စားသောက်နေထိုင်နည်း

အမ်ိဳးအစား ၁ ဆီးခ်ိဳကို ထိန္းႏိုင္မည့္ အစားအေသာက္ပံုစံမ်ား

အစားအေသာက္ပံုစံဆိုတာက လူတစ္ေယာက္ရဲ႕ဘ၀မွာ အေရးႀကီးတယ္ဆိုတာ ျငင္းစရာကိုမလုိပါဘူး။ အထူးသျဖင့္ အမ်ိဳးအစား ၁ ဆီးခ်ိဳသမားေတြဆို ပိုအေရးႀကီးပါေသးတယ္။ ဒီလိုဆီးခ်ိဳသမားေတြမွာ ဘာေတြေတာ့စားလို႔ရမယ္၊ ဘာေတြေတာ့ေရွာင္ရမယ္ဆိုၿပီး သိခ်င္ၾကမွာ ဓမၼတာပါပဲ။ ၾကည့္လုိက္ရေအာင္။

 

ဘာတွေစားရမလဲ

 

အမ်ိဳးအစား ၁ ဆီးခ်ိဳရွိေနၿပီလို႔ အတည္ျပဳခံရတဲ့လူေတြ ပထမဆံုးစေမးၾကတာက ေသြးတြင္းသၾကားဓာတ္ကုိ ထိန္းႏိုင္ဖို႔ ဘာေတြစားသင့္သလဲဆိုတာပါပဲ။ အံ့ၾသစရာေကာင္းတာကိုေျပာရမယ္ဆို အားလံုးကို လိုက္ေရွာင္ေနစရာမလိုဘူးရယ္။ အခ်ိန္အဆ၊ သၾကားပါ၀င္ႏႈန္း၊ ကယ္လိုရီနဲ႔ ကာဗိုဟိုက္ျဒိတ္ေတြကို သတိထားေပးမယ္ဆိုရင္ က်န္တဲ့လူေတြလိုပဲ စားႏိုင္ေသာက္ႏိုင္ပါတယ္။ အရင္တုန္းကေတာ့ ဆီးခ်ိဳသမားေတြက အစာအမ်ားႀကီးစားတာကိုေရွာင္တာ၊ တင္းၾကပ္တဲ့စားေသာက္နည္းေတြကိုလိုက္နာတာေတြ လုပ္ၿပီး ဆီးခ်ိဳကိုထိန္းခဲ့ၾကတယ္။ ဒါေပမယ့္ အင္ဆူလင္ကို က်ယ္က်ယ္ျပန္႔ျပန္႔သံုးႏုိင္လာတဲ့အမွ် လုပ္ရမယ့္ဟာ မလုပ္ရမယ့္ဟာဆိုတဲ့စာရင္းေတြ ေပ်ာက္ကုန္ပါၿပီ။

 

ရှောင်သင့်တာတွေများရှိမလား

 

ကုတ္ဗူးေတြနဲ႔ ေ၀းေ၀းေနပါ။ စက္ရံုထုတ္အခ်ိဳရည္ေတြ၊ အျမဳပ္တစီစီနဲ႔အခ်ိဳရည္ေတြကို ေ၀ရာမဏိလုပ္ပါ။ ဒါမွ သင့္ရဲ႕ဆီးခ်ိဳက မိုးထိုမေနမွာျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ သၾကားပါတဲ့အခ်ိဳရည္ေတြက ေသြးသၾကားဓာတ္ကို ျမန္ျမန္ႀကီးတက္ေစပါတယ္။ ဒါေၾကာင့္ ဒါေတြကို ေသြးသၾကားဓာတ္ထိုးက်တဲ့အခါ သံုးၾကတာေပါ့။ ေသာက္ခ်င္တယ္ဆိုရင္ေတာင္မွ သၾကားနည္းတာေတြကို ေရြးေသာက္ရပါမယ္။ ျဖစ္ႏိုင္ရင္ ေရသာမ်ားမ်ားေသာက္ပါ။ လက္ဖက္ေရေႏြးၾကမ္းနဲ႔ ေကာ္ဖီခါးေတြကိုေတာ့ ေသာက္ႏိုင္ပါတယ္။ လမ္းေဘးကဆိုင္က လက္ဖက္ရည္ ေကာ္ဖီေတာ့ ဘယ္ရမလဲေပါ့ေနာ္။

 

