ဂျပန်

အာရှ၏ စိတ်ဝင်စားစရာကောင်းလှသော အစားအစာများ

စိတ်ဝင်စားစရာကောင်းလှသော အစားအစာများ

အာရှသည် ကမ္ဘာလှည့် ခရီးသွားအများဆုံးစု အကြိုက်နှစ်သက်ဆုံးနေရာ ဖြစ်ပြီး ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသော နေရာတစ်ခု ဖြစ်ပါသည်။ နိုင်ငံအလိုက် လူမျိုးစုံတို့၏ စိတ်ဝင်စားစရာ အစားအစာများကို လည်း စုံလင်စွာ တွေ့မြင်ခံစားနိုင်ပြီး အစားအစာ အများစုသည်လည်း တစ်မူထူးခြားကာ ကမ္ဘာအနှံ့မှ စိတ်ဝင်စား ကြသည်။

ပုစွန်အရက်သမားဟင်းပုစွန်အရက်သမားဟင်းသည် ပုစွန်ကို ယမကာ သို့မဟုတ် ဝိုင်ဖြင့် ချက်ပြုတ်ပြင်ဆင်ထားသော ဟင်းလုံးဝမဟုတ်ပါ။ ၎င်းဟင်းလျာသည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံးသော ဟင်းလျာတစ်ခု ဖြစ်ကာ ယမကာထဲတွင် ရေချိုပုစွန်အရှင်များကို စိမ်ကာ စားသုံးခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဒေသများအလိုက် ထိုဟင်းလျာကို ပြင်ဆင် ချက်ပြုတ်ပုံ မျိုးစုံ ဖြင့် တွေ့မြင်နိုင်ပါသည်။
ဘဲမြေမနင်းသားဘဲမြေမနင်းသားသည် ဘဲဥအခွံထဲရှိ ဖွံ့ဖြိုးဆဲ ဘဲသန္ဓေသားကို ပြုတ်ကာ စားသုံးရသော ဟင်းလျာ ဖြစ်ပြီး ထို ဟင်းလျာကို စားသုံးသောအခါ အခွံခွာလိုက်သည်နှင့် ဘဲသန္ဓေသားလောင်းလေးကို မြင်တွေ့ရမှာပင် ဖြစ်ပါသည်။ အများအားဖြင့် ဘဲမြေမနင်းသားပြုတ်ကို ဘီယာဖြင့် တွဲဖက်သုံးဆောင်လေ့ရှိကြကာ ၎င်းသည် ဖိလစ်ပိုင် နိုင်ငံမှ စတင်စားသုံးသော ဟင်းလျာ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားများသည် ထိုဟင်းလျာကို ပြင်ဆင်ရာတွင် ဆား၊ ငရုတ်သီး၊ ကြက်သွန်ဖြူ နှင့် ရှာလကာရည်တို့ဖြင့် အရသာသွင်းကာ ပြုလုပ်ပြီး ဖိလစ်ပိုင်နိုုင်ငံအပြင် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင်လည်း ကျော်ကြားသော အစားအစာအဖြစ် ရပ်တည်နေပါသည်။
ပင့်ကူ ကြော်ပရိုတင်းဓါတ် ကြွယ်ဝစွာပါ ရှိသော အင်းဆက် အကြွပ်ကြော်များဖြစ်သော ကင်းမြီးကောက်ကြော်၊ ပုရစ်ကြော်၊ ပုရွက်ဆိတ်ကြော်နှင့် အခြားသော အင်းဆက်များသည် အာရှ၏ စိတ်ဝင်စားဖွယ်ကောင်းလှသော အစားအစာများတွင် တစ်စိတ်တပိုင်း အပါအဝင် ဖြစ်ပါသည်။ လူအများစုသည် ကြောက်စရာ အသွင်ပုံစံ ရှိသော ပင့်ကူကြီးများကို မြင်လိုက်သည်နှင့် ကြက်သီးထ တတ်ကြပြီး ရုပ်ရှင်အများစုတွင်လည်း ကြောက်မက်ဖွယ် ဇာတ်ကားများ၏ ဇာတ်ကောင်များအဖြစ် ပင့်ကူကြီးများ ပါရှိတတ်သည်။ သို့သော်ငြားလည်း ကမ္ဘောဒီးယားတွင် မူပင့်ကူများကို စားစရာ အဖြစ်သာ ထင်မြင်ကြပြီး ဒေသ၏ အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ ပင့်ကူ၏ ခေါင်းနှင့် ကိုယ်မှ အသားများ၏ အရသာသည် ကြက်သားနှင့် အရသာ ဆင်တူသည်ဟု ဆိုကြသည်။

