အစားအစာသစ် မိတ်ဆက်ခြင်း

ဥရောပ နိုင်ငံ၏ စိတ်ဝင်စားဖွယ်ရာ အစားအစာများ။

Interesting food from Europe

ဥရောပနိုင်ငံများသည် အရသာ ရှိလှသောအစားအစာများဖြစ်သော အရည်အသွေးမြင့် အသားများ၊ ချိစ် ဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ပေါင်မုန့်များ နှင့် ဝက်အူချောင်းများဖြင့် အထူးကျော်ကြားလှသော အစားအစာ နိဗ္ဘာန်ဘုံဖြစ်ပါသည်။ စပိန်ထမင်း paella၊ပီဇာ၊ အသားကင်များ၊ ပီဇာတို့သည် အစားအစာ ကြိုက်နှစ်သက်သူများ အကျွမ်းတဝင်ရှိလှသော အစားအစာများဖြစ်လှပါသည်။ ယခုအချိန်က စတင်ပြီး ဥရောပနိုင်ငံများ၏ စိတ်ဝင်စားစရာ အစားအစာများကို အတူလေ့လာလိုက်ကြရအောင်။
Casu marzuCasu marzu သည် Sardina နိုင်ငံမှ ထွက်ရှိသော ချိစ်အမျိုးအစားဖြစ်ပါသည်။ ၎င်းသည် သိုး၏ နို့မှ ထုတ်လုပ်ကာ သက်ရှိအင်းဆက်ကောင်လေးများဖြစ်သော လောက်ကောင်များပါရှိသော ချိစ်အမျိုးအစား ဖြစ်ပါသည်။ ချိစ်ထဲတွင် လောက်ကောင်လေးများ ပါရှိအောင် ပြုလုပ်ထားခြင်းကြောင့် ထူးဆန်းသော ချိစ်အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ Sardinaနိုင်ငံ၏ ရိုးရာနည်းလမ်းအရ ၎င်းချိစ်ကို ပြုလုပ်ရာတွင် သိုးနို့ကို အမှောင်ကျသော နေရာတွင် ၂လ (သို့) ၃လခန့် အချဉ်ဖောက်အောင်ထားရှိပြီး အချိန်ကြာမြင့်စွာ အချဉ်ဖောက်ခြင်းကြောင့် လောက်ကောင်လေးများ ချိစ်ထဲတွင် ဝင်ရောက်နေပြီး မကောင်းသော ချိစ်အပိုင်းအစများကို စားသုံးကာ ၎င်းတို့ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်သော အညစ်အကြေးများသည် ချိစ်၏ အရသာကို တစ်မူထူးခြားစေသော အရသာကို ပေးစွမ်းနိုင်ပါသည်။ ထိုချိစ်ကို စားသုံးရာတွင် လောက်ကောင်လေးများ အသက်ရှင်နေစဉ်အတွင်း စားသုံးရပြီး လောက်ကောင်လေးများ သေဆုံးသွားပါက စားသုံးရန်မသင့်တော်တော့ပါ။ စားသုံးရာတွင်လည်း ပေါင်မုန့် နှင့် ပြင်းရှသော ဝိုင်ဖြင့် တွဲဖက် စားသုံးလေ့ရှိကာ ချိစ်တွင်ပါဝင်သော လောက်ကောင်လေးများကို ကြေညက်အောင် သေချာစွာ စားသုံးသင့်ပါသည်။

