ်း

ေမာ္လၿမိဳင္ညေစ်းလို႔ေျပာလိုက္ရင္ ဆုိင္တန္းေတြ ရာခ်ီၿပီး ကမ္းနားလမ္းအလွကို ျမင္ေယာင္ၾကမွာပါ။ စားေသာက္ဆိုင္ေတြ ေပါလြန္းလို႔ ေမာ္လၿမိဳင္ေရာက္ခဲ့ရင္ တစ္ေခါက္ေလာက္ေတာ့ ညဘက္ ေရာက္ေအာင္ သြားသင့္ပါတယ္။

[ Unicode ]

မော်လမြိုင်က အစားဆိုတဲ့ စကားပုံရှိတဲ့အတိုင်း မော်လမြိုင်မြို့က အစားအသောက်တွေက ဘယ်မြို့နဲ့မှ မတူအောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ စာဖတ်သူတို့လည်း မော်လမြိုင်ရောက်တဲ့အခါ ဘာတွေ မြည်းစားသင့်သလဲ ဆိုတာသိရအောင် ဖော်ပြပေးလိုက်ပါတယ်။

ရေစိမ်မုန့်ဟင်းခါး

မော်လမြိုင် ဒေါင်းမင်းရပ်က မစံပါယ်ရေစိမ်မုန့်ဟင်းခါး၊ အမှတ် (၉) အ.ထ.က အရှေ့က ရေစိမ် မုန့်ဟင်းခါးနဲ့ မောင်ငံ ရေခဲစက်အရှေ့က ရေစိမ်မုန့်ဟင်းခါးဆိုင်တွေကတော့ နာမည်ကြီးပါ။ မစံပယ်ဆိုင်က မနက်ပိုင်းဖွင့်ပြီး မနက် ၁ဝနာရီလောက်အထိ ရပါတယ်။ မော်လမြိုင် ရေစိမ်မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အုန်းထမင်း၊ သင်္ကြန်ထမင်း စသဖြင့်ရပါတယ်။ ရေခဲစက်ရှေ့က ဆိုင်ကတော့ ညနေပိုင်း ၄နာရီကနေ ၅ခွဲလောက်အထိ ဖွင့်ပါတယ်။ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲ (၂)မျိုးတည်းရောင်းတာပါ။ အမှတ် (၉) အ.ထ.ကရှေ့က ဆိုင်ကတော့ မနက်ပိုင်း ၆ခွဲလောက်ကနေ ၉ခွဲလောက်အထိရပါတယ်။ မုန့်ဖတ်ကို ချက်ချင်းညှစ်ပြီး ထည့်ပေးတာမို့ အရမ်းစားကောင်းပါတယ်။

ရွှေခြံ ဖာလူဒါနဲ့ နို့မလိုင်

မော်လမြိုင်ရောက်တာနဲ့ ရွှေခြံဆိုင်ကိုမေးလိုက်ရင် လူတိုင်းသိပါတယ်။ ဖွင့်လာတာ ဆယ်စုနှစ် နှစ်ခုကျော်နေပါပြီ။ ဖာလူဒါနဲ့ နို့မလိုင်က နာမည်အကြီးဆုံးပါ။

ကော်ရည်ခေါက်ဆွဲ

တောင်ပေါ်တန်း ဘုံကျောင်းရှေ့က ဆိုင်ပါ။ ဖွင့်လာတာ နှစ်ပေါင်း ၃ဝကျော်နေပါပြီ။ လက်လုပ်ခေါက်ဆွဲလည်း ရပါတယ်။

ဝက်သားလိပ်

မရမ်းကုန်းရပ်က ဝက်သားလိပ်၊ ဝက်ခေါင်းသုပ်ဆိုရင် မသိသူမရှိလောက်အောင် နာမည်ကြီးပါတယ်။ သူလည်း သက်တမ်း ဆယ်နှစ်ကျော်နေပါပြီ

ဘိန်းမုန့်

မော်လမြိုင်မှာ နာမည်အကြီးဆုံးဘိန်းမုန့်ဆိုင် (၂) ဆိုင်ရှိပါတယ်။ ကျားတံတားဘိန်းမုန့်နဲ့ ဒိုက်ဝန်းကွင်း ဘိန်းမုန့်တို့ဖြစ်ပါတယ်။ ရန်ကုန်ကနေတောင် တကူးတကမှာယူရတဲ့ နာမည်ကြီးဆိုင်လေးတွေပါ။

ကျိုက်သုတ်ဘုရားနားက ကြက်ကင်၊ ဝက်ကင်

မြို့လည်ခေါင်မှာရှိတဲ့ ကျိုက်သုတ်ဘုရားနားမှာ ရောင်းချတဲ့ အကင်ဆိုင်ကတော့ အတော်စားကောင်းပြီး လူသိများပါတယ်။ ညနေ ခြောက်နာရီလောက်စဖွင့်ပြီး ခုနစ်နာရီကျော်ရင် ကုန်ပါပြီ။

ညစျေး

မော်လမြိုင်ညစျေးလို့ပြောလိုက်ရင် ဆိုင်တန်းတွေ ရာချီပြီး ကမ်းနားလမ်းအလှကို မြင်ယောင်ကြမှာပါ။ စားသောက်ဆိုင်တွေ ပေါလွန်းလို့ မော်လမြိုင်ရောက်ခဲ့ရင် တစ်ခေါက်လောက်တော့ ညဘက် ရောက်အောင် သွားသင့်ပါတယ်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top