မြန်မာ

အေဖမ်ားေန႕မွာ ေဖေဖႏွင့္အတူ စားသင့္တဲ့ ဆိုင္ေကာင္းေလးမ်ား

ဖေဖေတို့ဆိုတာ စာရေးသူတို့အားလုံးရဲ့ လမ်းပြကြီး ဖြစ်ရုံတင်မကပါဖူး။ အုကာအကွယ်ကို အသက်နဲ့လဲပြီးပေးတဲ့ စစ်သူကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ ယခုလရဲ့ ၁၆ ရက်နေ့ဟာ နိုင်ငံတကာ အဖေများနေ့ဖြစ်ပြီး ဖေဖေတို့ကို ဂုဏ်ပြုသင့်ပါတယ်။ ခမ်းခမ်းနားနားကို ဂုဏ်ပြုဖို့ အတွက် စာရေးသူကဒီနေ့မှာ ခမ်းနားပြီးထူးခြားတဲ့ နေရာလေးတစ်ချိူ့ကို ဖော်ပြသွားမှာပါ။

ဒီနေရာလေးတွေက စျေးတော့အနည်းငယ်ကြီးပေမဲ့ မတူတဲ့ ပတ်ဝန်းကျင်အရသာကို ခံစားရမဲ့ အပြင် ဖေဖေတို့နဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောပြီး ထို်င်ရတာကလည်း အေးအေးဆေးဆေးရှိလှပါတယ်။ မြို့ပြအချက်အချာနေရာတွေမှာ တည်ရှိတာပါ။ ဘယ်ဆိုင်လေးတွေဆိုတာကို တစ်ချက်လောက်ဆက်ကြည့်ရအောင််နော်။

၁. Rangoon Tea House

လက်ဖက်ရည်ကောင်းကောင်းကြိုက်တတ်တဲ့ ဖေဖေတို့ အတွက်ကတော့ တကယ့်ကို နတ်ပြည်ပါပဲရှင်။ မနက်စာ၊ နေ့လယ်စာ အပြင် ညစာအတွက်ပါ အဆင်ပြေပါတယ်။ စျေးကတော့ နည်းနည်းလေးများပေမဲ့ တစ်ကယ်လက်တွေ့ စားကြည့်မှသိမှာပါ။ ပန်းဆိုးတန်းလမ်းမပေါ်မှာတည်ရှိပါတယ်။

၂. Mel Zeit

ဆာကူရာဆေးရုံဘေးက လမ်းထိပ်မှာတည်ရှိိပြီး ဂျာမန် အစားအသောက်တွေရပါတယ်။ အထူးအဆန်းအနေနဲ့ မြည်းစမ်းလို့ရတဲ့အပြင် ဘီယာကြိုက်တတ်တဲ့ ဖေဖေတို့အတွက်ဘီယာကောင်းကောင်းလည်းရပါတယ်။

၃. အင်းလေးအမှတ်တရ

ရန်ကင်း စာတိုက်မှတ်တိုင်နားမှာရှိတဲ့ ကျောက်ကုန်းလမ်း အတက်နားလေးမှာ ရှိတဲ့ ရှမ်းရိုးရာ အစားအစာဆိုင်လေးပါ။ ထိုင်ရတာလည်း အေးအေးဆေးဆေးရှိပြီး ရှမ်းအစားအစာစစ်စစ်ရဲ့ အရသာကို ခံစားလို့ရမှာပါ။ ဆိုင်အပြင်အဆင်လေးကလည်း တကယ်ကိုရိုးရာဆန်လှပါတယ်။

၄. O’thentic Bar

အနောက်တိုင်း အစားအစာတွေထဲကမှ ပြင်သစ်အစားအစာကောင်းကောင်းတွေ ဖေ့ဖေ့ကို ကျွေးမွေးချင်တယ်ဆိုရင်တော့ဖြင့် ဒီဆိုင်လေးက အသင့်တော်ဆုံးပါပဲ။ ပီဇာအရသာအစစ်အမှန်ကို ဒီဆိုင်မှာ ရနိုင်ပါတယ်။

 