စားသံုးလုိက္တဲ့ကယ္လိုရီပမာဏကိုသတိထားပါ။

ဂလိုင္စီးမစ္ညႊန္းကိန္းနည္းတဲ့ ကာဗိုဟိုက္ၿဒိတ္အစားအေသာက္ေတြက အစာေခ်ခ်ိန္ၾကာျမင့္ၿပီး ေသြးသၾကားဓာတ္ကို ျဖည္းျဖည္းခ်င္းသာတက္ေစပါတယ္။ ဒါေၾကာင့္ ပိုညီမွ်တဲ့ေသြးသၾကားဓာတ္လယ္ဗယ္ကို ထိန္းေပးထားႏိုင္ပါတယ္။

 

ဂလိုင္စီးမစ္ညႊန္းကိန္းနည္းတာေတြကေတာ့

  • ဂ်ံဳၾကမ္းေပါင္မုန္႔
  • Wholegrain cereals
  • Pasta
  • ဆန္
  • ပဲအမ်ိဳးမ်ိဳး – ကုလားပဲ၊ ပဲႀကီး၊ ပဲနီေလး
  • ႏြားႏို႔၊ ဒိန္ခ်ဥ္
  • သစ္သီးမ်ား – ပန္းသီး၊ မက္မန္းသီး၊ ငွက္ေပ်ာသီး၊ သရက္သီး၊ လိေမၼာ္သီး၊ သစ္ေတာ္သီး၊ ဆီးသီး၊ မက္မြန္သီး
  • ဟင္းသီးဟင္းရြက္မ်ား – ေျပာင္းဖူး၊ ငွက္ေပ်ာသီးစိမ္း၊ ပိန္းဥ၊ ကန္ဇြန္းဥ

စတာေတြပဲျဖစ္ပါတယ္။ ဒါေတြကို မွ်မွ်တတစားေပးမယ္ဆို ကိုယ့္အတြက္ အေထာက္အကူျဖစ္ေစမွာပါ။

 

သကြားစားသုံးမှု

 

သၾကားမ်ားမ်ားပါ၀င္တဲ့အစားအေသာက္ေတြဆိုတာ အာဟာရတန္ဖိုးနည္းၿပီး အဆီမ်ားတာ၊ စားမယ့္အထဲ ကာဗိုဟိုက္ၿဒိတ္ေတြမ်ားေနတာ စတာေတြျဖစ္တယ္လို႔ ေျပာၾကပါတယ္။ ဒါေတြက ေသြးသၾကားဓာတ္လယ္ဗယ္ကို ျမန္ျမန္ႀကီးတက္ေစတာေတြပဲေပါ့။

 

သၾကားပါ၀င္မႈမ်ားတဲ့အေသာက္ေတြကေတာ့ သကာရည္၊ ပ်ားရည္၊ သံဗူးသြပ္သစ္သီးခ်ိဳမ်ား၊ ကိတ္မုန္႔၊ ပူတင္း၊ ဘီစကစ္ခ်ိဳ၊ ႏို႔ဆီ၊ ေခ်ာကလက္၊ ေရခဲမုန္႔၊ အခ်ိဳရည္၊ Soft drink မ်ား၊ သစ္သီေဖ်ာ္ရည္၊ ဘီယာ၊ ရွယ္ရီခ်ိဳအရက္၊ ၀ိုင္ခ်ိဳနဲ႔ သၾကားလြန္ကဲတဲ့ အစာေတြ၊ မုန္႔ေတြ အကုန္လံုးပါပါတယ္။

 

သၾကားမပါဘူးဆိုတဲ့ ကုန္ပစၥည္းေတြ ဥပမာ ဘီစကစ္နဲ႔ ေခ်ာကလက္ေတြကလည္း ထူးမျခားနားပါပဲ။ သူတို႔ေတြမွာ အဆီေတြပါေနၿပီး ေစ်းကလည္းႀကီးပါေသးတယ္။ ဒါေၾကာင့္ ဒီလိုဟာေတြကိုေတာ့ သတိႏွင့္ေရွာင္သင့္ပါတယ္။

 

အရက်သောက်သုံးခြင်းကိုသတိပြုပါ

 

အရက္မွာ ကယ္လိုရီမပါဘူးဆိုတာေလးကိုၾကားရတာ ခ်စ္ခ်င္စရာေလးေပမယ့္ သူက ေဆးေတြကို အေႏွာက္အယွက္ေပးမယ့္ေကာင္ပါ။ ဆီးခ်ိဳသမားေတြအတြက္ ခြင့္ျပဳႏိုင္တဲ့ အရက္ပမာဏက အမ်ိဳးသမီးေတြအတြက္ဆို ဖန္ခြက္တစ္ခြက္၊ အမ်ိဳးသားေတြအတြက္ဆို ဖန္ခြက္ႏွစ္ခြက္ထက္ မပိုပါဘူး။ ေရွာင္လွ်င္ေတာ့ အေကာင္းဆံုးပါပဲ။

