ကိုးရီးယား

အာရှစတိုင် မနက်စာများ

အာရှနံနက်စာ

မနက်စာများသည် နေ့တစ်နေ့ကို စတင်နိုင်ရန်အတွက် အလွန်အရေးပါလှပြီး ခွန်အားပြည့်ဝစွာဖြင့် ဖြတ်သန်းစေနိုင်ရန် အထောက်အကူပေးပါသည်။ အဟာရပြည့်ဝသော မနက်စာများသည် သွေးအတွင်းရှိ သကြားဓါတ်ကို ထိန်းညှိပေးထားနိုင်ပြီး ကိုယ်အလေးချိန် ထိန်းချုပ်လိုခြင်းနှင့် ကိုယ်အလေးချိန်လျော့ချခြင်း များအတွက်လည်း အထောက်အကူ ပေးပါသည်။ မနက်စာ ပုံမှန် စားသုံးသူများသည် မနက်စာ ပုံမှန်မစားသုံးသူများထက်ပိုပြီး ကျန်းမာရေးကောင်းမွန်တတ်ကြသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ရိုးရာ ယဉ်ကျေးမှုနှင့် ဒေသထွက် ဟင်းခတ်ပါဝင် ပစ္စည်းများပေါ် မူတည်ကာ မနက်စာများကို ပုံစံမျိုးစုံဖြင့် တွေ့မြင်နိုင်ပါသည်။ အာရှနိုင်ငံများ၏ မနက်စာများတွင် အဓိကအားဖြင့် ဆန်ကို အခြေခံပြီး ပြုလုပ်ဖန်တီးလေ့ရှိသော အစားအစာများကို အများအပြားတွေ့မြင် နိုင်ပါသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဆန်ကို အဓိကထား စားသုံးသော နိုင်ငံဖြစ်ပါသည်။ မြန်မာ့ ရိုးရာ မနက်စာများသည် အများအားဖြင့် ဆန်ကို အခြေခံပြီး ပြုလုပ်ထားသော အစားအစာများ ပါဝင်ပြီး မနက်ခင်းတွင် ပဲပြုတ်ထမင်းကြော်၊ မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း၊ အုန်းနို့ခေါက်ဆွဲနှင့် ဆန်ဖြင့် ပြုလုပ်ထားသော မုန့်များကို မနက်စာ အဖြစ် စားသုံးလေ့ရှိကြသည်။

ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ အဓိက စားသုံးသော မနက်စာမှာ ဆန်ပြုတ်နှင့် ဒင်းဆမ်း (ပေါက်စီ) တို့ဖြစ်ပါသည်။  တစ်ခါတရံ ထမင်းနှင့်အတူ ဟင်းသီးဟင်းရွက်များ၊ အသားနှင့် ငါးများကို တွဲဖက်ကာ မနက်စာ အဖြစ် စားသုံးတတ်ကြပါသေးသည်။ တရုတ်နိုင်ငံ၏ ဒေသအများအပြားတွင် ဒင်းဆမ်းကို မနက်စာ အဖြစ် အများဆုံး စားသုံးကြပြီး လူကြိုက်များလှသည့် မနက်စာ ဖြစ်သော ဆန်ပြုတ်ကို အသား၊ ဟင်းသီး ဟင်းရွက်များ နှင့် အခြားသော ဟင်းခတ် အမွှေးအကြိုင်များကို ထည့်သွင်းကာ ချက်ပြုတ်ထားခြင်း ဖြစ်ပါသည်။ မနက်စာ နှင့် အတူ လက်ဖက်ရည် ပူပူ တစ်ခွက်ကို တွဲဖက်ကာ သုံးဆောင်တတ်ကြသည်။

ကိုရီးယားနိုင်ငံ၏ မနက်စာအဖြစ် စားသုံးသော အစားအစာများကို  နေ့လည်စာ နှင့် ညနေစာများတွင် တွေ့ရှိနိုင်ပါသည်။ မနက်စာသည် အများအားဖြင့် ထမင်းကို ရိုးရာ အစားအစာ ကင်မ်ချီ၊ သခွားသီး အစပ်သုပ်၊ ဟင်းရည်တစ်ခွက် နှင့် အသားဟင်းများနှင့် အတူ စားသုံးလေ့ရှိကြကြောင်း တွေ့ရှိရသည်။ ယမကာ သောက်သုံးပြီး မနက်ခင်းတွင် ခေါင်းကိုက်တတ်သူများအတွက် Haejang စွပ်ပြုတ်သည် အကောင်းဆုံးသော မနက်စာ ဖြစ်ပါသည်။။ Haejang စွပ်ပြုတ်ကို ဂေါ်ဖီခြောက်၊ ဟင်းသီးဟင်းရွက်များ၊ အသား နှင့် အမဲသား အရိုးပြုတ်ရည်တို့ဖြင့် ပြုလုပ်ဖန်တီးထားပါသည်။

နံပြား၊ တိုရှည် နှင့် ပဲဟင်းရည် ၊ ဆန်မုန့်ပေါင်း၊ အာလူးဟင်းနှင့် အိန္ဒိယ လက်ဖက်ရည် တစ်ခွက်တို့သည် အိန္ဒိယနိုင်ငံတွင် အများဆုံး စားသုံးသော မနက်စာများ ဖြစ်ကြပါသည်။

