အစားအစာသစ် မိတ်ဆက်ခြင်း

ဟင်းခတ်အမွှေးအကြိုင်များနှင့် ထုံသင်းနေသော အိန္ဒိယအစားအစာများကို ကြိုက်နှစ်သက်ပါသလား။

အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အစားအစာများ

အိန္ဒိယအစားအစာများသည် အခြားသောအစားအစာများနှင့် အရသာကွဲပြားရုံသာမက ချက်ပြုတ်နည်းများလည်း ကွာခြားလှပါသည်။ အိန္ဒိယအစားအစားများသည် အများအားဖြင့် ၄င်းတို့၏ ဟင်းခတ်အမွှေးအကြိုင်များကြောင့် အထူးကျော်ကြားလှပြီး အိန္ဒိယနိုင်ငံ၏ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် တစ်နိုင်ငံလုံး၏ အစားအစာချက်ပြုတ်ရာတွင်အသုံးပြုလျက်ရှိပါသည်။ ပါဝင်သော ဟင်းခတ်အမွှေးအကြိုင်တစ်ခုစီတိုင်းတွင် အာဟာရဓါတ်နှင့် ဆေးဘက်ဝင်ဂုဏ်သတ္တိများ ပါဝင်နေကာ အိန္ဒိယအစားအစာများသည် ကမ္ဘာတစ်ဝန်းလုံးတွင်ကျော်ကြားလျက်ရှိပြီး အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ပိုမိုရေပန်းစားလျက်ရှိသည်။ ယခုအခါတွင်မူ ကမ္ဘာတစ်ဝန်းလုံးတွင် အကျော်အကြားဆုံးသော အစားအစာတစ်ခုအဖြစ် ရပ်တည်နေလျက်ရှိသည်။

ဟင်းခတ်အမွှေးအကြိုင်များသည် အိန္ဒိယအစားအစာများကို တမူထူးခြားစေပြီး အသုံးပြု ချက်ပြုတ်ထားသော ဆေးဘက်ဝင် ဟင်းခတ်အမွှေးအကြိုင်များကြောင့် ထင်ရှားလှသည်။ ဥပမာအားဖြင့် အိုရီးဂါးနိုးအရွက်သည် အီတလီဟင်းပွဲများ၏ မပါမဖြစ် အရေးပါလှသော အရာအဖြစ်လည်းကောင်း၊ ငရုတ်သီးမှုန့်များသည် မက်ဆီကန်ဟင်းလျာများ၏ မပါမဖြစ် အရာအဖြစ်လည်းကောင်း အရေးပါလှပါသည်။ သို့သော် အိန္ဒိယဟင်းလျာများတွင် ပါဝင်အသုံးပြုထားသော ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့ သင်၏ နှာခေါင်းနှင့် အစာအိမ်ကို ဆွဲဆောင်ပြီး စားချင်စိတ်ဖြစ်ပေါ်လာအောင် မဆွဲဆောင်နိုင်ပါ။

ဟင်းခတ်အမွှေးအကြိုင်များသည် အစားအစာများကို အနံ့အရသာနှင့် အထူးပြည့်စုံစေရန်အတွက် အသုံးပြုလေ့ရှိကြသည်။ ဟင်းခတ်အမွှေးအကြိုင်တစ်ခုစီတိုင်းတွင် ထူးခြားသော အနံ့အရသာ ရှိသော်လည်း ဟင်းခတ်အမွှေးအကြိုင်များအားလုံး ပါဝင် ပေါင်းစပ်လိုက်သောအခါ အံ့သြမှင်သက်ဖွယ် ကောင်းသော အနံ့အရသာဖြင့် တမူထူးခြားစေပါသည်။ ဟင်းခတ်အမွှေးအကြိုင်များကို ဟင်းချက်ပြုတ်ရာတွင် အနံ့အရသာပြည့်စုံစေရန် အသုံးပြုသည်သာမက ကျန်းမာရေးအတွက်လည်း အသုံးပြုလေ့ ရှိကြသည်။ဟင်းခတ်အမွှေးအကြိုင်များသည် အိန္ဒိယအစားအစာများကို အနံ့အရသာနှင့် တစ်မူထူးခြားအောင် ဖန်တီးပေးသော အရာများဖြစ်ပြီး အိန္ဒိယအစားအစာများတွင် အဓိက အားဖြင့်အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များတွင် တစ်ခုအပါအဝင်ဖြစ်သော ကုံကုမံသည် ကောင်းမွန်လှသည့် အနံ့အရသာရှိသော ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး ဟင်းလျာများ အရောင်အဆင်း လှပစေရန်အတွက် အဓိက အသုံးပြုပါသည်။ ဖာလာစေ့များကို အိန္ဒိယအစားအစာ အမျိုးမျိုးတွင် ထည့်သွင်းအသုံးပြုပြီး အများအားဖြင့် ဒံပေါက်များနှင့် ဟင်းရည်များချက်ပြုတ်ရာတွင် အသုံးများပါသည်။ သစ်ကြံပိုးခေါက်များသည်လည်း အိန္ဒိယအစားအစာ ဒံပေါက်နှင့် အခြားသော ဟင်းလျာများတွင် မပါမဖြစ်အသုံးပြုပြီး မွှေးကြိုင်လန်းဆန်းစေသော အနံ့ကြောင့် အိန္ဒိယနိုင်ငံ၏ အိမ်တိုင်းတွင် မရှိမဖြစ် အသုံးပြုသော အရာဖြစ်ပါသည်။ တရုတ်နံနံစေ့အမှုန့်ကို အိန္ဒိယနိုင်ငံ၏ ထင်ရှုားသော ဟင်းလျာဖြစ်သော မန်ကျည်းသီးကို အဓိကအသုံးပြုပြီး ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ငရုတ်ကောင်း နှင့် အခြားသောဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်ထားသော Rasam ဟင်းရည် နှင့် Sambar ဟုခေါ်သော ဟင်းသီးဟင်းရွက်များ၊ ပဲများနှင့် မန်ကျည်းသီးဖြင့် ချက်ပြုတ်ထားသော ပဲကုလား ဟင်းရည်တို့တွင် မပါမဖြစ်ပါဝင်သော အရာအဖြစ် အသုံးများသည်။ နံနံရွက် များသည် အများအားဖြင့် အစားအစာများကို အလှဆင်ရာတွင် အသုံးပြုလေ့ရှိကာ ရှိန်းခိုအရွက်သည် စူးရှလှသော အနံ့ပြင်းပြင်းကြောင့် နတ်ဆိုး၏ မစင်ဟုလည်းခေါ်တတ်ကြပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အိန္ဒိယနိုင်ငံတောင်ပိုင်း၏ ဟင်းလျာများတွင် တမူထူးခြားသော အနံ့အရသာအတွက် အသုံးပြု လေ့ရှိသည်။ အလွန်ထင်ရှားလှသော အိန္ဒိိယသိုးသားဟင်း တွင် အဓိကအားဖြင့် ဇီရာစေ့နှင့် ဟင်းခတ်အရွက်တို့ကို အသုံးပြု ချက်ပြုတ်ထားပြီး အိန္ဒိိယနိုင်ငံ၏ မီးဖိုချောင်တိုင်းတွင် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါသည်။ ငရုတ်ကောင်းသည် ဟင်းခတ်အမွှေးအကြိုင်များ၏ ဘုရင်ဆိုသည့်အတိုင်း အိန္ဒိယဟင်းလျာများကို ကျော်ကြားအောင်ပြုလုပ်ပေးနေသော ဟင်းခတ် အမွေးအကြိုင်တစ်ခုဖြစ်ပြီး ဟင်းလျာများ၊ ဟင်းရည်၊ ဟင်းချိုများတွင် အနံအရသာအတွက် အသုံးပြုပါသည်။