 

မွန္မွန္ကန္ကန္စားသံုးတာက သင့္ကိုပိုက်န္းမာေစၿပီး ဆီးခ်ိဳနဲ႔ပါတ္သတ္တဲ့ေနာက္ဆက္တြဲျပႆနာေတြ ဥပမာ – ႏွလံုးေရာဂါနဲ႔ ေလျဖတ္တာေတြကို ေရွာင္ႏိုင္ေစမွာပါ။ ကိုယ့္က်န္းမာေရးနဲ႔ ကိုယ့္လိုအပ္ခ်က္အလိုက္ စားသံုးႏိုင္ဖုိ႔ အာဟာရပညာရွင္နဲ႔ ဒါမွမဟုတ္ ဆရာ၀န္နဲ႔ တိုင္ပင္ေဆြးေႏြးတာက အေကာင္းဆုံုးပါပဲ။

 

Writer_El’MoH

 

[Unicode]

 

အစားအသောက်ပုံစံဆိုတာက လူတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးတယ်ဆိုတာ ငြင်းစရာကိုမလိုပါဘူး။ အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုသမားတွေဆို ပိုအရေးကြီးပါသေးတယ်။ ဒီလိုဆီးချိုသမားတွေမှာ ဘာတွေတော့စားလို့ရမယ်၊ ဘာတွေတော့ရှောင်ရမယ်ဆိုပြီး သိချင်ကြမှာ ဓမ္မတာပါပဲ။ ကြည့်လိုက်ရအောင်။

 

ဘာတွေစားရမလဲ

အမျိုးအစား ၁ ဆီးချိုရှိနေပြီလို့ အတည်ပြုခံရတဲ့လူတွေ ပထမဆုံးစမေးကြတာက သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့ ဘာတွေစားသင့်သလဲဆိုတာပါပဲ။ အံ့သြစရာကောင်းတာကိုပြောရမယ်ဆို အားလုံးကို လိုက်ရှောင်နေစရာမလိုဘူးရယ်။ အချိန်အဆ၊ သကြားပါဝင်နှုန်း၊ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒြိတ်တွေကို သတိထားပေးမယ်ဆိုရင် ကျန်တဲ့လူတွေလိုပဲ စားနိုင်သောက်နိုင်ပါတယ်။ အရင်တုန်းကတော့ ဆီးချိုသမားတွေက အစာအများကြီးစားတာကိုရှောင်တာ၊ တင်းကြပ်တဲ့စားသောက်နည်းတွေကိုလိုက်နာတာတွေ လုပ်ပြီး ဆီးချိုကိုထိန်းခဲ့ကြတယ်။ ဒါပေမယ့် အင်ဆူလင်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်လာတဲ့အမျှ လုပ်ရမယ့်ဟာ မလုပ်ရမယ့်ဟာဆိုတဲ့စာရင်းတွေ ပျောက်ကုန်ပါပြီ။

 

ရှောင်သင့်တာတွေများရှိမလား

ကုတ်ဗူးတွေနဲ့ ဝေးဝေးနေပါ။ စက်ရုံထုတ်အချိုရည်တွေ၊ အမြုပ်တစီစီနဲ့အချိုရည်တွေကို ဝေရာမဏိလုပ်ပါ။ ဒါမှ သင့်ရဲ့ဆီးချိုက မိုးထိုမနေမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သကြားပါတဲ့အချိုရည်တွေက သွေးသကြားဓာတ်ကို မြန်မြန်ကြီးတက်စေပါတယ်။ ဒါကြောင့် ဒါတွေကို သွေးသကြားဓာတ်ထိုးကျတဲ့အခါ သုံးကြတာပေါ့။ သောက်ချင်တယ်ဆိုရင်တောင်မှ သကြားနည်းတာတွေကို ရွေးသောက်ရပါမယ်။ ဖြစ်နိုင်ရင် ရေသာများများသောက်ပါ။ လက်ဖက်ရေနွေးကြမ်းနဲ့ ကော်ဖီခါးတွေကိုတော့ သောက်နိုင်ပါတယ်။ လမ်းဘေးကဆိုင်က လက်ဖက်ရည် ကော်ဖီတော့ ဘယ်ရမလဲပေါ့နော်။

 

