Lifestyle

ဆောင်းရာသီအတွက် Home made ပန်းဖူး ဟင်းချိုတစ်ခွက်

ရန်ကုန်ဆောင်းဟာ ထင်သလောက်တော့ မအေးပါဘူး။ ဒီတော့ ဈေးတွေမှာ လွယ်လွယ်ကူကူရနိုင်တဲ့ လပ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဆောင်းရာသီတွင်းက နွေရာသီပန်းဖူးဟင်းချိုလေးကို ဘယ်လိုဖန်တီးကြမလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။ အခု အိမ်ချက် ပန်းဖူးဟင်းချိုလေးကတော့ အီတလီစတိုင် ခရမ်းချဉ်သီးအနှစ်ကလေးတွေနဲ့ ချက်ရမှာပါနော်။

ပါဝင်ပစ္စည်းတွေကတော့

အနေတော် ပန်းဖူးနှစ်ပွင့်

ခရမ်းချဉ်သီး အနေတော် သုံးလေးလုံးခန့်

တရုတ်နံနံ ၁၀ပင်ခန့်

ပဲသီးစိမ်းတစ်ဗူးခန့်

မုန်ညှင်းစေ့ ၂ဇွန်းခန့်

စမုံနက်စေ့ ၂ဇွန်းခန့်

သံလွင်ဆီ လက်ဖက်ရည်ဇွန်းနှင့်တစ်ဇွန်း

ဆားဓါတ်မပါတဲ့ (Massel)အနှစ် လေးဇွန်းခန့် (Supermarket တွေမှာ Ready made ဗူးတွေ ရနိုင်ပါတယ်။ အသားအရသာအစုံရှိပါတယ်) ၊ ဟင်းရွက်အမှုန့် အနည်းငယ်ကို ရေ ၂လီတာဖြင့် ရောရန်

     

 

ပြုလုပ်ပုံအဆင့်ဆင့်

ပန်းဖူးလေးတွေကို ရေဆေးပြီးခပ်ကြီးကြီးစိတ်ထားပါ။ သံလွင်ဆီ ၂ဇွန်းကို ဟင်းချက်အိုးအကြီး (ဟင်းချိုအိုး) ထဲထည့်ပြီး မုန်ညှင်းစေ့နဲ့ စမုံနက်စေ့တို့ထည့်ပါ။ ခဏကြာရင် ပန်းဖူးကို ဟင်းရွက်အမှုန်အရည်ဖျော်ထားတာနဲ့ ရောထည့်ပါ။ ခဏပြုတ်ထားပါ။

 

မိနစ် ၃၀ခန့်အကြာမှာတော့ ဟင်းချိုက အနည်းငယ်ပြစ်လာပါပြီ။ တရုတ်နံနံကို အသေးလေးတွေ လှီးထားပါ။ ခရမ်းချဉ်သီးကို ခပ်ထူထူ လှီးထားပါ။

 

အကြော်ဒယ်အိုးမှာ သံလွင်ဆီထည့်ပါ။ တရုတ်နံနံကို ဆီနည်းနည်းနဲ့ လှိမ့်ထားပါ။ ထို့နောက် လှီးထားတဲ့ ခရမ်းချဉ်သီးကိုထည့်ပါ။ (ခရမ်းချဉ်သီးကထွက်တဲ့ အရည်တွေပါ တစ်ပါတည်းထည့်ပါ) ဆူပွက်လာတဲ့အထိ ကြော်ပေးရပါမယ်။ ငါးမိနစ်ခန့်ကြာတဲ့အခါမှာတော့ အပူလျှော့ချပြီး ခနနှပ်ထားပါ။ ပဲစေ့တွေကို ဆေးကြော သန့်စင်ထားပြီး ဘေးမှာ အသင့်ထား ထားပါ။

 


ထို့နောက် ခရမ်းချဉ်သီးနဲ့ တရုတ်နံနံရောချက်ထားတာကို ပန်းဖူးပြုတ်ထားတဲ့အိုးထဲထည့်ပြီး ဆယ်မိနစ်ခန့် ချက်ပေးပါ။ အိုးနှုတ်ခမ်းတွေမှာ မတူးကပ်သွားရအောင် သတိထားရပါတယ်။ နောက်ဆုံးမှာတော့ ပဲစေ့တွေကို အိုးထဲထည့်ပြီး နောက်ထပ် ဆယ်မိနစ်ခန့် ချက်ပေးရပါမယ်။

 

တည်ခင်းသုံးဆောင်တဲ့အခါ ဟင်းချိုကို ချိစ့်၊ ဆားနဲ့ ငရုတ်ကောင်းတို့ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ ပေါင်မုန့်မီးကင် ဒါမှမဟုတ် ကြက်သွန်ဖြူပေါင်မုန့်နဲ့လည်း အလိုက်ဖက်ဆုံးဖြစ်ပါသေးတယ်။

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top