Lifestyle

အထာကျကျ ရှီရှားသောက်ကြမယ်

Shisha

ရှီရှားတဲ့ ..နာမည်လေးကလှသလို အခုခေတ် လူငယ် အကြိုက်တွေ ထဲကတစ်ခုပေါ့။ သူရဲ့ လှပတဲ့ ပုံစံ၊ အရသာ၊ ဒီဇိုင်းအနေအထားတွေကြောင့် စမ်းသောက်ကြည့်ချင်သူတွေရော၊ သောက်ကြည့်ပြီး ကြိုက်သွားတဲ့ သူတွေမှ အများကြီးပဲလေ။

ရှီရှားဆိုတာဘာလဲ….??

Shisha
ရှီရှားဆိုတာ ဘာပါလဲမေးရင်တော့ အဖြေက ရှီရှားဆိုတာက ကျွန်တော်တို့ မြင်ဘူးနေကျ ဆေးလိပ်တို့ စီးကရက်တို့ သောက်တဲ့ ပုံစံမျိုးပါပဲ။ ဒါပေမယ့် သူက ပြွန်ရှည် တွဲထားတဲ့ အောက်ခြေဝိုင်း၊ လည်တန်ရှည် ဖန်အိုးထဲမှာ ကိုယ်လိုချင်တဲ့ အရသာကို ခဲပတ်လေးနဲ့ တင်ပြီး မီးမြိှုက်ပါတယ်။ အဲဖန်အိုးလေးထဲမှာ ရေထည့်ထားတဲ့ အကန့်လေးတစ်ခုလည်းပါတယ်။ပြီးတော့ ဆေးရွက်ကြီး ဒါမှမဟုတ် ကိုနီးဒင်း ရောပါတယ်။အဲဒါတွေပြီးသွားရင်တော့ ရေကို ဖြတ်ပြီး ထွက်လာတဲ့ မီးခိုးငွေ့တွေကို တပ်ထားတဲ့ပိုက်နဲ့ စုပ်ယူ သောက်ရတာပါ။

ရှီရှားဘယ်ကစ….??

Shisha
ရှီရှားကို ရှေးယခင်ထဲက အရှေ့အလယ်ပိုင်းဒေသတွေ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ သောက်သုံးလာခဲ့တာ အခုအချိန်ထိပဲ ဖြစ်ပါတယ်။ အခုခေတ် ရှီရှားတွေလို အနံ့အရသာ နဲ့ ရှီရှားအိုးတွေက အရမ်းမကောင်းပေမယ့်လည်း ဒေသထွက် ဆေးရွက်ကြီး ကို ကြိတ်ခြေပြီး ရှီရှားအိုးနဲ့ အလားတူတဲ့ အိုးတွေကို ပြုလုပ်ပြီး ဇိမ်ခံပစ္စည်းတစ်ခု အနေနဲ သုံးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ရှီရှားတွေက တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့တာ ဒီနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

အခုခေတ်မှာတော့ ကမ္ဘာအနှံ့မှာ ရှီရှားကြိုက်နှစ်သက်တဲ့သူတွေ ထုနဲ့ ထည်နဲ့ ရှိနေပါပြီ။ ကလပ်တွေ၊ ဘားတွေမှာလည်း ရှီရားကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူနိုင်နေတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။

ရှီရှားကဘာအရသာရှိလဲ….??

Shisha
ရှီရှားကို လိမ္မော်၊ ပန်းသီး၊ စတော်ဘယ်ရီ၊ ချယ်ရီ၊ ကိုလာ စတဲ့ သစ်သီးအရသာမျိုးစုံ ၊ အနံ့မွှေးမွှေးနဲ့ အရသာ ခပ်ပြင်းပြင်း ဆေးရွက်ကြီး အရသာ အစရှိသဖြင့် အစုံ ရှိပါတယ်။ သူက စီးကရက်လို မဟုတ်ပဲ သောက်လိုက်ရင် အနံ့လေးက မွှေးမွှေးလေးဆိုတော့ လူကြီးတွေရော၊ လူငယ်တွေအတွက်ပါ သောက်ရအဆင်ပြေတယ်ပေါ့နော်။

ရှီရှားကကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လား….??

Shisha
ဆေးလိပ်တို့၊ စီးကရက်တို့က ကျန်းမာရေးကို ထိခိုက်တယ်ဆိုတာတော့ လူတိုင်းသိပြီးသားပါ။ ဒါဆို ရှီရှားကရော ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတော့ ဆေးလိပ်လောက် မဆိုးပေမယ့် သူလည်းသောက်တာ များရင် များသလို ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ရှီရှားကို သောက်တဲ့အခါ တစ်အိုးထဲက ပိုက်တွေကို ဘော်ဒါတွေနဲ့ အတူတူမျှသုံးတာက ပျော်စရာကောင်းပေမယ့် ကျန်းမာရေး ရှူထောင့်အရတော့ မသင့်တော်ပါဘူးနော်။

ကိုယ်ကြိုက်တဲ့ ရှီရှာ အရသာလေးကိုလည်း ပြောပြသွားဦးလေနော်။

ရှီရှား ရတဲ့ Bar နဲ့ ကလပ်တွေကို www.doemal.com/getdoemal မှာ လွယ်လွယ်ကူကူနဲ့ ရှာဖွေလို့ရပါတယ်

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top