Lifestyle

ဆေးပေါင်းခတဲ့ မဲဇလီဖူးသုတ် ဘယ်လို လုပ်ကြမလဲ

တန်ဆောင်တိုင်လည်းရောက်တော့မယ်ဆိုတော့ လပြည့်ညမှာ လုပ်စားဖို့ ဆေးဖက်ဝင်တဲ့ မဲဇလီဖူးသုတ် လုပ်ပုံလုပ်နည်းလေး ဖော်ပြပေးလိုက်ပါတယ်နော်။

 

မဲဇလီပင်ဟာ မြန်မာနိုင်ငံ  အနှံ့အပြားမှာ ပေါက်နိုင်တဲ့  ဆိုဒ်အလယ်အလတ်ရှိတဲ့ သဘာဝပေါက်ပင်တစ်မျိုး ဖြစ်ပါတယ်။ မဲဇလီပင်ရဲ့ အရွက်၊ အဖူးတွေဟာ  အနည်းငယ်ခါးတဲ့အရသာရှိပါတယ်။ မြန်မာနိုင်ငံ မှာ လူတွေ တော်တော်များများ ယုံကြည်ကြတာက မဲဇလီ ပင်ဟာ ဆေးဖက်ဝင်ပြီး စိတ်ဖိအားတွေ  ၊ အိပ်မပျော်တာတွေ၊ စိတ်မငြိမ်မသက်ဖြစ်တာတွေကိုလျှော့ချပေးနိုင်ပါတယ်တဲ့။ ရုက္ခဗေဒဆိုင်ရာအခေါ်အရ မဲဇလီပင်ရဲ့အမည်က Cassia Siamea (ကာစီးရား စမီးရား) ဖြစ်ပါတယ်။

 

မြန်မာလူမျိုးတွေက  မဲဇလီအရွက်နဲ့ အပွင့်၊အဖူးတွေကို ဟင်းချက်လေ့ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ မဲဇလီဖူးသုတ်ပါ။

 

ပါဝင်ပစ္စည်းများ (တစ်ယောက်စာ)

မဲဇလီဖူး အနည်းငယ်ခန့် (အနေတော်  ၈ခက်ခန့်)

ကြက်သွန်နီအသေး ခြောက်လုံးခန့်

ကြက်သွန်ဖြူကို ဆီသတ်ထားတဲ့ဆီ ၃ဇွန်းခန့် (ကြက်သွန်ဖြူအဖတ်ကလေးတွေပါ ထည့်ရန်)

ကုလားပဲခြမ်းမှုန့် ဇွန်းတစ်ဝက်ခန့်

သံပုရာရည် ၂ဇွန်းခန့်

ပုဇွန်ခြောက်မှုန့် ၂ဇွန်းခန့်

ငါးငံပြာရည် ၂ဇွန်း

နှမ်းလှော် ၂ဇွန်းခန့်

ပြုလုပ်ပုံအဆင့်ဆင့်

မဲဇလီဖူးကို ရေနွေးဖြင့် ငါးမိနစ်ခန့် ပြုတ်ပါ။ ပြီးရင်ရေစစ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။

ကြက်သွန်နီကို ပါးပါးလေးတွေလှီးပြီး ရေဆေး၊ ရေစစ်ထားပါ။

ကြက်သွန်ဖြူကို အဝိုင်းလေးတွေလှီးပြီး အသင့်ကြော်ထားပါ။

ပြီးရင်တော့ ဇလုံတစ်ခုထဲမှာ ခုနက ထောင်းထားတဲ့ မဲဇလီဖူးတွေရယ်၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်မှုန့် ၊ ပဲမှုန့်၊ ငံပြာရည်၊ သံပုရာရည်၊ ကြက်သွန်နီ ဆီသပ်ထားတာတွေကို တစ်ခါတည်းရောနယ်ပြီး နှမ်းဖြူးပေးပါ ။ (နှမ်းကို ရောနှယ်လို့လည်းရပါတယ်) အရသာ အငံ၊ အပေါ့အတွက်ကတော့ လိုသလို ပြင်ဆင်လို့  ရပါတယ်။ မဲဇလီဖူး သုပ်လေးကို နေ့လည်နေ့ခင်း ရေနွေးပူပူလေးနဲ့ သုံးဆောင်နိုင်သလို ရိုးရာအရ တန်ဆောင်တိုင် လပြည့်ည မှာလည်း သုံးဆောင်နိုင်ပါသေးတယ်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top