ဟင်းခတ်အမွှေးအကြိုင်များကြောင့် အထူးကျော်ကြားလှသော အိန္ဒိယအစားအစာ ဟင်းလျာများမှာ – Rogan Josh သိုးသားဟင်း၊ Kerala ဒေသ၏ ကြက်သားအုန်းနို့ဟင်း၊ အိန္ဒိယစတိုင် ကြက်သားငရုတ်သီးဟင်း၊ ထမင်းနှင့် ပဲနီဟင်း၊ ကြက်သားမဆလာချက်၊ Karal ဒေသ၏ ပဲစိမ်းသုတ်၊ ပဲနီလေးဟင်း၊ ဒံပေါက်၊ ပဲကုလားဟင်း၊ အိန္ဒိယစတိုင် ကြက်ဥမွကြော်နှင့် အခြားသော ဟင်းလျာများဖြစ်ပါသည်။

ယခုအခါတွင် အိန္ဒိယအစားအစာများသည် နေရာအနှ့ံအပြားတွင် ရရှိနိုင်ပြီး မွှေးကြိုင်လှသော ဟင်းခတ်အမွှေးအကြိုင်များကြောင့် လူတိုင်း နှစ်ခြိုက်လျက်ရှိကာ ပြည့်စုံလှသော အနံ့အရသာသည် သင့်အား ကမ္ဘာအသစ်တစ်ခုသို့ ခေါ်ဆောင်သွားသကဲ့သို့ ပြုလုပ်နိုင်ပါသည်။ အိန္ဒိယအစားအစာများကို မြည်းစမ်းလိုသူများအတွက် အောက်ဖော်ပြပါစားသောက်ဆိုင်များသည် ဟင်းခတ် အမွှေးအကြိုင်များဖြင့် ချက်ပြုတ်ထားသောအိန္ဒိယဟင်းလျာများရှိရာ ကမ္ဘာသစ်တစ်ခုကို ခေါ်ဆောင်သွားနိုင်ပါသည်။

မရီလ်နာ အိန္ဒိယစားသောက်ဆိုင် (Marina Indian Restaurant)မန်(န်)ရီနာ အိန္ဒိယစားသောက်ဆိုင် (The Marina Indian Restaurant)

အမှတ် (၆၃)၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

တာ့ဂျ် အိန္ဒိယစားသောက်ဆိုင် (The Taj Indian Restaurant)တာ့ဂျ် အိန္ဒိယစားသောက်ဆိုင် (The Taj Indian Restaurant)

အမှတ်( ဘီ ၉)၊ အောင်ဆန်းကွင်းအနီး၊ ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့်၊ ရန်ကုန်မြို့။

အိန္ဒိယ တာ့်တ်က (Indian Tadka)အိန္ဒိယ တာ့်တ်က (Indian Tadka)

အမှတ်(၇ အေ)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

အိန္ဒိယ မီးဖိုဆောင် (India Kitchen)အိန္ဒိယ မီးဖိုဆောင် (India Kitchen)

အမှတ်(၂၉၇)၊ မြေညီထပ်၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တစ်ထောင်၊ ရန်ကုန်မြို့။

တိတု(စ်) အိန္ဒိယ ငှက်ပျောရွက် စားသောက်ဆိုင် (Titu's Indian Banana Leaf Restaurant)တိတု(စ်) အိန္ဒိယ ငှက်ပျောရွက် စားသောက်ဆိုင် (Titu’s Indian Banana Leaf Restaurant)

အမှတ် (၂၃၅)၊ မြေညီထပ်၊ ၃၂လမ်း၊ ဆူးလေရှန်ကရီလာဟိုတယ်အနောက်၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top