သုံးသပ်ချက်များ

ကျေးလက်ရိုးရာ ထမင်းစားဝိုင်း လွမ်းနေသူတွေအတွက် ဘူးသီး တောဓလေ့ထမင်းဆိုင်


ကျေးလက်အစားအစာလေးတွေက သဘာဝက ရတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့လတ်ဆတ်တဲ့ အသားငါးတွေကို အသုံးပြုပြီးချက်ထားတာကြောင့် တကယ်ကို နှုတ်မြိန်စေပါတယ်။

ဘူးသီး တောဓလေ့ထမင်းဆိုင်
ဒီလို ကျန်းမာရေးနဲ့လည်း ညီညွှတ်၊ စားလို့လည်းကောင်းတဲ့ ကျေးလက်ထမင်းဝိုင်းလေးအတိုင်း စားချင်တယ်သူတွေအတွက် ဘူးသီးတော့ဓလေ့ ထမင်းဆိုင်လေးကိုမကြာခင် ဘိုကလေး စျေးလမ်းမှာ ဖွင့်တော့မှာတဲ့။ ဒီဆိုင်လေးက နိုင်ငံခြားအသိမိတ်ဆွေတွေကို ကိုယ့်နိုင်ငံရဲ့ အစားအသောက်တွေအကြောင်းကြွားမယ်ဆို ခေါ်လာလို့ကောင်းတယ်တဲ့ ဆိုင်လေးပါ။

ဘူးသီး တောဓလေ့ထမင်းဆိုင်

ဟိုးရက်တွေက Rangoon Tea House မှာ ကိုယ်တွေကို ဘူးသီးမှာ ရနိုင်မယ့် မီနူးလေးတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ကျွေးတဲ့ ဟင်းတွေကတော့ တကယ်ကို အများကြီးပါ။ ဟင်းတွေရဲ့ အရသာပိုင်းကတော့ တောဓလေ့ဆန်ဆန်လေးချက်ထားတာဆိုတော့ အရမ်းစားကောင်းလွန်းလို့ ကိုယ်ဆို ၂ ပန်းကန်လောက် အသာလေး ဆွဲနိုင်ခဲ့တယ်။ ကောင်းဆို ဒီဆိုင်လေးမှာ ရောင်းချမယ့် ဟင်းတွေအတွက် တစ်နှစ်နီးပါး အချိန်ယူပြီး တောဓလေ့ရိုးရာ အစားအစာ တွေကို လေ့လာခဲ့တယ်ဆိုပဲ။

စားခဲ့တဲ့ ဟင်းလေးတွေနဲ့ မမိတ်ဆက်ပေးခင် အဲနေ့ကစားခဲ့တဲ့ ပဲထမင်းလေးကို အခုရေးရင်းလွမ်းမိလာတယ်။ ပဲထမင်းဆိုတာများမွှေးမွှေးလေးနဲ့ အိအိလေးရယ်။

ပုစွန်ထုပ်ဆီပြန်

ဟင်းတွေအနေနဲ့ မွှေးမွှေးလေးနဲ့ စားကောင်းတဲ့ ပုစွန်ထုပ်ဆီပြန်

အမဲလျာဆီပြန်၊
တစ်ထုတ်ထုတ်နဲ့ လျာပေါ်မှာ စားပြီးရင်း စားချင်တဲ့ အမဲလျာဆီပြန်၊

 ဝက်သရက်လက်ဖက်၊
လုံးဝမအီတဲ့ ဝက်သရက်လက်ဖက်၊

ငါးမြွှေထိုးမကျီးမှည့်ချက်
ချဉ်ချဉ်မွှေးမွှေးလေးနဲ့ စားကောင်းတဲ့ ငါးမြွှေထိုးမကျီးမှည့်ချက်

ရွှေတောင်ကြက်ကြော်ချိုချိုလေး
ရွှေတောင်ကြက်ကြော်ချိုချိုလေး

 အသုပ်

အသုပ်အနေနဲ့ သရက်သီးသုပ်၊ ဆေးမြင်းခွာရွက်သုပ် တွေပါဝင်ပြီး အရံဟင်းအနေနဲ့

 ပြောင်းဖူးကြော်
ပြောင်းဖူးကြော်၊ ကင်းမွန်သီးကြော်


ဘူးသီးခပေါင်းကြော်အပြင်


ရွှေတောင်ညိုကြက်ဥကြော်ဆိုတဲ့ သဘာဝကြက်ဥကို ကြော်ထားပေးသေးတယ်ဗျာ။

ငပိရည်တို့စရာ

ငပိရည်တို့စရာဆိုတာလည်း ဒညင်းသီးကအစ အစုံပါတယ်။

နောက်ထပ်သဘောကျမိတာကတော့ ကျေးလက်မှာပဲ မြင်နိုင်တဲ့ ရေနွေးကြမ်းအိုးနဲ့ ထမင်းပန်းကန်၊ ဟင်းပန်းကန်လေးတွေနဲ့ ထည့်ပေးထားတာကိုပါ။

ရွှေအစစ်နဲ့လေး ဖြူးထားတဲ့ ထန်းသီးမုန့်လေးကို သိပ်ကြွေတာပဲ။ မုန့်အရသာလေးကလည်း သဘာဝ ထန်းသီးရဲ့ အချိုဓါတ်နဲ့ ပဲ လုပ်ထားတော့ ချိုချိုလေးနဲ့ စားကောင်းတယ်။

ဘူးသီးတောဓလေ့ဆိုင်လေး ဖွင့်ရင်တော့ ကိုယ်တော့ ထပ်သွားစားဦးမယ်။ မြန်မာထမင်းဟင်းကြိုက်တဲ့ Foodie တွေလည်း ဒီဆိုင်လေးကို တစ်ခေါက်လောက် သွားကြည့်ပါဦးနော်။

သွားမယ်၊ စားမယ်ဆိုဒိုးမယ် ->>>www.doemal.com/getdoemal

 

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top