ရိုးရှင်းလှသော ဂျပန်ရိုးရာ မနက်စာများတွင် ထမင်း၊ ပဲငပိ ဖြင့် ချက်ပြုတ်ထားသော မီဆို စွပ်ပြုတ်၊ ငါး ၊ အသားဟင်း နှင့် ကြက်ဥ လိပ်ကြော်တို့အပြင် အရံဟင်းများအဖြစ်  ပဲငပိနှင့် အခြားသော ဆားရည်စိမ် ထားသော ဟင်းသီးဟင်းရွက်များ ပါဝင်ပါသည်။ ဂျပန်ရိုးရာ မနက်စာများသည် အမြင်အားဖြင့် ရိုးရှင်းလှသော်လည်း အရသာ  နှင့် အာဟာရမှာမူ အထူး ပြည့်စုံလှပါသည်။

ဗီယက်နမ် မနက်စာများတွင် ‘ဖူ’သည်  အထူးကျော်ကြားလှသော မနက်စာ တစ်မျိုး ဖြစ်ပြီး အမဲ အရိုးပြုတ်ရည်၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ကြက်သွန်နီနှင့် ဂျင်းများ ပါဝင်ချက်ပြုတ် ပြင်ဆင်ထားသော ဟင်းလျာ ဖြစ်ပါသည်။  အရသာ ရှိလှသော ဗီယက်နမ် မနက်စာများမှာ ထမင်းနှင့် ဟင်းချို သို့မဟုတ်  အမဲသား၊ ကြက်သား၊ ဝက်သား ဖြင့် ပြင်ဆင်ထားသော ခေါက်ဆွဲပြုတ်များ၊ ဗီယက်နမ် ပေါင်မုန့်၊ ကောက်ညှင်းပေါင်း နှင့် အစရှိသည်တို့ ဖြစ်ပြီး ချိုမြိန်ပြီး နို့အရသာ ခပ်ဆိမ့်ဆိမ့် ရှိသည့် ကော်ဖီတစ်ခွက် ဖြင့် သုံးဆောင်လေ့ ရှိသည်။

ထိုင်းရိုးရာ မနက်စာများသည် နေ့လည်စာ၊ ညနေစာ များတွင် စားသုံးသော ဟင်းလျာများနှင့် အတူတူပင် ဖြစ်ပါသည်။ မနက်စာများကို လမ်းဘေးတွင် ရောင်းချနေသော စားသောက်ဆိုင်များတွင် အလွယ်တကူ  ဖြင့်တစ်နေကုန်လုံး ဝယ်ယူ သုံးဆောင် နိုင်ပါသည်။  ထိုင်းနိုင်ငံတွင် မနက်စာအဖြစ် ထိုင်းစတိုင် ဆန်ပြုတ်၊ ထိုင်း ဆန်လှော် ငါးဟင်းရည်၊ ထိုင်းစတိုင် ကြက်ဥမွှေကြော်၊ ထမင်းကြော်၊ ထမင်းနှင့် ဟင်းများ အစရှိသည်တို့ကို သုံးဆောင်တတ်ကြပါသည်။

စင်ကာပူ နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အားလျော်စွာ အစားအစာအများစုမှာ တူညီကြသည်။ လူကြိုက်အများဆုံး မနက်စာ ဖြစ်သော  ထမင်းကို အုန်းနို့၊ ချင်း၊ စပါးလင်နှင့် ဆွမ်းမွှေး ရွက် ဖြင့် ချက်ပြုတ်ထားသော Nasil Lemark သည် နှစ်နိုင်ငံလုံး၏ လူအများစားသုံးလေ့ရှိသော မနက်စာ ဖြစ်ပါသည်။ ၎င်းကို သုံးဆောင်ရာတွင် ကြက်သား၊ အမဲသား နှင့် ငါးဟင်းတို့ဖြင့် စားသုံးလေ့ရှိပြီး စားသောက်ဆိုင်များတွင် အလွယ်တကူ ရရှိနိုင်သော အစားအစာ ဖြစ်ပါသည်။

အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများ၏ မနက်စာ ကြိုက်နှစ်သက်မှုများသည် ကွဲပြားမှုများ ရှိနိုင်ပါသည်။ အာရှနိုင်ငံများ၏ မနက်စာအများစုသည် အာဟာရ တန်ဖိုး မြင့်မားစွာ ပါဝင်ရုံသာမက ရိုးရာ ယဉ်ကျေးမှု အငွေ့အသက်များကို ပါ ခံစား စေနိုင်ပါသည်။

Cyclo Vietnamese RestaurantCyclo ဗီယက်နမ် စားသောက်ဆိုင်

အမှတ် (၁၃၃)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

My Garden Unplugged RestaurantMy Garden စားသောက်ဆိုင်

အလုံလမ်း၊ Sumit Park View ဟိုတယ် မျက်နှာချင်းဆိုင်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

TobaToba

အမှတ်(၁၅)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Khaing Khaing Kyaw Traditional food centerခိုင်ခိုင်ကျော် (Khaing Khaing Kyaw)

အမှတ် (၆၇၁)၊ ငါးမိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့။

Princess IrrawaddyPrincess Irrawaddy Breakfast Special

(၄) လမ်းထောင့်၊ အနော်ရထာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top