၅.စည်တော်ကြီးလက်ဖက်ရည်ဆိုင်

ရတနာလမ်းမအပေါ်က အောင်ရတနာဆေးခန်းအကျော်မှာတည်ရှိပါတယ်။ လက်ဖက်ရည််ဆိုင်ဆို ပြီး အထင်သေးဖို့တော့ မတွေးလိုက်ပါနဲ့။ မြန်မာမုန့်ကနေစပြီး ဂျပန်ကာရီဟင်းတွေဘာတွေတောင် ရပါတယ်။ အရသာလေးကလည်း သွားမြည်းပါ။ ဆီလေးကသန့်ပြီး သန့်ရှင်းသပ်ရပ်မှုကတော့ တကယ့်ကို ပြိုင်စံရှားပါပဲ။ဖေဖေတို့က မနက်စာကောင်းကောင်းကြိုက်တတ်ကြတာများပါတယ်။

၆. မအိဝက်သားတုတ်ထိုး

ယုံလားတော့မသိ။ တချိူ့ဖေဖေတို့က မေမေတို့ထက် တို့ခနဲ့ ဆိတ်ခနဲ့လေးတွေ စားဖို့ အဖော်ညှိရလွယ်ပါတယ်။ စာရေးသူကတော့ လခထုတ်ရက်ပဲခေါ်ရဲပါတယ်။ တော်ကြာ မနားတမ်းစားရင်း တစ်ဆိုင်လုံးစာရှင်းနေရနိုိင်ပါတယ်။

ကဲ….ဖေဖေတို့ကို လက်လေးတို့ပြီး ခေါ်သွားရင်းနဲ့ စားရင်းသောက်ရင်း အရင်တစ်ချိန်က အမှတ်တရလေးတွေပြောရင်းပျော်ရွှင်လိုက်ကြပါ။

လောကကြီးက ချစ်စရာမိသားစုတိုင်း အပျော်များတိုးပါစေဆုတောင်းရင်း။

[Unicode]

ေဖေဖတုိ႔ဆုိတာ စာေရးသူတုိ႔အားလုံးရဲ႕ လမ္းျပၾကီး ျဖစ္ရုံတင္မကပါဖူး။ အုကာအကြယ္ကုိ အသက္နဲ႔လဲျပီးေပးတဲ့ စစ္သူၾကီးတစ္ေယာက္လည္းျဖစ္ပါတယ္။ ယခုလရဲ႕ ၁၆ ရက္ေန႔ဟာ နုိင္ငံတကာ အေဖမ်ားေန႔ျဖစ္ျပီး ေဖေဖတုိ႔ကုိ ဂုဏ္ျပဳသင့္ပါတယ္။ ခမ္းခမ္းနားနားကုိ ဂုဏ္ျပဳဖုိ႔ အတြက္ စာေရးသူကဒီေန႔မွာ ခမ္းနားျပီးထူးျခားတဲ့ ေနရာေလးတစ္ခ်ိဴ႕ကုိ ေဖာ္ျပသြားမွာပါ။

ဒီေနရာေလးေတြက ေစ်းေတာ့အနည္းငယ္ၾကီးေပမဲ့ မတူတဲ့ ပတ္ဝန္းက်င္အရသာကုိ ခံစားရမဲ့ အျပင္ ေဖေဖတို႔နဲ႔ ေရွးေဟာင္းေႏွာင္းျဖစ္ေလးေတြ ေျပာျပီး ထို္င္ရတာကလည္း ေအးေအးေဆးေဆးရွိလွပါတယ္။ ျမိဳ႕ျပအခ်က္အခ်ာေနရာေတြမွာ တည္ရွိတာပါ။ ဘယ္ဆုိင္ေလးေတြဆုိတာကို တစ္ခ်က္ေလာက္ဆက္ၾကည့္ရေအာင္္ေနာ္။

၁. Rangoon Tea House

လက္ဖက္ရည္ေကာင္းေကာင္းၾကိဳက္တတ္တဲ့ ေဖေဖတုိ႔ အတြက္ကေတာ့ တကယ့္ကုိ နတ္ျပည္ပါပဲရွင္။ မနက္စာ၊ ေန႔လယ္စာ အျပင္ ညစာအတြက္ပါ အဆင္ေျပပါတယ္။ ေစ်းကေတာ့ နည္းနည္းေလးမ်ားေပမဲ့ တစ္ကယ္လက္ေတြ႕ စားၾကည့္မွသိမွာပါ။ ပန္းဆုိးတန္းလမ္းမေပၚမွာတည္ရွိပါတယ္။

