အီတလီ

အရသာရှိလှသော ပီဇာ တစ်ချပ်ဖြင့် ပျော်ရွှင်ဖွယ်ရာ ပိတ်ရက်များကို ဖြတ်သန်းခြင်း

ပီဇာ

တနင်္လာနေ့မှ သောကြာနေ့အထိ လုပ်ငန်းခွင်ထဲမှာ စိတ်ရော  ကိုယ်ပါအလုပ်လုပ်ခဲ့ ကြသူများအတွက် ပိတ်ရက်လေးများက အလွန်အဖိုးတန်လှပါသည်။ တန်ဖိုးရှိလှသော ပိတ်ရက်လေးများတွင် အေးဆေးအနားယူလိုပြီး မိသားစု သူငယ်ချင်းများနှင့် မချက်ပြုတ်ရပဲ အတူတကွ စားသုံးလို့ ရနိုင်သည့် အစားစာများထဲတွင် ပီဇာသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။  အလုပ်များပြီး ချက်ပြုတ်ရေးအတွက် အချိန်မပေးနိုင်သော မိသားစုများအတွက် ပီဇာသည် အကောင်းဆုံးဖြေရှင်းချက် တစ်ခုဖြစ်ပြီ နွေးထွေးစွာဖြင့် ချစ်ခင်ရသော မိသားစုများ ၊ မိတ်ဆွေများနှင့် အတူမျှဝေ စားသုံးနိုင်သော အစားအစာတစ်ခုလည်း ဖြစ်ပါသည်။

အီတလီ အစားအစာအများစုတွင် အမျိုးစုံလှသော ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများ၊ ဆော့စ်များ ၊ ချိစ်များနှင့် အသားများပါဝင်ပါသည်။  ပီဇာ ဟူသော စကားလုံးသည် အေဒီ ၉၉၇ တွင် အီတလီနိုင်ငံ တောင်ပိုင်း မှ ဆင်းသက်လာသော လက်တင်ဘာသာ စကားဖြစ်ပါသည်။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ပီဇာနှင့် အလားတူသည့် ပေါင်မုန့်ကို အရသာများ ထည့်သွင်းကာ ပြုလုပ်ခဲ့ကြကြောင်း ရှေးယခင် သမိုင်းများတွင် တွေ့ရှိရပါသည်။ ယနေ့ခေတ်တွင် တွေ့မြင်ရသောပီဇာများသည် ၁၈ ရာစုနှင့် ၁၉ ရာစု အစောပိုင်းတွင် ပေါင်မုန့်ပြားများပေါ်တွင် အရသာသွင်းပြုလုပ်ထားသော ဟင်းလျာများမှ တစ်စတစ်စ ပြောင်းလဲ တိုးတက်လာခြင်းပင် ဖြစ်ပြီး ပေါင်မုန့်ပြားပေါ်တွင် ကြက်သွန်ဖြူ၊ ဆား၊ ချိစ် နှင့် ပင်စိမ်းရွက်ကဲ့သို့ ဟင်းချက်အမွှေးကြိုင် အရွက်များကို အပေါ်မှ ဖြူးကာထည့်ထားခြင်းဖြစ်ပါသည်။ မုန့်တိုက်၊ မုန့်ဆိုင်များတွင် ၁၈၃၀ ခုနှစ်မှ ရောင်းချခဲ့သော ပီဇာများသည် ယနေ့ထက်တိုင် ရောင်းချလျက်ရှိပါသည်။

ပီဇာ သည် အီတာလီလျံ အစားအစာတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးဆော့စ် ၊ ချိစ်၊ အသီးအရွက်နှင့် အသားများကို ဂျုံပြားပေါ်တွင် ဖြူးကာ မီးဖိုထဲတွင် ဖုတ်ပြီး ပြုလုပ်ရသော အစားအစာဖြစ်ပါသည်။

