သုံးသပ်ချက်များ

အီတာလျှံ ပီဇာ ကမ္ဘာသို့ အလည်တစ်ခေါက်

P for pizza

P for Pizzaအရင်တပတ်သောကြာနေ့ကမြို့ထဲမှာယောင်တောင်ပေါင်တောင်လျှှေက်သွားရင်းကနေ စွန်းမိုက်တဲ့ အီတာလျှံ ဆိုင်လေးတစ်ဆိုင်ရှာတွေ့ ခဲ့တယ်ဗျာ။ ဆိုင်လေးရဲ့နာမည်ကလည်းအဆန်းဗျ၊ “ P for Pizza “ တဲ့။ နာမည်လေးကိုကချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိနေတယ်ဟုတ်? အဲ့တော့ ကျွန်တော်လည်း မနေနိုင်တော့ဘူးဝင်ကြည့်မိတော့တာပေါ့ဗျာ။ ဆိုင်လေးက ဗိုလ်ချုပ်စျေးအနောက်ဘက်တင်ဗျ အတိအကျဆို ယောမင်းကြီးလမ်း အဆုံးနားလောက်မှာ ရွှေတိဂုံဘုရားလမ်းဘက်နဲ့ပိုနီးပါတယ်။ မြို့ထဲမှာက အလုပ်တွေကျောင်းတွေပေါများတော့ အလုပ်လုပ်တဲ့သူတွေ၊ကျောင်းသူကျောင်းသားတွေနဲ့အခြားအားလုံးအတွက် တကယ်မိုက်တဲ့အီတာလျှံအရသာစစ်စစ် ကို ရရှိနိုင်မယ့်တကယ့်နေရာကောင်းတစ်ခုပါပဲ။

P for Pizzaဆိုင်လေးကို ၀င်ဝင်ချင်းပဲ ပြုံးရွှင်ပျူငှာတဲ့ ၀န်ထမ်းလေးတွေရဲ့ နွေးနွေးထွေးထွေးကြိုဆိုမှုလေးက မိုးထဲကလာတဲ့ကျွန်တော့အဖို့နွေးထွေးသွားတာပဲဗျာ။လေးထောင့်စားပွဲလေးတွေ၊ ဘားတွေမှာထားလေ့ရှိတဲ့ ထိုင်ခုံမြင့်လေးတွေ၊ စားပွဲမြင့်လေးတွေ နဲ့ လူများများထိုင်လို့ရမယ့် သစ်သားခုံတန်းရှည်လေးတွေကို စုံလင်စွာခင်းကျင်းထားလို့ ကိုယ်နှစ်သက်ရာအလိုက်ဖက်ဆုံးနေရာလေးကိုရွေးချယ်ဖို့လည်းအဆင်ပြေပါတယ်။ ဆိုင်ကိုအလှဆင်ထားတဲ့ ပုံစံလေးကလည်း အလွန်ထူးကဲပြီး ကျွန်တော့မျက်လုံးအစုံကို စွဲယူထားတော့တယ်။ Pizza နဲ့ပတ်သက်တဲ့ ပျော်ရွှင်စရာ “ Food Quote “ လေးတွေကို နံရံမှာချိတ်ဆွဲထားပြီး ကျွန်တော်ဖြင့်တချို့စာလေးတွေကိုသဘောကျလို့ မပြံုး မိပဲကိုမနေနိုင်တော့တာပါဗျာ။ အကြိုက်ဆုံးကတော့ “ Seven days without pizza makes one weak “ ဆိုတာလေးပဲ။ ကဲဘယ်လောက်သဘောကျဖို့ကောင်းလဲကြည့်။ ဒါတင်မကသေးဘူး စာဖတ်ဝါသနာပါသူတွေအတွက်လည်း English Magazines နဲ့Journals လေးတွေကိုသပ်သပ်ရပ်ရပ်တင်ထားတဲ့ သစ်သားတန်းလေး၊ တဖက်ပွင့် wine box လေးတွေ၊ အခြားဆန်းပြားတဲ့ အလှဆင်မှုလေးတွေကလည်း စိတ်အာရုံအစုံကိုဖမ်းစားနိုင်လွန်းလှတယ်ဗျာ။