ပုရွက်ဆိတ်ဥဖြူ ဟင်းချိုနောက်ထပ် စိတ်ဝင်စားစရာ အင်းဆက် ဟင်းအမယ်မှာ ပုရွက်ဆိတ်ဥဖြူ ဟင်းချိုဖြစ်ပါသည်။ ထိုဟင်းချိုကို ပုရွက်ဆိတ်ဥဖြူများ၊ ပုရွက်ဆိတ်သားလောင်းများနှင့် ပုရွက်ဆိတ်လေးများနှင့် ချက်ပြုတ်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ခါချဉ်ထောင်းဟု ခေါ်သော ခါချဉ်ကောင်များကို ထောင်းကာ အသုပ်ပုံစံဖန်တီးထားသော ဟင်းလျာမှာလည်း စိတ်ဝင်စားဖွယ်ရာ ဟင်းတစ်မျိုးပင် ဖြစ်ပါသည်။ စားဖူးသူများ၏ ပြောပြချက်အရ ပုရွက်ဆိတ်ဥများ၏ အရသာသည် ချဉ်သော အရသာရှိသည်ဟု ဆိုကြသည်။ သင်ရော မြည်းစမ်းလိုပါသလား။

မိချောင်းသားဟင်းမိချောင်းများသည် ရေသတ္တဝါများ၏ ဘုရင်ဟု လူအများက ယူဆကြပြီး အန္တရာယ် ပေးနိုင်သော တိုက်ခိုက်မှုများနှင့် လူသားတို့၏ အသားကို စားသုံးသောကြောင့် ကြောက်စရာ သတ္တဝါ တစ်ကောင်အဖြစ်လည်း သတ်မှတ်ထားကြသည်။ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံများ၏ စားသောက်ဆိုင်များတွင် မိချောင်းသားဟင်းလျာသည် အရသာရှိသော အထက်တန်းစား အထူးဟင်းလျာ အဖြစ် သတ်မှတ်ထားကြသည်။ ကြက်သားနှင့် အရသာတူသော်လည်း ကြက်သားထက်ပိုပြီး နူးညံ့သော မိချောင်းသားများကို ချက်ပြုတ်ရာတွင် ဆေးဘက်ဝင် အပင်များ၊ ဟင်းခတ်အမွှေးအကြိုင်များ ကို မီးအေးအေးဖြင့် ချက်ပြုတ် ပြင်ဆင်ရောင်းချလေ့ရှိသည်။
ဟာဘူးစိက်ခ်ဟာဘူးစိက်ခ် သည် ဆေးဘက်ဝင် ဆေးပင်များ နှင့် ပျားရည်တို့အပြင် မြွေကို ရောကာ စိမ်ထားသော အိုခီနာဝါ၏ အထူးယမကာ တစ်မျိုးဖြစ်ပါသည်။ သောက်သုံးဖူးသူများကမူ ထိုအရက်၏ အရသာသည် အဝင် ပြင်းလှသော်လည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်စေသည်။
ငါးမန်းတောင် ဟင်းချိုငါးမန်းတောင် ဟင်းချိုသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတွင် မင်္ဂလာပွဲများနှင့် အခမ်အနားများတွင် သုံးဆောင်လေ့ရှိသော ဟင်းလျာများဖြစ်ပြီး တရုတ်နိုင်ငံတွင် အထက်တန်းစားဟင်း အဖြစ်သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံတွင် ငါးမန်း၏ သားရည်ကို မြေပဲမှုန့်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ နံနံပင် နှင့်ငံပြာရည် များနှင့် ရောစပ်ကာ ငါးမန်းသားရည်သုပ် အဖြစ်သုံးဆောင်ကြသည်။

အာရှတိုက်သည် စိတ်ဝင်စားစရာ ကောင်းလှသော အစားအစာများရှိရာ ရတနာသိုက် သဖွယ် နေရာတစ်ခုဖြစ် ပြီး အတွေ့အကြုံသစ်များကို လည်းပေးစွမ်းနိုင်ပါသည်။ အာရှတိုက်၏ အစားအစာများထဲတွင် သင်မည်သည့်အစားအစာ ကိုစိတ်ဝင်စားမိပါသလဲ။

Photo credit:
http://www.best10travel.com/10-weird-asian-foods/
http://eatdrinkkl.blogspot.com/2012/11/krocies-ss2.html
http://www.telegraph.co.uk/news/worldnews/asia/china/11013301/China-takes-shark-fin-soup-off-the-menu.html
http://perolahammar.com/weird-food-delicacies-from-asia/(Snake)
http://www.telegraph.co.uk/news/worldnews/asia/china/11013301/China-takes-shark-fin-soup-off-the-menu.html
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top