ချစ်ခင်ရသော သူများနှင့်အတူတကွ စားသုံးသောအခါ၊ တစ်ခါတရံ ချက်ပြုတ်ထားသော ဟင်းများကို မစားချင်သောအခါ ပီဇာသည် အသင့်တော်ဆုံးအစားအစာ တစ်ခုဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာထဲမှ ပြုလုပ် ဖန်တီးခဲ့သော ပီဇာများသည် ပီဇာပြုလုပ်သူများ၏ တီထွင် မှုဖြင့်  အမျိုးအစားနှင့် အရသာမျိုးစုံ ဖြစ်လာပါသည်။ ပီဇာ အမျိုးအစား များစွာ ပေါ်ထွန်းလာ ခြင်းသည် နိုင်ငံနှင့် ဓလေ့ထုံးစံများ၊ ရိုးရာဟင်းများပေါ်တွင် များစွာ မူတည်နေပါသည်။ ကမ္ဘာ တစ်ဝန်းတွင် ပီဇာ သည် လူကြိုက်အများဆုံး အစားအစာ ဖြစ်လာပြီး မြန်မာနိုင်ငံတွင်ပါ တွင်ကျယ်စွာ လူကြိုက်များ စားသုံးလာကြပါသည်။ တိုးတက်လာသော ရန်ကုန်မြို့ကြီးတွင် အမျိုးစားစုံလင်စွာ ရရှိနိုင်သော ပီဇာ ဆိုင်များပေါ်ပေါက်လာပြီး အဓိက စားသုံးသူများမှာ လူငယ်များ ဖြစ်ကြပါသည်။ ရန်ကုန်မြို့တွင် ပီဇာအမျိုးအစား အစုံအလင် ရရှိနိုင်တဲ့ဆိုင်အချို့နှင့် ၄င်းတို့ရဲ့ အထူးပီဇာများကို ဖော်ပြပေးလိုက်ပါသည်။

ပီပါရိုန်နီပီဇာ(Peperoni Pizza)ပီပါရိုန်နီပီဇာ(Peperoni Pizza)

ပြည်ထောင်စု စီးပွားရေး စင်တာ၊ နတ်မောက်လမ်း၊ ဘိုချိုရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
အထူးပီဇာအမျိုးအစား – စူပီမီပီဇာ (Supreme Pizza)

လမ်း၅၀ ဘား(5oth street and bar)လမ်း၅၀ ဘား(5oth street and bar)
အမှတ်၉/၁၃၊ လမ်း၅၀၊ ဘိုတစ်ထောင် မြို့နယ်၊ ရန်ကုန်မြို့။
အထူးပီဇာအမျိုးအစား – ပင်လယ်စာပီဇာနှင့် ဟာဝေလီယံပီဇာ
ပါရမီပီဇာ(Parammi Pizza)ပါရမီပီဇာ(Parammi Pizza)
အမှတ် အေ၊၀၀၁၊ မြေညီထပ်၊ ရွှေဂုံပလာဇာ၊ ဗဟန်းမြို့တယ်၊ ရန်ကုန်မြို့။
အီတလီနိုင်ငံမှ စားဖိုမှူးကိုယ်ပိုင်ပြုလုပ် ဖန်တီးထားသော ပီဇာ။
ပပပီဇာ (Papa Pizza) ပပပီဇာ (Papa Pizza)
ယောမင်းကြီးလမ်း၊ ရန်ကုန်မြို့။
နယူးရော့စတိုင် ပါးလွှာ ကြွပ်ရွသော ပီဇာ
ပီဇာဟန့်တ် (Pizza Hut)ပီဇာဟန့်တ် (Pizza Hut)
စီတီးမတ်မားကတ်ပလေ့စ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဒယ်ပြားတွင် ပြုလုပ်ထားသော ကြွပ်ရွပြီး အရသာရှိသော ပီဇာ

သုတေသီများ၏ သုတေသန ပြုလုပ်ချက်များအရ လူအများစုသည် ပိတ်ရက်များတွင် ပီဇာကို ပိုမို စားသုံးကြကြောင်း တွေ့ရှိရပါသည်။ မိမိရဲ့ချစ်ခင်ရတဲ့ သူများနှင့် အတူတကွ ဝိုင်းဖွဲ့စားသုံးဖို့ အစီစဉ် ရှိခဲ့မယ်ဆိုရင် ဒီအပတ် ပိတ်ရက်လေးမှာ ပီဇာ လေးစားသုံးပြီး ဖြတ်သန်းဖို့ အကြံပြုပါရစေ။

ဒီတစ်ပတ်ရက် ပိိတ်ရက်လေးမှာ သူငယ်ချင်းမိတ်ဆွေ များနှင့်ပျော်ရွှင်ဖွယ်ရာ ပိိတ်ရက်လေးကို အရသာရှိလှတဲ့ ပီဇာ တစ်ချပ်နှင့် စတင်နိုင်ကြပါစေ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top