မက်ဆီကန်

စျေးနှုန်းသင့်တင့်သော အနောက်တိုင်းအစားအစာများ

အနောက်တိုင်းအစားအစာ

လူသိများလှသော အနောက်တိုင်းအစားအစာများသည် နိုင်ငံတကာ အစားအစာများအဖြစ် ထင်ရှားလှပါသည်။ ယနေ့ ကမ္ဘာကြီးသည် ရွာကြီးသဖွယ် ဖြစ်လာသည်နှင့် အမျှ ကမ္ဘာတစ်ဘက်ခြမ်းရှိ အစားအစာများကို တစ်ခြား ကမ္ဘာတစ်ဖက်ခြမ်းတွင် ပါ အလွယ်တကူ ရရှိနိုင်ပြီ ဖြစ်ပါသည်။ အာရှလူမျိုးအများစုသည် အာရှနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားနှင့် အခြားသော အာရှနိုင်ငံများ၏ အစားအစာများကို နှစ်သက်ခုံမင်စွာစားသုံးနေလျက်ရှိပါသည်။ တစ်ခါတရံ ဒေသအစားအစာများကို အစဉ်အမြဲ စားသုံးရသောအခါ ရိုးအီလာတတ်ပြီး အနောက်တိုင်း အရသာအသစ်အစားအစာများကို မြည်းစမ်းလိုစိတ်များ ဖြစ်ပေါ်လာနိုင်သည်။ အနောက်တိုင်းအစားအစာများသည် စျေးနှုန်းမြင့်မားပြီး ချမ်းသာကြွယ်ဝသော သူများသာ စားသုံးနိုင်လိမ့်မည်ဟု လူအများကထင်မြင်ယူဆလေ့ရှိကြပါသည်။ သို့သော် အနောက်တိုင်း အစားအစာများကို စျေးနှုန်းသင့်တင့်စွာဖြင့် စားသုံးနိုင်သော ဆိုင်အများအပြား တည်ရှိနေပြီ ဖြစ်ပါသည်။ စျေးနှုန်းသင့်တင့်လှသော အနောက်တိုင်းအစားအစာဆိုင်များသည် ဥရောပအစားအစာ မြည်းစမ်းလိုသော ဒေသခံလူများအတွက်သာမက အစားအသောက်စရိတ်ခြွေတာလိုသော ခရီးသွားဧည့်သည်များအတွက်ပါ အဆင်ပြေစေပါသည်။

ဥရောပအကောင်းဆုံးအစားအစာများတွင် တစ်ခုအပါအဝင်ဖြစ်သော Steakများသည် အရည်ရွမ်းပြီး အရသာကောင်းမွန်လှသော အသား၏ အရသာကြောင့် အထူးကျော်ကြားလှပါသည်။ အများအားဖြင့် Steak များကို အမဲသားဖြင့် ပြုလုပ်လေ့ရှိသည်။ အရသာရှိလှပြီး စျေးနှုန်းသင့်တင့်လှသော အမဲသား Steakများကို မြည်းစမ်းလိုသူများအတွက် Fatman Bar & Grill သည် အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်ပါသည်။ Fatman Bar & Grill တွင် အမဲသား Steak၊ ဝက်နံရိုးကင်နှင့် ဟမ်ဘာဂါတို့သည် သင့်တင့်လှသော စျေးနှုန်းနှင့် ထူးခြားလှသော အရသာကြောင့် အထူးကျော်ကြားလှသော အစားအစာများဖြစ်ပါသည်။ ဆိုင်၏ အထူးကျော်ကြားလှသော Steak၏ အရသာသည် အလွန်ထူးခြားကောင်းမွန်လှပြီး ၆၀၀၀ ကျပ် ဝန်းကျင်ခန့်သာ ရှိပါသည်။ Fatman Bar & Grillတွင် အထူးကောင်းမွန်လှသော ဆိုင်နေရာအနေအထား၊ ဝန်ဆောင်မှုများနှင့် အမျိုးမျိုးသော အဖျော်ယမကာ အစုံအလင်ကို ရရှိနိုင်ပါသည်။

