Lifestyle

ဆောင်းရာသီတွင်း မြည်းစမ်းသင့်တဲ့ ရာသီပေါ်သီးနှံတွေ

အခုဆိုရင် နိုဝင်ဘာလထဲကို ရောက်နေပြီဖြစ်တာကြောင့် ဆောင်းရာသီစဝင်လာပြီလို့ ပြောလို့ရပါတယ်။ ဆောင်းရာသီရဲ့ အေးတဲ့အငွေ့အသက်လေးတွေနဲ့အတူ ရာသီပေါ်သီးနှံတွေကို မြည်းစမ်းသင့်သလဲ၊ စားလို့ရနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ကျွဲကောသီး

ကျွဲကောသီးကတော့ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါတယ်။ အသီးအနှံကြီးအမျိုးအစားဖြစ်ပြီး အတွင်းက ဝါဖန့်ဖန့် အမျှင်ထူထူတွေက သင့်ကို လန်းဆန်းတက်ကြွတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်မှာပါ။ မြန်မာနိုင်ငံမှာက ကျွဲကောသီးနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ပျားရည်မျိုးဖြစ်ပြီး ချိုပေါ့ပေါ့ အရသာရှိပါတယ်။ နောက်တစ်မျိုးကတော့ အချဉ်ကဲ၊ အချိုကဲ အမျိုးအစားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျွဲကောသီးကို သကြားနဲ့ရောပြီး စားလေ့ရှိသလို အရည်ဖျော်သောက်လေံလည်းရှိပါသေးတယ်။ ဒါ့အပြင် အသီးအရွက်အသုတ်အနေနဲ့ ငရုတ်သီး၊ ငံပြာရည်၊ မြေပဲစတဲ့ပါဝင်ပစ္စည်းတွေနဲ့ ရောသုတ်စားလေ့ရှိပါတယ်။ ကျွဲကောသီးမှာ ဗီတာမင်ဓါတ်ကြွယ်ဝစွာပါလို့ အဖျားသက်သာစေခြင်း၊ ရောဂါကာကွယ်နိုင်စေခြင်း၊ ၀ိတ်ကျခြင်း အစာခြေဖျက်ရလွယ်ကူစေခြင်း စတဲ့ အကျိုးတွေလည်း ရနိုင်မှာပါ။

ထောပတ်သီး

အေးတဲ့ရာသီမှာ နောက်ထပ် ရနိုင်တဲ့ ရာသီပေါ်သစ်သီးကတော့ ထောပတ်သီးပါ။ အောက်တိုဘာလကနေ ဖေဖော်ဝါရီလလောက်အထိရနိုင်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့ ဈေးတွေ၊ စူပါမားကတ်တွေမှာ ရနိုင်ပါတယ်။ ထောပတ်သီးကို နိုင်ငံရပ်ခြားက လာသူတွေကတော့ သစ်သီးသုပ်နဲ့ ဟင်းချက်စရာအဖြစ်သုံးပေမဲ့ မြန်မာတွေကတော့ ဖျော်ရည်သောက်စရာအနေနဲ့သာ စားကြပါတယ်။ ထောပတ်သီးကို သကြား၊ နို့်တို့နဲ့ ရောကြိတ်ပြီး ထောပတ်သီးဖျော်ရည်ပြုလုပ်သောက်သုံးကြတာ များပါတယ်။ တစ်ခါတစ်ရံမှာ သကြာညိုနဲ့ရောပြီး ဟင်းနဲ့တွဲဖွက်စားသုံးစရာအဖြစ် ရေခဲနဲ့ကြိတ်ချေရောထားပြီးလည်း စားကြပါသေးတယ်။

(၃) သြဇာသီး

မြန်မာပြည်ရဲ့ ဆောင်းရာသီမှာ သြဇာသီးတွေကိုလည်း မြည်းစမ်းသင့်ပါသေးတယ်။ အဖုအထစ်တွေနဲ့ အမြင် မလှတဲ့ အဲ့ဒီအသီးက အစာအဟာရနဲ့ အရသာကတော့ သူမတူအောင်ကောင်းပါတယ်။ အစိမ်းဖျော့ဖေျာ့အရောင်ရှိတတ်ပြီး ခြံနဲ့စိုက်ပျိုးရပါတယ်။ သစ်သီးသီးပြီး ၅ရက်ကနေ ၇ရက်အကြာမှာ ခူးယူစားသုံးလို့ ရပါပြီ။ အတွင်းမှာ အညိုရင့်ရောင်အစေ့တွေရှိတတ်ပြီး ခရင်လို အသားတွေ ရှိပါသေးတယ်။ ဒါ့အပြင် ဗီတာမင် အေနဲ့ စီတို့ ပြည့်ဝစွာပါဝင်လို့ ကျန်းမာရေးကိုကောင်းစေပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ အန်နာဂျီတွေကို ဖြည့်စွက်ပေးပါတယ်။ အမျှင်ဓါတ်လည်း ပြည့်ဝတဲ့ ရာသီပေါ် သီးနှံတစ်မျိုးဖြစ်လို့ မဖြစ်မနေ စားသင့်ပါတယ်။

(၄) စတော်ဘယ်ရီ

စတော်ဘယ်ရီသီးကတော့ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီတစ်ခုထဲမှာသာ ရနိုင်တဲ့ အသီးဖြစ်ပါတယ်။ ပြင်ဦးလွင်၊ ပုပ္ပါးနဲ့ ရှမ်းပြည်နယ်တို့ဘက်ကနေ ထွက်တာဖြစ်ပြီးတော့ အမြင့်ပေများပြီးအေးတဲ့ ဒေသတွေမှာပဲ စိုက်လို့ရပါတယ်။ ပြင်ဦးလွင်မှာရှိတဲ့အချို့ခြံတွေမှာဆို စတော်ဘယ်ရီးသီးကို ကိုယ်တိုင်တောင် ခူးယူလို့ ရပါသေးတယ်တဲ့။ ဘယ်ရီသီးတွေကို ဖျော်ရည်လုပ်သောက်တာ၊ ဝိုင်ဖောက်သောက်တာတွေ အများဆုံး လုပ်ကြလေ့ ရှိပါတယ်။ အချို့ကတော့ စတော်ဘယ်ရီယိုထိုးလေ့ရှိပါတယ်။ မြန်မာနိုင်ငံက စတော်ဘယ်ရီ တွေဟာ တစ်နှစ်ပတ်လုံးမှာ အရသာအရှိဆုံးအသီးတွေဖြစ်တယ်လို့ တင်စားပြောကြပါသေးတယ်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top