Lifestyle

အလြယ္ကူဆံုးနဲ႕ အလ်င္ျမန္ဆံုးခ်က္ၿပဳတ္ႏုိင္တဲ့ ကရင္ရိုးရာ တာလေပါ့ဟင္း

ပူပူစပ်စပ်နဲ့ ကရင်ရိုးရာတာလပေါ့ဟင်းလေးကလည်း ဆောင်းတွင်းမှာ သင့်ကို နွေးထွေးမှုတွေပေးနိုင်ပါသေးတယ်။ ကရင်တာလပေါ့ဟင်းက တော်ရုံတန်ရုံဆိုင်တွေမှာ မရောင်းတတ်တာမို့ အိမ်မှာစမ်းချက်ကြည့်ရအောင် အလွယ်ကူဆုံးချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အခုဖော်ပြပေးမှာကတော့ မျစ်တာလပေါ့ဟင်းလေးပါ။


ပါဝင်ပစ္စည်းများ (၂ယောက်စာ)

မျစ်နု (၅ချောင်းခန့်)
ပင်စိမ်း (၁စည်း)
ဒန့်ဒလွန်ရွက် (၁စည်း)
ငါး (၂၅ကျပ်သားခန့်) မည်သည့်ငါးမဆို (ငါးကြင်းကဲ့သို့အသားများသည့်ငါးဆိုရင်ပိုကောင်းသည်)
ဓညင်းသီး (၂လုံးခန့်)
မျှင်ငါးပိ အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
ဆန်မှုန့်အနည်းငယ် (ဆန်ကိုရေစိမ်ထောင်းပြီး အရေဖျော်ထည့်လည်းရ)
ဆားအနည်းငယ်

မျစ်တွေကို ပါးပါးလှီးပြီး ဆားအနည်းငယ်ထည့်ကာ နာရီဝက်ခန့် ပြုတ်ထားပါ။ ပြီးရင် အရည်တွေကို သွန်ပြီး ထားထားပါ။

အိုးတစ်ခုထဲမှာ ငါး၊ ပြုတ်ထားတဲ့ မျစ်တို့ကို ရောထည့်ပါ။ ရေကိုတစ်ဝက်ခန့်ထည့်ပြီးဆူအောင်တည်ပါ။ ဆူလာပါက ငပိအနည်းငယ်၊ ဆားအနည်းငယ်၊ ဓညင်းသီးပါးပါးလှီးထားတာကို ထည့်ပါ။ ဆယ့်ငါးမိနစ်ခန့် ဆူအောင် တည်ပါ။ ထို့နောက် ပင်စိမ်း၊ ဒန့်ဒလွန်ရွက်တို့ကို ထည့်ပါ။ ငရုတ်ကောင်းကို ထည့်ပါ။ သုံးမိနစ်ခန့်ထားပြီး ဆူပွက်လာပါက ဆန်မှုန့်ကိုအရည်ဖျော်ထားတာကိုလောင်းထည့်ပါ။ ဟင်းအိုဆူက ဟင်းရည် အနည်းငယ်ပျစ်လာပါက အဆင့်သင့်သုံးဆောင်လို့ရပါပြီ။

 

 

[Unicode]

ပူပူစပ္စပ္နဲ႔ ကရင္ရိုးရာတာလေပါ့ဟင္းေလးကလည္း ေဆာင္းတြင္းမွာ သင့္ကို ေႏြးေထြးမႈေတြေပးႏုိင္ပါေသးတယ္။ ကရင္တာလေပါ့ဟင္းက ေတာ္ရံုတန္ရံုဆိုင္ေတြမွာ မေရာင္းတတ္တာမို႔ အိမ္မွာစမ္းခ်က္ၾကည့္ရေအာင္ အလြယ္ကူဆံုးခ်က္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ အခုေဖာ္ျပေပးမွာကေတာ့ မ်စ္တာလေပါ့ဟင္းေလးပါ။

ပါဝင္ပစၥည္းမ်ား (၂ေယာက္စာ)

မ်စ္ႏု (၅ေခ်ာင္းခန္႕)

ပင္စိမ္း (၁စည္း)

ဒန္႔ဒလြန္ရြက္ (၁စည္း)

ငါး (၂၅က်ပ္သားခန္႕) မည္သည့္ငါးမဆို (ငါးၾကင္းကဲ့သို႔အသားမ်ားသည့္ငါးဆိုရင္ပိုေကာင္းသည္)

ဒညင္းသီး (၂လံုးခန္႕)

မွ်င္ငါးပိ အနည္းငယ္

ငရုတ္ေကာင္း အနည္းငယ္

ငရုတ္သီးစိမ္း အနည္းငယ္

ဆန္မႈန္႔အနည္းငယ္ (ဆန္ကိုေရစိမ္ေထာင္းၿပီး အေရေဖ်ာ္ထည့္လည္းရ)

ဆားအနည္းငယ္

 

မ်စ္ေတြကို ပါးပါးလွီးၿပီး ဆားအနည္းငယ္ထည့္ကာ နာရီ၀က္ခန္႕ ျပဳတ္ထားပါ။ ၿပီးရင္ အရည္ေတြကို သြန္ၿပီး ထားထားပါ။

အိုးတစ္ခုထဲမွာ ငါး၊ ျပဳတ္ထားတဲ့ မ်စ္တုိ႔ကို ေရာထည့္ပါ။ ေရကိုတစ္ဝက္ခန္+ထည့္ၿပီးဆူေအာင္တည္ပါ။ ဆူလာပါက ငပိအနည္းငယ္၊ ဆားအနည္းငယ္၊ ဓညင္းသီးပါးပါးလွီးထားတာကို ထည့္ပါ။ ဆယ့္ငါးမိနစ္ခန္႔ ဆူေအာင္ တည္ပါ။ ထို႔ေနာက္ ပင္စိမ္း၊ ဒန္႔ဒလြန္ရြက္တို႔ကို ထည့္ပါ။ ငရုတ္ေကာင္းကို ထည့္ပါ။ သံုးမိနစ္ခန္႕ထားၿပီး ဆူပြက္လာပါက ဆန္မႈန္႕ကိုအရည္ေဖ်ာ္ထားတာကိုေလာင္းထည့္ပါ။ ဟင္းအိုဆူက ဟင္းရည္ အနည္းငယ္ပ်စ္လာပါက အဆင့္သင့္သံုးေဆာင္လို႔ရပါၿပီ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top