၂. Mel Zeit

ဆာကူရာေဆးရုံေဘးက လမ္းထိပ္မွာတည္ရွိိျပီး ဂ်ာမန္ အစားအေသာက္ေတြရပါတယ္။ အထူးအဆန္းအေနနဲ႔ ျမည္းစမ္းလုိ႕ရတဲ့အျပင္ ဘီယာၾကဳိက္တတ္တဲ့ ေဖေဖတို႔အတြက္ဘီယာေကာင္းေကာင္းလည္းရပါတယ္။

၃. အင္းေလးအမွတ္တရ

ရန္ကင္း စာတုိက္မွတ္တုိင္နားမွာရွိတဲ့ ေက်ာက္ကုန္းလမ္း အတက္နားေလးမွာ ရွိတဲ့ ရွမ္းရုိးရာ အစားအစာဆုိင္ေလးပါ။ ထုိင္ရတာလည္း ေအးေအးေဆးေဆးရွိျပီး ရွမ္းအစားအစာစစ္စစ္ရဲ႕ အရသာကုိ ခံစားလုိ႔ရမွာပါ။ ဆုိင္အျပင္အဆင္ေလးကလည္း တကယ္ကုိရုိးရာဆန္လွပါတယ္။

၄. O’thentic Bar

အေနာက္တုိင္း အစားအစာေတြထဲကမွ ျပင္သစ္အစားအစာေကာင္းေကာင္းေတြ ေဖ့ေဖ့ကုိ ေကၽြးေမြးခ်င္တယ္ဆုိရင္ေတာ့ျဖင့္ ဒီဆုိင္ေလးက အသင့္ေတာ္ဆုံးပါပဲ။ ပီဇာအရသာအစစ္အမွန္ကုိ ဒီဆုိင္မွာ ရႏုိင္ပါတယ္။

 

၅.စည္ေတာ္ၾကီးလက္ဖက္ရည္ဆိုင္

ရတနာလမ္းမအေပၚက ေအာင္ရတနာေဆးခန္းအေက်ာ္မွာတည္ရွိပါတယ္။ လက္ဖက္ရည္္ဆုိင္ဆို ျပီး အထင္ေသးဖုိ႔ေတာ့ မေတြးလုိက္ပါနဲ႔။ ျမန္မာမုန္႔ကေနစျပီး ဂ်ပန္ကာရီဟင္းေတြဘာေတြေတာင္ ရပါတယ္။ အရသာေလးကလည္း သြားျမည္းပါ။ ဆီေလးကသန္႔ျပီး သန္႔ရွင္းသပ္ရပ္မႈကေတာ့ တကယ့္ကုိ ျပိဳင္စံရွားပါပဲ။ေဖေဖတုိ႔က မနက္စာေကာင္းေကာင္းၾကိဳက္တတ္ၾကတာမ်ားပါတယ္။

၆. မအိဝက္သားတုတ္ထုိး

ယုံလားေတာ့မသိ။ တခ်ိဴ႕ေဖေဖတုိ႔က ေမေမတုိ႔ထက္ တုိ႔ခနဲ႔ ဆိတ္ခနဲ႔ေလးေတြ စားဖုိ႕ အေဖာ္ညွိရလြယ္ပါတယ္။ စာေရးသူကေတာ့ လခထုတ္ရက္ပဲေခၚရဲပါတယ္။ ေတာ္ၾကာ မနားတမ္းစားရင္း တစ္ဆုိင္လုံးစာရွင္းေနရနုိိင္ပါတယ္။

ကဲ….ေဖေဖတုိ႕ကုိ လက္ေလးတုိ႕ျပီး ေခၚသြားရင္းနဲ႔ စားရင္းေသာက္ရင္း အရင္တစ္ခ်ိန္က အမွတ္တရေလးေတြေျပာရင္းေပ်ာ္ရႊင္လုိက္ၾကပါ။

ေလာကၾကီးက ခ်စ္စရာမိသားစုတုိင္း အေပ်ာ္မ်ားတိုးပါေစဆုေတာင္းရင္း။

 

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top