စားသောက်နေထိုင်နည်း

ဆောင်းတွင်းမှာ ရှားစောင်းလက်ပတ်ကို တကယ်သုံးသင့်ရဲ့လား။

aloe vera juice

အခုလိုဆောင်းရာသီမှာ ဆောင်းလေအေးလေးတွေကြောင့် အသားပတ်ပြီး ကွဲနေတဲ့သူတွေ ရှိမလားနော်။ အသားပတ်ရင် မိတ်ကပ်လိမ်းရတာ အဆင်မပြေသလို နေရလည်းခက်တယ်လေ။ ဘယ်လောက်ပဲရာသီဥတုအေးအေး အသားရည်လေးကြည်လင် စိုပြေနေစေဖို့အတွက် သဘာဝ နည်းလမ်းကောင်းလေး ရှိပါတယ်။ ဒါကတော့ ရှားစောင်းလက်ပတ်ကို အသုံးပြုတာပဲ ဖြစ်ပါတယ်။

AloeVera
ရှားစောင်းလတ်ပတ်မှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဘာတွေလဲဆိုတော့ အသားရည်ကို စိုပြေစေတယ်။ လေထိုးလေအောင့်နဲ့ ဝမ်းချုပ်တာတွေကို သက်သာစေတယ်။

ကိုယ့်အသားရည်တွေက အက်ကွဲပြီး ခြောက်ကပ်နေတယ်လို့ ခံစားရပါလား။ ရှားစောင်းလက်ပတ်နဲ့ ဖျော်ထားတဲ့ ရှားစောင်းဖျော်ရည်လေးကို တစ်နေ့ တစ်ခွက် သောက်လိုက်ပါ။

ရှားစောင်း ဖျော်ရည်လေးကို ဘယ်လို လုပ်သောက်ရမလဲဆိုတော့…

AloeVera
ရှားစောင်းလက်ပတ် ရဲ့ ဂျယ်လီလိုဖြစ်နေတဲ့ အသားတုန်တုန်ကလေးတွေကို ဇွန်းလေးနဲ့ ခြစ်ပြီး သံပုရာရည် အနည်းငယ်၊ သကြားအနည်းငယ်ထည့်ပြီး ဖျော်သောက်ရုံပါပဲ။ ဆောင်းတွင်းမှာ ဒီရှားစောင်းဖျော်ရည်လေး ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ကြည်လင်းတောက်ပတဲ့ အသားရည်လေးကို ရရှိစေမှာပါ။

နောက်ထပ်တစ်နည်း ရှိသေးတယ်။ ဒါက ဖျော်ရည်တော့ မဟုတ်ဘူး။ ရှားစောင်းလက်ပတ်ယို လို့ခေါ်နေကျတဲ့ ချက်ဆေးကို ယိုထိုးစားတာပါ။ ဘယ်လို ထိုးစားရမှာလဲဆိုတော့ ထန်းလျက် ၊ မန်ကျည်းသီးအမှည့်၊ စမုံမျိုး (၅) ပါးကို ရှားစောင်းလက်ပတ်နဲ့ ရော ကြိုလိုက်ရုံပါပဲ

လုပ်နည်းလေးကတော့…..

သန့်စင်ထားတဲ့ ရှားစောင်းလတ်ပတ်ကို ပါးပါးလှီးပါ။ ပြီးရင်တော့ ထန်းလျက်ကိုကြိုပါ။ ရေစိမ်ထားတဲ့ မန်ကျည်းသီးကို စစ်ပြီး ခွက်ထဲထည့်ပါ။ ပြီးရင်အဲဒီ(၃)မျိုးကို ဒန်အိုးသန့်သန့်ထဲပေါင်းထည့်ပြီး ကြိုလို့ရပါပြီ။ ကြိုနေရင်းနည်းနည်းပြစ်လာပြီဆိုရင်တော့ ဆက်တိုက်မွှေပေးရပါမယ်။ ထန်းလျက်ပါတာကြောင့် မီးတူးတတ်တယ်လေ။ ရေတွေခန်းသွားခါနီးမှာ တော့ ဆားသင့်တော်ယုံ လောက်ထည့်ပြီးမွှေပေးရပါတယ်။ ပြီးရင်တော့ အအေးခံပြီး ပုလင်းထဲကိုထည့်ပြီး ကိုယ်စားချင်တဲ့ အချိန်စားလို့ရပါပြီ။

ရှားစောင်းလတ်ပတ်ရဲ့ သုံနည်းနဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေကို သိပြီးပြီဆိုတော့ ဆောင်းတွင်းအေးအေးလေးမှာ အသားပတ်တာတွေ မဖြစ်အောင် ရှားစောင်းလတ်ပတ်လေးကိုသာဆောင်ထားလိုက်တော့နော်။

 

 

 

 

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top