Surstromming ဟူသော အမည်သည် ဆွီဒင်အစားအစာ အမည်ဖြစ်ပြီး Herring ငါးအမျိုးအစားမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ပင်လယ် Herring ငါးကို အချဉ်တည်ကာ စည်သွပ်ဘူးများဖြင့် ရောင်းချလေ့ရှိပြီး ဆွီဒင်နိုင်ငံ တောင်ပိုင်းတွင် စားသုံးလေ့ရှိသည်။ ထူးခြားလှသော အနံ့ကြောင့် ကျော်ကြားလှသော အစားအစာ အဖြစ် ထင်ရှားလှသည်။ Herring ငါးအကောင်သေးများကို နွေဦးရာသီတွင် ဖမ်းဆီးရရှိပြီး စည်သွပ်ဘူးများထဲသို့ ထည့်သွင်း မရောင်းချပြီ ဆားနှင့် သွပ်ကာ အချဉ်တည်ထားရသည်။ ငါးအချဉ်တည် (Surstromming)များကို နူးညံ့သော ပေါင်မုန့်ဖြင့် တွဲဖက် စားသုံးလေ့ရှိသည်။ ထို့ပြင် အသားညှပ်ပေါင်မုန့်များပြုလုပ်ရာတွင် ထောပတ်၊ အာလူးများ၊ ခရင်မ်များ၊ ကြက်သွန်ခြောက်များနှင့် တွဲဖက်ကာ ငါးအချဉ်တည်ဖြင့် စားသုံးလေ့ရှိသည်။ ပြင်းထန်စူးရှသော အရသာ ရှိကာဆွီဒင်နိုင်ငံ၏ ရိုးရာ အစားအစာ ဖြစ်သည့် အပြင် ထူးထူးဆန်းဆန်း အစားအစာများကို နှစ်သက်လိုသူများအတွက် သင့်လျော်သော အစားအစာလည်း ဖြစ်ပါသည်။

Escargotပြင်သစ်ဟင်းလျာ ဖြစ်သော Escargotသည် ကုန်းခရုများဖြင့် ချက်ပြုတ်ထားသော ဟင်းလျာ တစ်မျိုးဖြစ်ပါသည်။ ကုန်းခရုများကို ပေါတူဂီ၊ စပိန် နှင့် ပြင်သစ်နိုင်ငံတို့တွင် အဓိကဟင်းလျာအဖြစ်် စားသုံးလေ့ရှိကြသည်။ ပြင်သစ်နိုင်ငံတွင် ကြက်သွန်ဖြူ၊ ထောပတ်၊ အရသာမှုန့်များ ကို ခရုခွံတွင် ထည့်ကာ ချက်ပြုတ်ထားသော ကုန်းခရုဟင်းသည် အထူးကျော်ကြားလှသည်။ ဂရိနိုင်ငံနှင့် အီတလီနိုင်ငံတို့တွင် ကုန်းခရုများကို ဆော့စ်များပြုလုပ်ရာတွင် လည်းကောင်း၊ ပါစတာ ချက်ပြုတ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။ ထူးခြားသော အရသာ၊ အဆီပါဝင်မှုနည်းခြင်း နှင့် အသားဓါတ် ကြွယ်ဝသော အစားအစာ ဖြစ်ခြင်းကြောင့် ကုန်းခရုဟင်းလျာများသည် အလွန်စျေးကြီးလှသည်။

Haggic စကော့တစ်လန်နိုင်ငံ၏ အထိမ်းအမှတ်ကိုယ်စားပြုအစားအစာ ဖြစ်သော Haggic သည် သိုး၏ နှလုံး၊ အသဲ၊ အဆုတ် တို့ကို နှုတ်နှုတ်စင်းကာ အုတ်ဂျုံဖြင့် ရောနယ်ပြီး သိုးမှ ရသော အဆီ၊ ကြက်သွန်နီ၊ ဆားနှင့် ငရုတ်ကောင်းတို့ကို ရောနယ်ကာ သန့်စင်ထားသော သိုးအစာအိမ်ထဲသို့ သွပ်ကာ နာရီအတော်ကြာ ပြုတ်ပြီး ပြုလုပ်စားသုံးရသော အစားအစာ ဖြစ်ပါသည်။ ယခုအခါတွင်မူ သိုး၏အစာအိမ်အစား အခြားသော အစာသွပ်နိုင်သော ခေတ်ပေါ် ပစ္စည်းများကို အသုံးပြုကာ ပြုလုပ်လာကြသည်။ Haggic ၏ အရသာသည် အလွန်ကောင်းမွန်ပြီး အများအားဖြင့် မုန်လာဥ၊ အာလူးတို့ဖြင့် တွဲဖက်စားသုံးကြသည်။ နှစ်စဉ် နှစ်တိုင်း စကော့တစ်လန်နိုင်ငံသည် Haggic များအမြောက်အမြားထုတ်လုပ်ကာ ကမ္ဘာတစ်ဝန်းလုံးသို့ ဖြန့်ချီလျက်ရှိသည်။

