ပွဲတော်များ

ဧပရယ် ဖူးလ်နေ့

ဧပရယ် ဖူးလ်နေ့

ဧပရယ် ဖူးလ်နေ့သည် တစ်ကမ္ဘာလုံးတွင် ကျင်းပပြုလုပ်သော ပျော်ရွှင်အောင် စနောက် ကျီစား သော  နေ့ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း ဧပရယ်လ (၁)ရက် နေ့တွင် ကျင်းပကာ ပျော်ရွင်စရာများ၊ စနောက်ကျီစားမှုများနှင့် ပြည့်နှက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိသည်။ ထိုနေ့တွင် စနောက်၊ ကျီစားခံရသူများကိုမူ ဧပရယ် ဖူးလ်များဟု နောက်ပြောင် ခေါ်ဆိုလေ့ရှိကြသည်။

ဧပရယ်ဖူးလ်နေ့ စတင်ပုံနှင့် ပတ်သတ်ပြီး အမျိုးမျိူး ဖွင့်ဆိုကြလေ့ရှိကြသည်။ သမိုင်း ပညာရှင် အချို့ကမူ ၎င်းနေ့သည် မတ်လအကုန်တွင် ရောမ} ကျင်းပပြုလုပ်လေ့ရှိ သော Hilaria ပွဲတော်နှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သုံးသပ်ကြသည်။ အချို့ကမူ ၁၅၈၂ ခုနှစ်တွင် ပြင်သစ်တို့၏ Julian ပြက္ခဒိန်မှ Gregorian ပြက္ခဒိန်ကို ပြောင်းလဲ သုံးစွဲခဲ့ ရာမှ ဖြစ်ပွားခဲ့သည်ဟု ဆိုကြသည်။

အနောက်နိုင်ငံများအတွက် ပုပ်ရဟန်းမင်းကြီး (၈) ပြုလုပ်ထားသော Gregorian ပြက္ခဒိန်တွင်မူ နှစ်သစ်ကူးနေ့သည် ဧပြီလ(၁) ရက်နေ့ မဟုတ်တော့ပဲ ဇန်နဝါရီလ (၁)  ရက်နေ့သို့ပြောင်းထားပါသည်။ သို့ရာတွင် လူအများစုသည် နှစ်သစ်ကူးနေ့ ပြောင်းလဲ သွားသည်ကို မသိရှိကြပဲ ယခင်အတိုင်း ဧပြီလ (၁) ရက်နေ့တွင် နှစ်သစ်ကူးနေ့ ကျင်းပကြသောကြောင့် ဖြစ်ပေါ်လာသည်ဟုဆိုကြခြင်း ဖြစ်သည်။ လူအချို့ကမူ နွေကူးကာလ၏ ခန့်မှန်းမရသော ရာသီဥတု အခြေအနေနှင့် ဆက်စပ်ပြီး ကျင်းပခြင်း ဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။ ဧပရယ် ဖူးလ်နေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သတ်ပြီး အမျိုးမျိုးသော ထင်မြင် ယူဆချက် များရှိလှသော်လည်း တစ်ကမ္ဘာလုံးတွင် လူအများက ပျော်ရွှင်စွာဖြင့်နှစ်စဉ် ကျင်းပပြုလုပ်နေလျက်ရှိသည်။
၎င်းနေ့တွင်မူ မိသားစုဝင်များ၊ သူငယ်ချင်းအပေါင်းအသင်းများ၊ အိမ်နီးနားချင်းများ နှင့့် လူအများကို စနောက် ကျီစယ်ပြီး ရယ်စရာကောင်းအောင် ပြုလုပ်ဖန်တီးလေ့ရှိကြသည်။ ရိုးရှင်း ပြီး ပျော်စရာ ရယ်စရာ ကောင်းလှသော ကျီစားမှုများ ဖြစ်သော အခြားသော လူ၏ ကျောပေါ်တွင် အရူးဟူသော စာတန်းကို သတိမထားမိအောင် ကပ်ထားပြီး စနောက်ကြလေ့ရှိကြသည်။

ပြင်သစ်နိုင်ငံတွင် မူအေပရယ် ဖူးလ်နေ့ကို အေပရယ် ငါးနေ့ဟုလည်း ခေါ်ဆိုကြလေ့ ရှိသည်။ ရိုးရာ ဓလေ့ထုံးတမ်းအရ ငါးပုံစံ ညှပ်ထားသော စက္ကူများကို အခြားသူ၏ ကျောပေါ်သို့ သတိမထားမိအောင် ကပ်လိုက်ပြီး ငါးပုံစက္ကူ ကပ်ခံရသူ မသိမချင်း စနောက် ရယ်မောကြသည်။ စကော့တလန်နိုင်ငံတွင်မူ ဧပရယ် ဖူးလ်နေ့တွင် ရိုးရှင်းပြီး အလွန်ရယ်ဖွယ်ကောင်းသော စနောက်မှုဖြစ်သည့် ဂျုံမှုန့် များကို လက်တစ်ဆုပ်စာ ယူကာ အခြားသော သူများကို ဂျံုမှုန့်ဖြင့် ဖြူးကာ စနောက်တတ်ကြသည်။
နိုင်ငံအများအပြားတွင်ဧပရယ် ဖူးလ်နေ့ကို မတူညီသော အချိန်၊ မတူညီသော နည်းလမ်းအသွယ်သွယ်ဖြင့် မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အတူ ပျော်ပါးစွာ ကျင်းပ ပြုလုပ်လျက်ရှိကြသည်။ ဒီနှစ်ရဲ့ဧပရယ်ဖူးလ်နေ့မှာ ပျော်စရာကောင်း လှတဲ့ စနောက်နည်းများ ဖြစ်တဲ့ ဆံပင်အခြောက်ခံစက်ထဲတွင် ပေါင်ဒါမှုန့်များထည့်သွင်းထားခြင်း၊ အသံမြည်သော အရာတစ်ခုကို လူအများထိုင်မည့် ထိုင်ခုံတွင်ထားရှိခြင်း၊ အိမ်တွင် ရှိသည့် နာရီများကို ပုံမှန်အချိန်ထက် ၁နာရီ (သို့မဟုတ်) ၂ နာရီခန့် မြန်ထားခြင်း စသည့် နည်းလမ်းများကို ပြုလုပ်ပြီး ပျော်စရာ ဧပရယ်ဖူးလ်နေ့လေးကို ဖန်တီးလိုက်ပါတစ်စုံတစ်ယောက်ကို စနောက်ဖူးပါသလား။ ဘယ်လိုမျိုး စနောက်ခဲ့တာလဲဆိုတာ ပြောပြပေးပါဦးခင်ဗျာ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top