စားသုံးလိုက်တဲ့ကယ်လိုရီပမာဏကိုသတိထားပါ။

ဂလိုင်စီးမစ်ညွှန်းကိန်းနည်းတဲ့ ကာဗိုဟိုက်ဒြိတ်အစားအသောက်တွေက အစာချေချိန်ကြာမြင့်ပြီး သွေးသကြားဓာတ်ကို ဖြည်းဖြည်းချင်းသာတက်စေပါတယ်။ ဒါကြောင့် ပိုညီမျှတဲ့သွေးသကြားဓာတ်လယ်ဗယ်ကို ထိန်းပေးထားနိုင်ပါတယ်။

 

ဂလိုင်စီးမစ်ညွှန်းကိန်းနည်းတာတွေကတော့

ဂျုံကြမ်းပေါင်မုန့်
Wholegrain cereals
Pasta
ဆန်
ပဲအမျိုးမျိုး – ကုလားပဲ၊ ပဲကြီး၊ ပဲနီလေး
နွားနို့၊ ဒိန်ချဉ်
သစ်သီးများ – ပန်းသီး၊ မက်မန်းသီး၊ ငှက်ပျောသီး၊ သရက်သီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ဆီးသီး၊ မက်မွန်သီး
ဟင်းသီးဟင်းရွက်များ – ပြောင်းဖူး၊ ငှက်ပျောသီးစိမ်း၊ ပိန်းဥ၊ ကန်ဇွန်းဥ

စတာတွေပဲဖြစ်ပါတယ်။ ဒါတွေကို မျှမျှတတစားပေးမယ်ဆို ကိုယ့်အတွက် အထောက်အကူဖြစ်စေမှာပါ။

 

သကြားစားသုံးမှု

သကြားများများပါဝင်တဲ့အစားအသောက်တွေဆိုတာ အာဟာရတန်ဖိုးနည်းပြီး အဆီများတာ၊ စားမယ့်အထဲ ကာဗိုဟိုက်ဒြိတ်တွေများနေတာ စတာတွေဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါတွေက သွေးသကြားဓာတ်လယ်ဗယ်ကို မြန်မြန်ကြီးတက်စေတာတွေပဲပေါ့။

သကြားပါဝင်မှုများတဲ့အသောက်တွေကတော့ သကာရည်၊ ပျားရည်၊ သံဗူးသွပ်သစ်သီးချိုများ၊ ကိတ်မုန့်၊ ပူတင်း၊ ဘီစကစ်ချို၊ နို့ဆီ၊ ချောကလက်၊ ရေခဲမုန့်၊ အချိုရည်၊ Soft drink များ၊ သစ်သီဖျော်ရည်၊ ဘီယာ၊ ရှယ်ရီချိုအရက်၊ ဝိုင်ချိုနဲ့ သကြားလွန်ကဲတဲ့ အစာတွေ၊ မုန့်တွေ အကုန်လုံးပါပါတယ်။

သကြားမပါဘူးဆိုတဲ့ ကုန်ပစ္စည်းတွေ ဥပမာ ဘီစကစ်နဲ့ ချောကလက်တွေကလည်း ထူးမခြားနားပါပဲ။ သူတို့တွေမှာ အဆီတွေပါနေပြီး ဈေးကလည်းကြီးပါသေးတယ်။ ဒါကြောင့် ဒီလိုဟာတွေကိုတော့ သတိနှင့်ရှောင်သင့်ပါတယ်။

 

အရက်သောက်သုံးခြင်းကိုသတိပြုပါ

အရက်မှာ ကယ်လိုရီမပါဘူးဆိုတာလေးကိုကြားရတာ ချစ်ချင်စရာလေးပေမယ့် သူက ဆေးတွေကို အနှောက်အယှက်ပေးမယ့်ကောင်ပါ။ ဆီးချိုသမားတွေအတွက် ခွင့်ပြုနိုင်တဲ့ အရက်ပမာဏက အမျိုးသမီးတွေအတွက်ဆို ဖန်ခွက်တစ်ခွက်၊ အမျိုးသားတွေအတွက်ဆို ဖန်ခွက်နှစ်ခွက်ထက် မပိုပါဘူး။ ရှောင်လျှင်တော့ အကောင်းဆုံးပါပဲ။

 

မှန်မှန်ကန်ကန်စားသုံးတာက သင့်ကိုပိုကျန်းမာစေပြီး ဆီးချိုနဲ့ပါတ်သတ်တဲ့နောက်ဆက်တွဲပြဿနာတွေ ဥပမာ – နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ရှောင်နိုင်စေမှာပါ။ ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်လိုအပ်ချက်အလိုက် စားသုံးနိုင်ဖို့ အာဟာရပညာရှင်နဲ့ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါပဲ။

 

Writer_El’MoH

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top