အမဲရောင် ပူတင်းအမဲရောင် ပူတင်းဟုခေါ်ဆိုကြသော ဝက်သွေးဖြင့် ပြုလုပ်ထားသော ဝက်အူချောင်းများသည် ဥရောပနိုင်ငံ၏ အစားအစာ ဖြစ်ပါသည်။ ၎င်းကို ပြုလုပ်ရာတွင် ဝက်ဆီ၊ ဝက်သွေး၊ အုတ်ဂျံု နှင့် ဘာလီစေ့မှုန့်များဖြင့် ရောနယ်ကာ ပြုလုပ်ထားပါသည်။ ထို့ပြင် ဆား၊ ငရုတ်ကောင်း၊ လေးညှင်းပွင့် နှင့် ကြက်သွန်နီတို့ နှင့်ပါအတူ ရောနှော ပြုလုပ်ထားပါသည်။ အမဲရောင် ပူတင်းများကို စားသုံးရာတွင် ကင်ခြင်း၊ ပြုတ်ခြင်း နှင့် ကြော်ခြင်း တို့ပြုလုပ်ကာ အင်္ဂလိပ်စတိုင် မနက်စာ အဖြစ် စားသုံးလေ့ရှိကြသည်။ အမဲရောင် ပူတင်းများသည် ဆီပါဝင်မှုများသော အစားအစာများ ဖြစ်သော်လည်း အရသာမှာမူ တစ်မူထူးခြားလှသည်။

Kakakukko ပေါင်မုန့်Kakakukko ပေါင်မုန့်များသည် Savonia နိုင်ငံ၏ ရိုးရာ အစားအစာတစ်ခု ဖြစ်ပါသည်။ ပေါင်မုန့်လုံးထဲတွင် ငါး၊ ဝက်သား၊ ဝက်ပေါင်ခြောက် နှင့် ဆားတို့ကို ထည့်သွင်းကာ လက်လုပ်မီးဖိုတွင် နာရီပေါင်းကြာမြင့်စွာ ဖုတ်ထားရသော အစားအစာ ဖြစ်သည်။ အချိန်ကြာမြင့်စွာ ဖုတ်ပြီးသောအခါ ငါး၏ အရိုးများသည် နူးသွားပြီး အသားနှင့် ငါးတို့၏ အချိုဓါတ်များသည် ပေါင်မုန့်တွင် စွဲကပ်ကာ ထူးခြားကောင်းမွန်သော အရသာကို ပေးစွမ်းပါသည်။

ဥရောပနိုင်ငံ၏ စိတ်ဝင်စားစရာ ယဉ်ကျေးမှု နှင့် ရိုးရာအစားအစာများကို စားသုံးကြည့်ကာ တစ်မူထူးခြားသော အတွေ့အကြုံအသစ်များကို ခံစားနိုင်ပါသည်။

Photo credit – http://www.alwaysfoodie.com/casu-marzu-sardinian-cheese-live-insect- larvae.htmlhttp://www.studentpoint.cz/2015/08/20/surstromming-opravdove-gurmanske-peklo/https://www.sporcle.com/games/Theo_Kathmandu/european-country-by-foodhttps://shrineodreams.wordpress.com/tag/haggis-chips/https://nz.pinterest.com/explore/black-pudding-superfood/http://www.iltalehti.fi/pippuri/2015081120160996_ah.shtml

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top