Lifestyle
အရသာရှိတဲ့မြန်မာအသုပ်လေးများ
မြန်မာလူမျိူးတွေဟာ အသုပ်လေးတွေစားလေ့ရှိကြပါတယ်။ အသုပ်ကိုလည်း ထမင်းဝို်င်း တွေမှာ အသုပ်လေးတွေမပါမဖြစ်် ပါအောင်လုပ်လေ့ရှိကြပါတယ်။မြန်မာ့ ရိုးရာအသုပ်တွေ ဟာ များသောအားဖြင့် အမယ်များတတ်ပါတယ်။ နှစ်ပြန်ကြော်လေးတွေနဲ့လည်း စုံအောင် လုပ်တတ်ကြပါသေးတယ်။ အသုပ်လေးတွေကြိုက်တတ်တဲ့သူတွေက ဒိီဆောင်းပါးလေးကို ဖတ်သင့်တယ်နော်။ ကိုမစားဖူးတာများရှိရင် မြည်းစမ်းလို့ရတာနော်။
၁. လက်ဖက်သုပ်
မြန်မာလို့ပြောတာနဲ့ လက်ဖက်သုပ်ကိုမေ့ထားလို့မရပါဘူး။ အသီးမှာ သရက် အသားမှာဝက် အရွက်မှာ လက်ဖက်ဆိုတဲ့အတိုင်း လက်ဖက်ကို ကြိုက်နှစ်သက်သူများ ပါတယ် ။ လက်ဖက်သုပ်ကတော့ အားလုံးသိတဲ့့ အတိုင်းပါပဲ ။ နှပ်ထားတဲ့လက်ဖက်ရွက်လေးတွေကို ပဲအစုံကြော်လေးနဲ့သုပ်စားရတာပါ။
၂. ဂျင်းသုပ်
ဂျင်းအဖတ်သေးသေးလေးတွေကို အကြော်စုံလေးနဲ့ သုပ်စားရတာပေါ့ ။ဂျင်းသုပ်ဟာ ကျန်းမာရေး အတွက်လည်းအထောက်အကူပြုပါတယ်။ ဂျင်းသုပ်လေးကတော့ မြန်မာ့ရေနွေးကြမ်းလေးနဲ့ တော်တော်လေးလိုက်ဖက်ပါတယ်။
၃.မြင်းခွာရွက်သုပ်
မြင်းခွာရွက်သုပ်ကတော့ ယမကာလေးသောက်နေတဲ့ အချိန်တော်တော်လေး လိုက်ဖက်ပါတယ်။ မြင်းခွာရွက်က ကျန်းမာရေးနဲ့လည်း တော်တော်လေးညီညွတ်လို့ များများစားပေးသင့်ပါတယ်။
၄.ဆေးဘဲဥသုပ်
ဆေးဘဲဥက အမှန်တစ်ကယ်မှာတော့ တရုတ်အစားအစာပါ။
ဆေးဘဲဥကို ကျွန်မတို့မြန်မာတွေကတော့ ခရမ်းချဉ်သီးလေး၊ ဂေါ်ဖီလေးနဲ့ သုပ်စားကြပါတယ်။ ထမင်းလေးနဲ့ တော်တော်လေးလိုက်ဖက်ပါတယ်။
၅. ပဲခြမ်းသုပ်
ပဲခြမ်းသုပ်ကို ကတော့တော်တော်လေးလွယ်ကူပြီး စားလို့ကောင်းပါတယ်။ ကျေးလက်တောရွာတွေရဲ့ ဧည့်ခံအစားအစာဆိုလည်း မလွဲပါဘူး။ ပဲခြမ်းလေးတွေကို ကြက်သွန်နီ ၊ဆီရယ်ဆားရယ်နဲ့ သံပုရာသီးလေးညှစ်ပြီးသုပ်ထားတာဖြစ်လို့ အကုန်အကျလည်းသက်သာပြီး အရသာလည်းရှိပါတယ်။
၆.ခရမ်းချဉ်သီးသုပ်
ခရမ်းချဉ်သီးသုပ်ကတော့ ဝိတ်ချနေတဲ့သူတွေတိုင်း စားသင့်ပါတယ်။ ခရမ်းချဉ်သီးလေးကို ဂေါ်ဖီလေးနဲ့ကြက်သွန်နီလေးနဲ့ သုပ်ထားတာဖြစ်ပြီး ချဉ်ချဉ်လေးနဲ့ ထမင်းစားချင်စိတ်ဖြစ်လာအောင် ကူညီပေးမှာပါ။
၇. ပုဇွန်ခြောက်သုပ်
တော်တော်လေးလည်းတန်ဖိုးကြီးပြီး စားလို့ကောင်းတဲ့ အသုပ်ပါ။ တော်ရုံလည်း မစားကြပါဘူး။ ပုဇွန်ခြောက်က စျေးကြီးလို့ပါ။ ပုဇွန်ခြောက်က အကောင်ကြီးလေ စားကောင်းလေပါပဲ။
ကဲ အခုလောက်ဆို သူငယ်ချင်းတွေနဲ့ဆိုင်ထိုင်ရင် ဘာအသုပ်စားရင်ကောင်းမလဲ သိလောက်ပြီနော်။ နောက်လာမဲ့ အပတ်များမှာလည်း သရေများများယိုစေမဲ့ အစားအစာတွေအကြောင်းတင်ဆက်ပေးမှာမို့ ဆက်လက်စောင့်မျှော်ကြဦးနော်။
ခုလို အရသာရှိတဲ့ အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။
[Unicode
၁. လက်ဖက်သုပ်
၂. ဂျင်းသုပ်
၃.မြင်းခွာရွက်သုပ်
၎.ဆေးဘဲဥသုပ်
၅. ပဲခြမ်းသုပ်
၆.ခရမ်းချဉ်သီးသုပ်
၇. ပုဇွန်ခြောက်သုပ်
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top