Fatman Bar & GrillFatman Bar & Grill

နဝဒေးလမ်း၊ ယောမင်းကြီးရပ်ကွက်၊ ရန်ကုန်မြို့။

မက်ဆီကန်အစားအစာ တစ်မျိုးဖြစ်သော Burritoသည် Tex- Menဒေသ၏ အစားအစာတစ်မျိုး ဖြစ်ပြီး ဂျုံပြားပေါ်တွင် အသား နှင့် အခြားသော ပါဝင်ပစ္စည်းအမယ်များကို တစ်ပတ်ပိတ် စလင်ဒါပုံပြုလုပ်ကာ ပြင်ဆင်ထားသော အစားအစာတစ်မျိုးဖြစ်ပါသည်။ စပိန် နှင့် မက်ဆီကန်အစားအစာများကို တစ်နေရာထဲတွင်အစုံအလင်ရရှိနိုင်သော Fortuna တွင် မက်ဆီကန်အစားအစာ Burrito ကို ၅၀၀၀ ကျပ်ဖြင့် သုံးဆောင်နိုင်ပါသည်။

Fortuna Restaurant YangonFortuna Restaurant Yangon

Junction square ရှော့ပင်းစင်တာ၊ ပြည်လမ်း၊ ရန်ကုန်မြို့။

အီတလီနိုင်ငံ၏ အထူးကျော်ကြားလှသော အစားအစာများဖြစ်သော ပီဇာနှင့် စပါကတီသည် ကမ္ဘာတစ်ဝန်းလုံးတွင် အထူးကျော်ကြားလျက်ရှိသည်။  အီတာလီလျှံ အစားအစာများကို စျေးနှုန်းသင့်တင့်စွာဖြင့် သုံးဆောင်လိုသူများအတွက် Italian spaghetti Kitchen သည် အထူးသင့်တော်လှသော နေရာတစ်ခုဖြစ်ပြီး ရိုးရှင်းသော ရိုမန်တစ် ဆန်ဆန် မီးလုံးလေးများနှင့် အလှဆင်ထားသောကြောင့် ရိုမန်တစ် ညနေစာ သုံးဆောင်လိုသူများအတွက်လည်း သင့်တော်လှပါသည်။ ဆိုင်၏ အကောင်းဆုံးသော အစားအစာများမှာ စပါကတီနှင့် ပီဇာဖြစ်ပြီး စျေးနှုန်းအားဖြင့် ၄၅၀၀ မှ ၈၀၀၀ ကျပ်ဝန်းကျင်သာ ရှိပါသည်။ Italian spaghetti Kitchenတွင် ပါစတာ၊ စပါကတီ၊ ဂဏာန်းပျော့ကြော် နှင့် အခြားသော အီတလီအစားအစာများကို ရရှိနိုင်ပါသည်။

