မြန်မာ
အကောင်းဆုံး ကိုရီးယားစတိုင်BBQ ဘယ်လိုလုပ်စားကြမလဲ
BBQဆိုတာ စာရေးသူတို့ မြန်မာလိုတိတိကျကျ ဘာသာပြန်ရရင် အသားကင်ပေါ့နော်။ ကျွန်မတို့ မိသားစုညစာစားပွဲတွေ၊ နောက်ပြီး ညပိုင်းပွဲတွေရဲဲ့ ခရာအစားအစာလို့တောင် ပြောလို့ရပါတယ်။
အခုဆုုိမြန်မာနိုင်ငံမှာ ကိုရီးယားအစားအစာတွေတော်တော်ခေတ်စားလာပြီး ကိုရီးယားစတိုင် အသားကင်ဆိုင်လေးတွေကိုိလည်း နေရာအနှံ့မှာတွေ့လာရပါတယ်။ ဒါကြောင့် စာရေးသူလည်း ကိုယ်တို်င်လုပ်စားဖို့ လိုက်ပြီးလေ့လာရင်းနဲ့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။
အရေးအကြီးဆုံးကတော့ အကင်စားမယ်ဆို အချဉ်စပ်ဖို့ကို စဉ်းစားရမှာပါ။
ကိုရီးယားအချဉ်ဗူးလေး တွေကို City Mart မှာ စျေးသက်သက်သာသာနဲ့ ဝယ်လို့ရပါတယ်။
တစ်ဗူးဆို အချဉ်တင်မကပါဘူး။ ကိုရီးယားထမင်းသုပ်လေးပါ လုပ်စားလို့ရတယ်နော်။ နောက်တစ်ပတ်မှာတော့ ဒီထမင်းသုပ်လုပ်နည်းလေးကိုပြောပြပေးသွားမှာပါရှင်။
အသားကင်မယ်ဆို အရေးအကြီးဆုံးကတော့ အသားနှပ်တာပါပဲ။
အသားကို ရွေးချယ်တတ််ဖို့လည်း လိုပါသေးတယ်။ အသားရွေးချယ်မှုပါပဲ။ ကိုရီးယား အသားကင်များဟာ သတိထားကြည့်မိရင် တကယ််ကို ကောင်းပေ့ဆိုတဲ့ အသားနေရာတွေကို အသုံးပြုထားတာကို တွေ့ရမှာပါ။
ကြက်သားဆိုရင် ဖင်ဆီဗူး၊ တောင်ပံ နဲ့ ပေါင်သားလို နူူညံ့ပြီး အဆီအနှစ်များတဲ့ နေရာတွေ ရွေးသင့်ပါတယ်။
ဝက်သားဆိုရင် ဂုတ်သား၊ ပေါင်သားနဲ့ သုံးထပ်သားတို့ကတော့ ရှယ်ပါပဲ။
အမဲသားဆိုရင် လျှာရယ် ၊ ဂုတ်သား ၊ ပေါင်ရင်းသား နဲ့ ဗိုက်သားတို့ကတော့ တော်တော်လေး အရသာရှိပါတယ်။
ငါးဆိုရင် ကိုရီးယားတို့ အကြိုက် ပင်လယ်ငါးကတော့ နူးညံ့ပြီး ကျက်လွယ်ပါတယ်။
ပင်လယ်စာကတော့ အစုံလေးထည့်သင့်ပါတယ်။ ပုဇွန်ုထုပ်၊ ပြည်ကြီးငါး နဲ့ ပုဇွန်သေးသေးလေးတွေကတော့ စာရေးသူ အိမ်မှာကိုယ်တိုင်လုပ်စားရင် ထည့်ဖြစ်ပါတယ်။
အသားနှပ်ဖို့အတွက် ပဲငံပြာရည်အချိူ၊ သကြားရည် ၊ ကိုရီးယားငရုတ်သီးအနှစ်၊ နှမ်းဆီ ၊
ကြက်သွန်မိတ်၊ ငရုတ်ကောင်း ၊ ဆား၊ ဂျင်း ၊ ကြက်သွန်ဖြူ နှင့် အရသာမှုန့်အနည်းငယ်တို့လိုအပ်ပါတယ်။
ကြက်သား၊ ဝက်သား နဲ့ အမဲသားတို့နှပ်ပုံနှပ်နည်းက လုံးဝတူပါတယ်။ အသားတွေကိုလွှာရင်တော့ အနေတော်လေးလွှာဖို့အကြံပေးချင်ပါတယ်။ ပါးလွန်းရင် တူးလွယ်သလို ၊ ထူလွန်းရင်လည်း ကျက်ဖို့ခက်ပါတယ်။ အရင်ဆုံး အသားလွှာလေးတွေကို နှမ်းဆီ ၊ ဆား ၊ ငရုတ်ကောင်းတို့နဲ့ အရင်နယ်ရပါမယ်။ နောက်ပြီး ဂျင််း၊ ကြက်သွန်ဖြူ၊ တို့ကို ထောင်းထားတဲ့ အရည် အနည်းငယ်လေးပဲဖြန်းလိုက်ပါ။ တစ်နာရီကြာအောင် နှှပ်ထားပါ။
အချိူကင်စားမဲ့သူအတွက်ကတော့ သကြားရည်လိုသလောက်ဖြန်းပြီး ကြက်သွန်မိတ်ကို နုတ်နုတ်စင်းပြီး အနည်းငယ်ထည့်ကာ သမအောင်နယ်လိုက်ပါရှင်။
