ပွဲတော်များ




နိုင်ငံတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ အရသာ အမျိုးမျိုးရှိတဲ့ ဖက်ထုပ်တွေရှိကြပါတယ်။


အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ဆိုတာ ဘာလဲ?


အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကိုဘယ်တုန်းကစတင်ကျင်းပခဲ့တာလဲ?


 

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ကိုကျင်းပရတဲ့ ရည်ရွယ်ချက်ကဘာလည်း?


 

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကိုပြုလုပ်ဖို့ ဘယ်သူတွေက စတင် စဉ်းစားခဲ့တာလဲ?

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကို TMI အစားအသောက် ဖြန့်ချီရေးအုပ်စု မှ ဂျိုးဆက်တန်း နဲ့ တယ်ရီတန်း တို့က အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကိုပြုလုပ်ဖို့ စတင်စဉ်းစားခဲ့ပါတယ်။

 

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ မှာ ဘယ်လိုကျင်းပလေ့ရှိကြလဲ?



Writer_Pyae

[Unicode]

ကမ္ဘာပေါ်မှာ သတိရစရာနေ့တွေ အများကြီးရှိပါတယ်။

အဲ့ဒီထဲက တစ်နေ့ကတော့ စက်တင်

ဘာလ ၂၆ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့လည်း အပါအဝင်ဖြစ်ပြီး ဖက်ထုပ်ချစ်သူများအတွက်ကတော့ အကောင်းဆုံးနေ့လေးပေါ့နော်။

နိုင်ငံတိုင်းမှာ ပုံစံအမျိူးမျိူးနဲ့ အရသာ အမျိူးမျိူးရှိတဲ့ ဖက်ထုပ်တွေရှိကြပါတယ်။

ဖက်ထုပ်ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း ဂျူံနဲ့ပြုလုပ်ထားတဲ့ ဖက်ရွက်ထဲမှာ အရသာစုံနှပ်ထားတဲ့ အသား (သို့မဟုတ်) အသီးအရွက် တွေကို ထည့်ပြီးပေါင်းထားတာပါ။အောက်မှာတော့ အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ရဲ့သမိုင်းကြောင်းတွေနဲ့ ဖြစ်ပေါ်လာပုံ တို့ကိုရေးသားတင်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ဆိုတာ ဘာလဲ?

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းမှာစားသုံးကြတဲ့ ဖက်ထုပ်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပ ကြတာပါ။

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကိုဘယ်တုန်းကစတင်ကျင်းပခဲ့တာလဲ?

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကို ၂၀၁၅ခုနှစ် ဧပရယ်လမှာ နယူးယေက်မြို့မှာ အခြေစိုက်တဲ့ TMI အစားအသောက် ဖြန့်ချီရေးအုပ်စုက အဆိုတင်သွင်းခဲ့ ကြတာပါ။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာပြက္ခဒိန်ကတော့ အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ကို နှစ်စဉ် စက်တင်ဘာလ ၂၆ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ခဲ့ ကြပါတယ်။

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ကိုကျင်းပရတဲ့ ရည်ရွယ်ချက်ကဘာလည်း?

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ကိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဖက်ထုပ်စားသုံးတဲ့ နိုင်ငံတော်တော်များများကို လူပိုသိစေလိုခြင်းပဲ ဖြစ်ပါတယ်။

 

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကိုပြုလုပ်ဖို့ ဘယ်သူတွေက စတင် စဉ်းစားခဲ့တာလဲ?

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကို TMI အစားအသောက် ဖြန့်ချီရေးအုပ်စု မှ ဂျိူးဆက်တန်း နဲ့ တယ်ရီတန်း တို့က အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ ကိုပြုလုပ်ဖို့ စတင်စဉ်းစားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာဖက်ထုပ်နေ့ မှာ ဘယ်လိုကျင်းပလေ့ရှိကြလဲ?

ကမ္ဘာတစ်ဝှမ်းက လူများဟာ မိမိတို့ နိုင်ငံရဲ့ သက်ဆိုင်ရာ ဖက်ထုပ်များကို ပြုလုပ်ကြပြီး ကို့ရဲ့ မိသားစု၊ သူငယ်ချင်း နှင့် ဘဝလက်တွဲဖော် တို့နှင့် စားသုံကြပြီး ဓာတ်ပုံများရိုက်ကာ ဆိုရှယ်မီဒီယာမှာ တင်ကြပါတယ်။

ကဲ ပရိသတ်ကြီးတို့လည်း စက်တင်ဘာလ ၂၆ ရက်နေ့ ရောက်ရင် ဖက်ထုပ် စားဖို့ မမေ့ကြနဲ့နော်။

Writerr_Pyae

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top