P for Pizzaကဲ ဆိုင်အခင်းအကျင်းလေးပြီးတော့ အဓိကစိတ်ဝင်စားစရာဖြစ်တဲ့ အစားအသောက်ပိုင်းကိုသွားရအောင်။ အဲ့တော့နာမည်လေးကစပြောမယ်ဗျာ။ “ P for Pizza “ ဆိုတဲ့ နာမည်လေးအတိုင်း ဆိုင်ကအဓိကအားဖြင့် Pizza ကိုအဓိကထားရောင်းတာဗျ။ ပုံမှန်ရိုး ရိုး Pizza လေးလို့တော့မထင်လိုက်နဲ့နော်။ တကယ့်ကို အီတာလျှံအရသာစစ်စစ် ပီဇာကောင်းတွေဗျ။ ပါ၀င်ပစ္စည်းတွေဖြစ်တဲ့ ဂျုံမှုန့်၊ခရမ်းချဉ်သီး၊ချိစ်၊အသားနဲ့ အခြားပါ၀င်ပစ္စည်းအားလုံးကို အီတလီနိုင်ငံကနေတိုက်ရိုက်တင်သွင်းထားတာပြီး Pizza တွေကိုလည်း အီတလီရိုးရာချက်ပြုတ်ပြုလုပ်နည်းတွေနဲ့သေချာစွာပြုလုပ်ထားတဲ့အတွက် အီတလီကပီဇာကို တိုက်ရိုက်မှာစားနေရသလို အရသာမျိုးပါပဲဗျာ။ ဒါ့အပြင် ပီဇာပြုလုပ်တဲ့နေရာမှာအသုံးပြုတဲ့ ပါ၀င်ပစ္စည်းတွေကိုသေချာစွာရွေးချယ်အသုံးပြုထားတဲ့အတွက် အလွယ်တကူအစာကြေနိုင်ပြီး ကျန်းမာရေးအတွက်လည်းကောင်းမွန်လှပါတယ်

P for Pizzaရွေးချယ်စရာ Pizza အမျိုးအစားတွေကလည်း များပြားစုံလင်လှပါတယ်။ ၀ါတွင်းကာလလည်းရောက်တော့မှာဆိုတော့ သက်သက်လွတ်စားသုံးတဲ့သူတွေအနေနဲ့လည်း ဘာစားရမလဲလို့ ထိုင်စိတ်မညစ်နေရအောင် ရွေးချယ်စရာက ၈မျိုး(Margherita, Carciofi, Contadina, Fresca, Funghi, Ortolano, Parmigiana, Zucchini)တောင်ရှိပါတယ်။ ကိုယ်တွေကတော့အဲ့ထဲက “Contadina နဲ့ Carciofi”ကိုမြည်းကြည့်ခဲ့ကြတယ်။ အရသာတွေကဘယ်လိုနေလဲဆိုတော့ Contadina ကတော့ stracchinoလို့ခေါ်တဲ့အီတလီချိစ်၊ ကညွန့်၊ကြက်ဥနဲ့ သံလွင်သီးတွေကို အချိုးကျရောစပ်ပြုလုပ်ထားတာဖြစ်ပြီး သူရဲ့ အရသာဟာ ကြက်ဥနဲ့ ချိစ် တို့ ၏ချိုစိမ့်တဲ့အရသာလေးကို သံလွင်သီးရဲ့ အချဉ်လေးနဲ့ပြန်ထိန်းပေးသွားတာဖြစ်လို့ စိမ့်စိမ့်လေးနဲ့ဘယ်လောက်စားစား အာသာမပြေနိုင်မယ့်ထူးကဲ တဲ့အရသာမျိုးပါပဲ။ တကယ့်ကို ထူးရှယ်ပါပဲဗျာ။

အဲ့တခုပြီးတော့ ကျွန်တော်တို့ ဂေါ်ဖီထုပ်၊ rocket ရွက်၊ သံလွင်သီး တို့နဲ့ပြုလုပ်ထားတဲ့ Carciofi သက်သက်လွတ်ပီဇာလေးကို မြည်းကြည့်ခဲ့တယ်။ ပီဇာအောက်ခြေအရသာကအတူတူပဲဆိုပေမယ့် အပေါ်ကအရသာတွေပေါင်းစပ်ထားပုံကတော့ ပုံစံတမျိုးလေး နဲ့ ဆန်းပြားကောင်းမွန်နေပြန်ရောဗျာ။ဘယ်တစ်ခုရွေးချယ်ရမလဲတောင်ကို မသိတော့တာပါဗျာ။ သက်သက်လွတ်သမားတွေအတွက်တော့ တကယ်ကိုကောင်းတဲ့နေရာတစ်ခုပဲဗျာ။
P for Pizza

