Lifestyle

ေဆာင္းရာသီနဲ႕ လုိက္ဖက္တဲ့ Home made ရွဴးရွဲ ကြတ္တီယိုျပဳတ္ပူပူေလး ဘယ္လိုဖန္တိီးၾကမလဲ

ဒီတစ်ခေါက်အလှည့်ကျတာကတော့ အလွယ်ကူဆုံးအိမ်မှာ ချက်ပြုတ်နိုင်မဲ့ထိုင်းစတိုင် ကွတ်တီယို ရှူးရှဲပြုတ်လေးပါ။ အိမ်မှာ ၁၅မိနစ်လောက်အချိန်ပေးလိုက်တာနဲ့ အကောင်းဆုံး ကွတ်တီယိုပြုတ်တစ်ပွဲကို ဖန်တီးနိုင်မှာပါနော်။

သင်က အာရှစတိုင်ခေါက်ဆွဲတွေကို နှစ်သက်သူဆိုရင်တော့ ထိုင်းစတိုင် ကွတ်တီယိုပြုတ်လေးနဲ့ စတင်သင်ယူဖို့က အသင့်တော်ဆုံးပါပဲ။ ချက်ရတာလွယ်ကူရိုးရှင်းပြီး ကောင်းမွန်တဲ့အရသာကိုပေးစွမ်း နိုင်မှာပါ။

ပုံမှန် ကွတ်တီယိုပြုတ်တွေမှာတော့ ငရုတ်သီးအနှစ်ရဲ့ အပူအစပ်နှုန်းကို အုန်းနို့်ထည့်ပြီး ထိန်းလေ့ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာရတဲ့ ကွတ်တီယိုဆိုင်တွေမှာတာ့ ထည့်လေ့သိပ်မရှိပါဘူး။ နောက်ဆုံးမှာ ထည့်ထားတဲ့ သံပုရာသီးအချဉ်ကတော့ ဟင်းရည်ရဲ့ ခံတွင်းရွှင်မှုကို ထိန်းညှိပေးနိုင်မှာပါ။

ပြုလုပ်ပုံအဆင့်ဆင့်
(၁) အခြေခံ ထည့်ရမဲ့ ဟင်းအရသာအတွက် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးအနီအနှစ်တို့ကို ဆီနည်းနည်းထည့်ထားတဲ့ အိုးထဲမှာ ထည့်ပြီးအပူပေးရပါမယ်။ (အချို၊ အငန်အတွက် ဆား၊ သကြားစသဖြင့် ထည့်ပါ)

(၂) ဒုတိယအဆင့် ဟင်းရည်တွေကို ထည့်သွင်းရပါမယ်။ ကြက်ပြုတ်ရည်ကို အုန်းနို့နဲ့ ရေနည်းနည်းရောထားတာကို ထည့်ပြီး ဆူအောင်ချက်ရပါတယ်။

(၃) ကွတ်တီယိုအဖတ်ကို ရေနွေးဆူဆူထဲမှာ ခဏလောက်ပြုတ်ပြီး ထားထားပါ။

(၄) နောက်ဆုံးအဆင့်မှာတော့ ဟင်းရည် ခေါက်ဆွဲအကုန်ရောထားတဲ့အထဲကို သံပုရာရည်ထည့်ပြီး ဟင်းပွဲပြင်ဆင်ကာ စားသောက်လို့ရပါပြီ။

ကွတ်တီယိုပြုတ်ထဲမှာ ပုစွန်၊ တိုဟူး၊ ကြက်သားဖတ် စသဖြင့် အဟာရရှိအောင် ဖြည့်စွက် ထည့်သွင်းစားသုံးလို့လည်း ရပါသေးတယ်နော်။

 

 

 

 

[Unicode]

ဒီတစ္ေခါက္အလွည့္က်တာကေတာ့ အလြယ္ကူဆံုးအိမ္မွာ ခ်က္ျပဳတ္ႏုိင္မဲ့ထုိင္းစတိုင္ ကြတ္တီယို ရွဴးရွဲျပဳတ္ေလးပါ။ အိမ္မွာ ၁၅မိနစ္ေလာက္အခ်ိန္ေပးလိုက္တာနဲ႕ အေကာင္းဆံုး ကြတ္တီယိုျပဳတ္တစ္ပြဲကို ဖန္တီးႏုိင္မွာပါေနာ္။

သင္က အာရွစတုိင္ေခါက္ဆြဲေတြကို ႏွစ္သက္သူဆိုရင္ေတာ့ ထုိင္းစတုိင္ ကြတ္တီယိုျပဳတ္ေလးနဲ႕ စတင္သင္ယူဖို႔က အသင့္ေတာ္ဆံုးပါပဲ။ ခ်က္ရတာလြယ္ကူရိုးရွင္းၿပီး ေကာင္းမြန္တဲ့အရသာကိုေပးစြမ္း ႏုိင္မွာပါ။

ပံုမွန္ ကြတ္တီယိုျပဳတ္ေတြမွာေတာ့ ငရုတ္သီးအႏွစ္ရဲ႕ အပူအစပ္ႏႈန္းကို အုန္းႏုိ္႕ထည့္ၿပီး ထိန္းေလ့ရွိပါတယ္။ ဒါေပမဲ့ ျမန္မာျပည္မွာရတဲ့ ကြတ္တီယိုဆိုင္ေတြမွာတာ့ ထည့္ေလ့သိပ္မရွိပါဘူး။ ေနာက္ဆံုးမွာ ထည့္ထားတဲ့ သံပုရာသီးအခ်ဥ္ကေတာ့ ဟင္းရည္ရဲ႕ ခံတြင္းရႊင္မႈကို ထိန္းညွိေပးႏုိင္မွာပါ။

ျပဳလုပ္ပံုအဆင့္ဆင့္

(၁) အေျခခံ ထည့္ရမဲ့ ဟင္းအရသာအတြက္ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ငရုတ္သီးအနီအႏွစ္တို႔ကို  ဆီနည္းနည္းထည့္ထားတဲ့ အိုးထဲမွာ ထည့္ၿပီးအပူေပးရပါမယ္။ (အခ်ိဳ၊ အငန္အတြက္ ဆား၊ သၾကားစသျဖင့္ ထည့္ပါ)

 

(၂) ဒုတိယအဆင့္ ဟင္းရည္ေတြကို ထည့္သြင္းရပါမယ္။ ၾကက္ျပဳတ္ရည္ကို အုန္းနို႕နဲ႕  ေရနည္းနည္းေရာထားတာကို ထည့္ၿပီးဆူေအာင္ခ်က္ရပါတယ္။

(၃) ကြတ္တီယိုအဖတ္ကို ေရေႏြးဆူဆူထဲမွာ ခဏေလာက္ျပဳတ္ၿပီး ထားထားပါ။

(၄) ေနာက္ဆံုးအဆင့္မွာေတာ့ ဟင္းရည္ ေခါက္ဆြဲအကုန္ေရာထားတဲ့အထဲကို သံပုရာရည္ထည့္ၿပီး ဟင္းပြဲျပင္ဆင္ကာ စားေသာက္လို႕ရပါၿပီ။


ကြတ္တီယိုျပဳတ္ထဲမွာ ပုစြန္၊ တိုဟူး၊ ၾကက္သားဖတ္ စသျဖင့္ အဟာရရွိေအာင္ ျဖည့္စြက္ ထည့္သြင္းစားသံုးလို႔လည္း ရပါေသးတယ္ေနာ္။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top