အစပ်ကင်စားမဲ့သူတွေအတွက်ကတော့ ငရုတ်သီးအနှစ်လိုသလောက်ထည့်ပြီး ကြက်သွန်မိတ်အပြင် ထပ်မွှေးစေချင်ရင် ဂျင်းထောင်းပြီးသား အနညး်ငယ်ထည့်လို့ရပါတယ်။
ပင်လယ်စာတွေအတွက်က အနံ့အသက်ပျောက်အောင် အရင်ဆုံး ဂျင်း နဲ့ ကြက်သွန်ဖြူကို ထောင်းထားတဲ့ အနှစ်နဲ့ နယ်ပါ။ နယ်ပြီးရင် အနည်းဆုံး နာရီဝက်လောက်နှပ်ထားပေးပါ။ နောက်မှ အချိူရည် ၊ အစပ်ရည် တို့နဲ့ နာရီဝက်လောက်ထပ်နှပ်ပြီး ကင်လို့ရပါပြီ။
မီးကို အနေတော်နဲ့ပဲ ကင်ပေးပါ။ သံပြားအထူပေါ်တင်ကင်ရင် ပိုကောင်းပါတယ်။ နောက်ပြီး မကပ်အောင် မကင်ခင် အကင်ပြားပေါ်ကို နှမ်းဆီလေးသုတ််ပေးပါ။ မီးတောက်ကြီးတွေနဲ့ ကင်တာထက် မီးအေးအေးလေးနဲ့ကင်တာပိုကောင်းပါတယ်။
ကိုရီိးယားအကင်နဲ့လိုက်ဖက်အောင် စားသုံးရမှာက ကင်မ်ချီဖြစ်တဲ့ အတွက်ကြိုဝယ်ဖို့ မမေ့နဲ့နော်။
စာရေးသူကတော့ ဆိုဂျူးလေးပါ ထပ်ဝယ်ထားတယ် ။ တကယ်ကိုလိုက်ဖက်လို့ပါ။
ခုလို အရသာရှိတဲ့ ကိုရီးယား အစားအသောက်ကောင်းကောင်းတွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ထဲက ကိုရီးယား စားသောက်ဆိုင်တွေကနေလဲ Order မှာစားလို့ ရနေပြီဆိုတာကိုုလဲ သတင်းကောင်းလေး ပါးလိုက်ပါတယ်ရှင့်။
[Unicode]
အခုဆိုမြန်မာနိုင်ငံမှာ ကိုရီးယားအစားအစာတွေတော်တော်ခေတ်စားလာပြီး ကိုရီးယားစတိုင် အသားကင်ဆိုင်လေးတွေကိုလည်း နေရာအနှံ့မှာတွေ့လာရပါတယ်။ ဒါကြောင့် စာရေးသူလည်း ကိုယ်တိုင်လုပ်စားဖို့ လိုက်ပြီးလေ့လာရင်းနဲ့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။
ကိုရီးယားအချဉ်ဗူးလေး တွေကို City Mart မှာ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရပါတယ်။
အသားကို ရွေးချယ်တတ်ဖို့လည်း လိုပါသေးတယ်။ အသားရွေးချယ်မှုပါပဲ။ ကိုရီးယား အသားကင်များဟာ သတိထားကြည့်မိရင် တကယ်ကို ကောင်းပေ့ဆိုတဲ့ အသားနေရာတွေကို အသုံးပြုထားတာကို တွေ့ရမှာပါ။
ကြက်သားဆိုရင် ဖင်ဆီဗူး၊ တောင်ပံ နဲ့ ပေါင်သားလို နူညံ့ပြီး  အဆီအနှစ်များတဲ့ နေရာတွေ ရွေးသင့်ပါတယ်။
အသားနှပ်ဖို့အတွက် ပဲငံပြာရည်အချို၊ သကြားရည် ၊ ကိုရီးယားငရုတ်သီးအနှစ်၊ နှမ်းဆီ ၊
အချိုကင်စားမဲ့သူအတွက်ကတော့ သကြားရည်လိုသလောက်ဖြန်းပြီး ကြက်သွန်မိတ်ကို နုတ်နုတ်စင်းပြီး အနည်းငယ်ထည့်ကာ သမအောင်နယ်လိုက်ပါရှင်။
အစပ်ကင်စားမဲ့သူတွေအတွက်ကတော့ ငရုတ်သီးအနှစ်လိုသလောက်ထည့်ပြီး ကြက်သွန်မိတ်အပြင် ထပ်မွှေးစေချင်ရင် ဂျင်းထောင်းပြီးသား အနည်းငယ်ထည့်လို့ရပါတယ်။
ခုလို အရသာရှိတဲ့ ကိုရီးယား အစားအသောက်ကောင်းကောင်းတွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ထဲက ကိုရီးယား စားသောက်ဆိုင်တွေကနေလဲ Order မှာစားလို့ ရနေပြီဆိုတာကိုလဲ သတင်းကောင်းလေး ပါးလိုက်ပါတယ်ရှင့်။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top