အဲ့နောက်တော့ကျွန်တော်တို့ Green Salad လို့ ခေါ်တဲ့အသုတ်တမျိုးကို ထပ်မြည်းကြည့်ခဲ့တယ်။ သူကိုတော့ ထောပတ်သီး၊ချယ်ရီ၊ခရမ်းချဉ်သီး၊သခွားသီး နဲ့ အစေ့အစံလေးတွေကို ချိစ် နဲ့ အချိုးကျစွာရောဖက်ထားတာပဲဖြစ်ပါတယ်။ ခံစားမိတာတော့ ကျွန်တော်တို ့မြန်မာအသုတ်ပုံစံတွေနဲ ့တော့ တော်တော်ကွာတယ်ဗျ။ တကယ့်ကို ထူးခြားပြည့်စုံတဲ့ ပေါင်းစပ်မှုပဲဗျာ။ အချိုအစိမ့်အချဉ် အရသာတွေကို အချိုးကျမျှတစွာ ခံစားမိစေတဲ့ တကယ်ကို ခံတွင်းတွေ့စေမယ့် ထူးခြားတဲ့ အသုတ်တစ် မျိုးပါပဲ။

P for Pizza သက်သက်လွတ်ပီဇာလေးတွေရဲ့ ဖမ်းစားမှုမှာ မျောသွားတယ်ဆိုပေမယ့်လည်း အသားပီဇာတွေကိုလည်း ကျွန်တော်မမြည်းပဲမနေနိုင်ဘူးဗျ။ သူတို့ ကမမြည်းကြည့်ခင်ကတည်းက သူတို ့လည်းအရသာရှိပါတယ်ဆိုတာကို မုန့်ခင်းဗန်းပေါ်ကနေ ကြွားကြွားကြီးအာမခံနေတယ်။ အဲ့တော့လည်း ကျွန်တော် မောင်လူသား အသားနဲ ့ပီဇာနှစ်ခုကို မြည်းကြည့် ခဲ့တယ် :D။ အသားပီဇာ ၁၁ (Amazzone, Arrabbiata, Bcon, Balognese, Gamberetti, Pollo, Prosciutto,Romana, Saporita, Chicken and Emillana) မျိုးရှိတဲ့အနက်က ကျွန်တော်တို့ Bacon နဲ့ Pollo နှစ်မျိုးကိုရွေးပြီးမြည်းကြည့်ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းကတော့ ကြက်သား၊မှို၊ကြက်သွန်နီ နဲ့ သံလွင်သီးတို ့ပေါင်းစပ်ကာပြုလုပ်ထားတဲ့ Pollo ကိုအသဲစွဲသွားတယ် ဗျို့။လက်ဆက်တဲ့ ပါ၀င်ပစ္စည်းတွေကိုအချိုးကျမျှတစွာပေါင်းစပ်ထားမှု ကတစ်ခုကိုစားပြီးတာနဲ ့အခြားအခြားသောအရသာတွေရဲ့ထူးခြားမှုတွေကိုပါထပ်မံဖော်ထုတ်ချင်အောင် စားသုံးသူတွေကိုဆွဲဆောင်နေပါတယ်။

P for Pizzaပီဇာအောက်ခြေပိုင်းကိုအတူတူတွေပြုလုပ်ထားတယ်ဆိုပေမယ့် အပေါ်ပိုင်း အရသာတွေကို အမျိုးအစားစုံလင်စွာထူးထူူးခြားခြားလေးတွေပြုလုပ်ပေးထားတဲ့အတွက် ရွေးချယ်စရာတွေကများပြားလှပြီး အများနဲ့ မတူတဲ့ တမူထူးခြားတဲ့ အီတာလျှံ စတိုင်လေးပါပဲဗျာ။ တကယ်ကို ဘယ်မှာမှမတွေ့ဖူးသေးတဲ့  စတိုင်လေးပါပဲ။အပြင်ဘက်အရသာက ကြွပ်စပ်စပ်လေး နဲ့ အတွင်းပိုင်း နူးညံ့အရသာထူးကဲမှုတို့ကို သေသပ်စွာပေါင်းစပ်ထားမှုက စားသုံးသူတွေကိုဆွေမျိုးမေ့သွားစေနိုင်ပါတယ်။ လတ်ဆက်လွန်းတဲ့ Mozzarella လို ့ခေါ်တဲ့ အီတာလျှံ ချိစ်လေးကလည်း ချိုချိုစိမ့်စိမ့်လေး နဲ့ တကယ့်ကိုကောင်းမွန့်အဆင့်မီတဲ့ အရသာတွေကိုရရှိစေဖို့ ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။

