Lifestyle
တောင်သူလယ်သမား ဟင်းဆိုတာ
လယ်ယာလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေအတွက် သီးသန့် သေသေချာချာ ချက်ပြုတ်စားသောက်နိုင်တာမျိုး မရှိတတ်ကြပါဘူး။ ဒါ့အပြင် ပြင်ပမှာ သွားရောက်ဝယ်ယူဖို့လည်း အဆင်မပြေဖြစ်တတ်တာကြောင့် လယ်ခင်းတွေမှာရှိတဲက အပင်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အဆင်ပြေသလို ရှာဖွေ ချက်ပြုတ်စားသောက်ရပါတယ်။ ဒါကြောင့် လယ်သမားတွေဘယ်လို ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အဟာရဖြစ်အောင် ချက်ပြုတ်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
လယ်ခင်းတွေမှာ များသောအားဖြင့် အလေ့ကျပေါက်လေ့ရှိတဲ့ ကန်စွန်း၊ မှိုု၊ ဆူးပုတ်၊ ဂေါ်ရခါး စတဲ့အရွက်တွေရှိတတ်ပါတယ်။ ဒါ့အပြင် အနီးအနားမှာ စိုက်ပျိုးထားတဲ့ ဘူး၊ ရွှေဖရုံတို့ပါရှိရင်တော့ တွဲဖက်ချက်လို့ ရပါသေးတယ်။ ချက်မဲ့ ဟင်းရွက်တွေကို ရေစင်စင်ဆေးပြီး အိုးတစ်လုံးထဲ အားလုံးရောထည့်ပါ။ကြက်သွန်ဖြူကို ဓါးပြားရိုက်ထည့်ပါ။ ဆီလေးနည်းနည်းထည့်ပါ။ ဆူလာရင်တော့ ထမင်းပူပူ၊ ငပိထောင်းစပ်စပ်ကလေးနဲ့ တွဲစားနိုင်တဲ့ လယ်သမားဟင်းလျာ လတ်လတ်ဆတ်ဆတ်လေး ရနိုင်ပါပြီ။
အခုလို ခံတွင်းမြိန်ပြီး အရသာလဲရှိ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲကဆိုင်တွေကနေ Order မှာစားလို့ရနေပြီဆိုတဲ့ အကြောင်းလေးကိုလဲ အစားတစ်လိုုင်း ပရိသတ်တွေသိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။
[Unicode]
အခုလို ခံတွင်းမြိန်ပြီး အရသာလဲရှိ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲကဆိုင်တွေကနေ Order မှာစားလို့ရနေပြီဆိုတဲ့ အကြောင်းလေးကိုလဲ  အစားတစ်လိုင်း ပရိသတ်တွေသိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top