Spaghetti Italian KitchenSpaghetti Italian Kitchen

ရတနာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ကိတ်မုန့်များ၊ ပေါင်မုန့်များ၊ ဟမ်ဘာဂါများ၊ ဆန်းဒဝှစ်များနှင့် ဒိုးနပ်များသည် အနောက်တိုင်းအစားများ၏ ကိုယ်စားပြုအစားအစာများဖြစ်ပြီး တစ်ကမ္ဘာလုံးမှ နှစ်ခြိုက်စွာ စားသုံးလျက်ရှိသော အစားအစာများဖြစ်ပါသည်။ လှပသော ပတ်ဝန်းကျင်အနေအထား၊ ကောင်းမွန်လှသော အရသာနှင့် စျေးနှုန်းသက်သာစွာ ဖြင့် အနောက်တိုင်းအစားအစာများကို မြည်းစမ်းနိုင်သည့်နေရာကို ရှာဖွေနေသည်ဆိုလျှင် Ice berry Caféသည် အထူးသင့်တော်လှသော နေရာတစ်ခု ဖြစ်ပါသည်။ ကိုယ်တိုင် မုန့်ဖုတ်ထုတ်လုပ်ထားသောကြောင့် လတ်ဆတ်သော ပေါင်မုန့်များ၊ ကိတ်မုန့်များ၊ ဟမ်ဘာဂါ၊ ဆန်းဒဝှစ်များ၊ ကော်ဖီများ၊ လက်ဖက်ရည်များအပြင် အနောက်တိုင်းအစားအစာများဖြစ်သော အီတလီ ပါစတာနှင့် စပါကတီ နှင့် အမေရိကန် စတိုင် မနက်စာတို့ ရရှိနိုင်ပါသည်။ အစားအစာများ၏ စျေးနှုန်းများသည် သင့်တင့်မျှတသော စျေးနှုန်းများဖြစ်ပြီး ၁၀၀၀ ကျပ်ဝန်းကျင်မှ ၄၀၀၀ ကျပ်ဝန်းကျင်ခန့်သာ ရှိပါသည်။

Ice BerryIce Berry

မြေနီကုန်း၊ စမ်းချောင်းလမ်း၊ ရန်ကုန်မြို့။

ကော့တေး၊ မော့တေး၊ မိုဂျီတို နှင့် ဖော်ကာများသည် အလွန်ကျော်ကြားလှသော အနောက်တိုင်းအဖျော်ယမကာ များဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားတွင် ရရှိနိုင်ပါသည်။ ကော့တေးသည် အဖျော်ယမကာ တစ်မျိုးကို အသီးများ၊ ပျားရည်၊ နို့၊ ခရမ် အစရှိသော အရသာတစ်မျိုးမျိုးဖြင့် ပေါင်းစပ်ဖျော်စပ်ထားသော အဖျော်ယမကာ ဖြစ်ပါသည်။ ကော့တေးများသည် နေရာဒေသအလိုက် ဖျော်စပ်နည်းနှင့် ပါဝင်ပစ္စည်းများ ကွဲပြားနိုင်ပြီး တစ်ခါတရံ အမည်တူသော်လည်း ဖျော်စပ်သူ၏ ပြင်ဆင်ဖျော်စပ်ပုံပေါ်မူတည်ပြီး အရသာကွဲပြားနိုင်ပါသည်။ မော့တေးများသည် ယမကာ မပါဝင်ပဲ ဖျော်စပ်ထားသော ဖျော်ရည်တစ်ခုဖြစ်ပြီး ဖော်ကာများသည် အီသနောနှင့်ရေကို ပေါင်းခံပြီး ပြုလုပ်ထားသော အဖျော်ယမကာ တစ်မျိုးဖြစ်ပြီး တစ်ခါတရံ အသီးအနံ့အရသာ များပါ ထည့်သွင်း ပြုလုပ်လေ့ရှိသည်။ Kosan တွင် အမျိုးမျိုးသော အဖျော်ယမကာ များကို စျေးနှုန်းသင့်တင့်စွာဖြင့် သုံးဆောင်နိုင်ပါသည်။ ဖော်ကာ တစ်ခွက်သည် ၁၀၀၀ ကျပ်ဝန်းကျင်မှ ၂၀၀၀ ကျပ်ဝန်းကျင် အတွင်းရှိပါသည်။

KOSANKOSAN

အမှတ် (၁၈)၊ ဦးထွန်းလင်းခြံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

စျေးနှုန်းသင့်တင့်လှသော အနောက်တိုင်း အစားအစာ ရရှိနိုင်သော စားသောက်ဆိုင်များသို့ သွားရောက်လည်ပတ်ပြီး သင့်တင့်လှသော စျေးနှုန်း ဖြင့် ရရှိနိုင်သော အကောင်းဆုံးအစားအစာများကို မြည်းစမ်းကြည့်လိုက်ပါ။ အံ့သြမှုများနှင့် အရသာထူးခြားကောင်းမွန်မှုများကို တွေ့ရှိနိုင်ပါသည်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top