ချက်ပြုတ်နည်းများ

ကော်ဖီမဟုတ်တဲ့ စပါကလင်ကော်ဖီ

ကော်ဖီမဟုတ်တဲ့ ကော်ဖီဆိုတော့ အံသြသွားလား ? အိမ်မှာနေရင်း အသစ်အဆန်းလေးတွေ လုပ်စားကြည့်ချင်သူတွေ ဒိုးမယ် ပရိသတ်ကြီးထဲမှာ ပါမယ် ထင်တယ်လေနော်
ကဲ ဒီတော့ သူတို့ အတွက် စပါကလင်ကော်ဖီဆိုတဲ့ cocktail လိုမျိုး ဖျော်ရတဲ့ ကော်ဖီဖျော်နည်းလေး ပြောပြမယ်နော်

သတိ – အယ်ကိုဟော မပါဝင်ပါ ကော့တေးလည်း မဟုတ်ပါ

ပြင်ဆင်ချိန် ၃မိနစ်

ပါဝင် ပစ္စည်းများ

ကော်ဖီမှုန့် (ကြိုက်နှစ်သက်ရာ မည့်သည်အမျိုးအစား မဆို)
sparkling water ( recommended plain sparkling water)

ဖျော်နည်း

ကော့တေး ဖျော်တဲ့ ဘူး ကော်ဖီမှုန့်ထဲ ပြီးရင် ရေနွေးလေး အနည်းထည့်ပြီး ဘူးလေးကို shake ရှိုတ်လုပ်ပြီး ကော်ဖီကို စဖျော်ပါမယ်

ဒုတိယဆင့် အနေနဲ့ ကော့တေး ဖျော်တဲ့ ဘူးထဲ sparkling water အနေတော် လောင်းထည့်ပေးပါ ပြီးရင် ထပ်ရှိုတ်ပါ

နောက်ဆုံး အဆင့်အနေနဲ့ ကော့တေးဘူးထဲက ကော်ဖီကို စကာလေးနဲ့ ကော်ဖီမှုန့်တွေ မပါအောင် စစ်ထုတ်လိုက်ပါ

ရေခဲလေး ထည့်ပြီး စူးရှရှ စပါကလင် ကော်ဖီ အဆန်းလေးသောင်လို့ရပါပြီး။

Notes

ကော်ဖီခါးခါး မကြိုက်သူများ နို့မှုန် creamy တို့ ထည့်နိုင်ပါသည်။

ရေနွေးနဲ့ sparkling water အချိုးအစား က 1:2 ဖြစ်ဖို့လိုမယ်နော် ရေနွေး ၁ ဆ စပါကလင်ရေ ၂ဆနော်

ဒီမှာ စပါကလင် water ရှာဝယ်လို့ မရရင် soda လေးကို အစားထိုး အသုံးပြုနိုင်တယ်နော်

ကိုယ်ဆီမှာ ကော့တေးဖျော်တဲ့ shaker ဘူးလေး မရှိလည်းရတယ် တခြား ကော်ဖီထည့် ရှိုတ်လို့ရတဲ့ ဘူးလေးဆိုလည်း အဆင်ပြေလေနော်

ကဲ…… ဒီတော့ ဒိုးမယ်ရဲ့ ပရိသတ်ကြီးလည်း စပါကလင်ကော်ဖီလေးကို အိမ်မှာ စမ်းဖျော်ကြည့်ပြီးရင် ဘယ်လိုအရသာရှိလဲဆိုတာ comment လေး ပေးခဲ့အုန်းနော်

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top