ကျွန်တော် သဘောအကျဆုံးကတော့ ပုံမှန် ကျွန်တော်တို့ မြင်တွေ့နေကြ တြိဂံ၊ စက်ဝိုင်း ပုံစံ မဟုတ်ပဲ လေးထောင့် ပုံစံလေး လုပ်ထားတာပဲ ဖြစ်ပါတယ်။ ပုံမှန်ဆို ကျွန်တော်တို့ မြင်တွေ့ နေကြ ပီဇာတွေက တြိဂံပုံ၊စက်ဝိုင်းပုံတွေဆိုတော့ အလယ်ကအသားရှိတဲ့ပျော့တဲ့အပိုင်းလေးတွေပဲစားပြီးမာဆတ်ဆတ်နဲ့ အသားမရှိတဲ့ ထောင့်စွန်းပိုင်းတွေကို ချန်ထားလေ့ရှိကြတယ်။ ဒီမှာတော့ လေးထောင့်ပုံပီဇာအောက်ခြေတစ်ခုလုံးကို Topping အနှစ်လေးတွေအုပ်ထားတာဖြစ်လို့  တစ်စက်မှမကျန်အကုန်စားလို ့ကောင်းနေတာပါပဲဗျာ။ဘာမှကိုချန်ထားစရာမကျန်တော့ တာပါ။ဒါအပြင် ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာTopping အမျိုးအစားအမျိုးမျိုးကိုရွေးချယ်လို့ရနေနိုင်တာကလည်း တကယ်ကိုထူးခြားတာပါပဲ။ပီဇာအကြောင်းပဲ ညွှန်းနေလို့ ငါတို့ကပီဇာမှမကြိုက်တာဆိုတဲ့လူတွေ မပူနဲ့နော် အခြားရွေးချယ်စရာ Salad တွေ၊Lasagne တွေ၊Panini နဲ့ Pasta တွေလည်းရှိသေးတယ်။

သောက်စရာတွေအနေနဲ့ကတော့ ဓါတုပစ္စည်း၊သကြား နှင့်အခြားပါ၀င်ပစ္စည်းစတာတွေကိုလုံးဝအသုံးမပြုပဲ ကျန်းမာရေးနဲ့အလွန်မှညီညွတ်တဲ့ လက်ဆတ်တဲ့အသီးအရွက်ဖျော်ရည်တွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ကျန်းမာရေးလိုက်စားတဲ့သူတွေ၊အချိုရှောင်တဲ့လူတွေအတွက်တော့တကယ်ကိုအကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။ကျွန်တော်တို့တော့ Ruby Juice နဲ့ Garnet Juice ကိုသောက်ခဲ့တယ်။Ruby Juice ကတော့ လတ်ဆက်တဲ့ ဖရဲသီး၊နာနတ်သီး ၊သံပုရာသီးနဲ့ ပူစီနံရွက်တွေကိုအချိုးကျစွာ ပေါင်းစပ်ထားလို ့လူကိုတကယ်လန်းသွားစေတယ်ဗျာ။ မုန်လာဥနီ၊သကြားမုံလာ၊ ပန်းသီး၊ သံပုရာသီး ၊ ဂျင်း နှင့် ငရုတ်ကောင်းတို့ပေါင်းစပ်ပြီးဖျော်ထားတဲ့ Garnet Juice အရသာကလည်း အလွန်ထူးခြားကောင်းမွန်လှပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။ဒါတွေအပြင် ကော်ဖီချစ်သူတွေအတွက်လည်း ကော်ဖီကောင်းကောင်းနဲ့ အခြားအရသာရှိလှတဲ့ အချိုမုန့်၊ကိတ်မုန့်နဲ့ ကွတ်ကီးတွေကိုလည်းရရှိနိုင်ပါတယ်။

P for Pizzaနောက်ထပ်အရေးကြီးတဲ့တချက်ကတော့ အစားအသောက်တွေမှာပါ၀င်တဲ့ အသီးအရွက်တွေအားလုံးကို အိုဇုန်းစနစ်အသုံးပြုထားတဲ့ရေ ထဲကိုဖြတ်ပြီးတော့ သန့်စင်စေတဲ့စနစ်ကိုသုံးထားလို့ ပိုးသတ်ဆေးတွေ ရွက်ဖျန်းအားဆေးရဲ့အန္တရယ်ကိုပူစရာမရှိတော့ဘူးပေါ့ဗျာ။ဒါကတော့တကယ့်ကိုထူးခြားတဲ့အချက်ပါပဲ။တကယ်လို့ အပြင်ထွက်မစားချင်ဘူးအိမ်မှာပဲစားချင်တဲ့လူတွေအတွက်လည်း Delivery Service တွေကနေမှတဆင့်အလွယ်တကူ မှာယူလို့ရမှာပဲဖြစ်ပါ

တနေ့တာကိုကောင်းမွန်တဲ့မနက်ခင်းစာတွေနဲ့စတင်အင်အားဖြည့်ချင်တယ်ဆိုရင်တော့ P for Pizza မှာ မနက် ရနာရီခွဲ ကနေ ၁၁နာရီခွဲ အထိ မနက်ခင်းစာတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။အင်တာနက်ကလည်း တကယ့်ကိုအပျံစားပဲဆိုတော့ စားရင်းသောက်ရင်း “Doemal” အက်ပလီကေးရှင်းလေးသုံးပြီး “P for Pizza”ဆိုင်လေးမှာCheck-inလေးဝင်ရင်း၊Ratingလေးပေးလိုက်၊အစားအသောက်ပုံလေးတွေတင်လိုက်နဲ့ သာသာယာယာပဲပေ့ါဗျာ။

P for Pizzaကဲ….အဲ့တော့ တွေဝေမနေနဲ့တော့။ ကျွန်တော်ပြောတာတွေ ဟုတ်မဟုတ်ကိုယ်တိုင်သိရအောင် “P for Pizza”ဆိုင်ကအရသာရှိလှတဲ့ ပီဇာတွေ၊ပါစတာတွေနဲ့အခြားသောက်သုံးစရာဖျော်ရည်မျိုးစုံကိုသွားရောက်မြည်းစမ်းကြည့်လိုက်နော်။ အနည်းဆုံးတစ်ခေါက်လောက်တော့ သွားမြည်းစမ်းကြည့်သင့်တယ်ဗျ ပြီးရင်တော့ထပ်ခါထပ်ခါပြန်လာချင်နေမယ်ဆိုတာတော့အသေအချာပါပဲဗျာ။ဆိုင်လေးကိုရောက်ဖြစ်ခဲ့ရင်တော့ ကျွန်တော့်လိုပဲ ခံစားခဲ့ရတဲ့ထူးခြားကောင်းမွန်တဲ့အတွေ ့အကြုံလေးတွေကို DoeMal ကနေတဆင့်ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေကိုပြန်လည်မျှဝေပေးဖို့လည်း မမေ့နဲ့ဦးနော်။ဒါမှသူတို့လည်း ဒီလို ဆိုင်ကောင်းလေးကိုသိသွားမှာ။ကျွန်တော်လည်း DoeMal ကြောင့်သာမဟုတ်ရင် သိခွင့်ရခဲ့မှာမဟုတ်ဘူး… ကြာပါတယ် ခုပဲသူငယ်ချင်းတွေကို ခေါ်ပြီးသွားစားဖို့ချိန်းလိုက်ရအောင်။ P for Pizza ဆိုင်နေရာ၊ဖုန်းနံပါတ် စတဲ့အချက်အလက်တွေကိုတော့ DoeMal မှာရှာကြည့်လို

“P for Pizza” ကို Doemal Application မှာ ရှာရန် :https://play.google.com/store/apps/details?id=code2lab.com.doemal&hl=en

P for Pizza P For Pizza

အမှတ် (၁၆၂) အေ၊ ယောမင်းကြီးလမ်း၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top