မှော်အစားအသောက်


အရင်တစ်ပတ်က

မီးဖိုထဲကမှော်ပညာဆိုတာကို မိတ်ဆက်ပေးပြီးပြီနော်။ ဒီတစ်ပတ်တော့ စာအုပ်ထဲက ဒုတိယအခန်းဖြစ်တဲ့ အစားအသောက်များ၏စွမ်းအားဆိုတာကို ဆက်ပြီးပြောပြပါ့မယ်။

အမျိုးသမီးတစ်ယောက် မီးဖိုထဲမှာအလုပ်ရှုပ်နေတယ်။ ချစ်ရသူနဲ့ ဆုံဆည်းဖို့အတွက် ချက်ပြုတ်နေတဲ့သူဆိုပါတော့။ မီးဖိုးထဲကို ထင်းတွေထည့်ပြီး မီးမွှေးလိုက်တယ်။ မီးတောက်လာတာနဲ့ အိမ်အပြင်ကိုထွက်ပြီး သုံးချောင်းထောက်ဆေးကျိုးအိုးထဲ ရေဖြည့်တယ်။

မီးဖိုထဲပြန်ဝင်လာပြီးတဲ့နောက် အိုးကို မီးတောက်တွေခြားထဲ ခြေညီအောင်လုပ်ပြီး ချထားလိုက်တယ်။ ရေနွေးလာနေတုန်းက သူက ပျားဖယောင်းနဲ့လုပ်တဲ့ဖယောင်းတိုင်မှာ အသည်းပုံလေးထွင်းပြီး မီးညှိ စားပွဲပေါ်တင်ထားလိုက်မယ်။ မနက်ကမှသူခူးလာတဲ့စတော်ဘယ်ရီသီးတွေထည့်ထားတဲ့ ခြင်းတောင်းအဖုံးကိုဖွင့် တစ်လုံးချင်းစီကို အသည်းပုံလေးတွေဖြစ်အောင် စဉ်းနှီးတုံးမှာ တင်လှီးမယ်။ လှီးတဲ့ဓားက လိုက်ကိုင်အဖြူလေးနဲ့။ လှီးနေရင်း ပါးစပ်ကလဲ တိုးတိုး တိုးတိုးနဲ့
“Love… for… me” တဲ့။

စိတ်ထဲမှာတော့ သူချစ်တဲ့အမျိုးသားနဲ့ဆို သူဘဝဘယ်လိုတွေ ပြောင်းလဲသွားမယ်ဆိုတာကို ပြုံးရင်းတွေးနေသေးတယ်။

ရေအပွက်ကိုစောင့်တုန်းဆိုတော့ ဗိုက်ဆာလာတာနဲ့ ပန်းသီးတစ်လုံးကိုယူ၊ အခွံမှ အသည်းပုံလေးထွင်းရင်း ရွတ်လိုက်သေးတယ်။
“Love for me”
ပြီးတာနဲ့ တစ်ကိုက်ကိုက်ပြီး ပန်းသီးရဲ့လတ်ဆတ်မှုကိုခံစားရင်း ပန်းသီးကို နာရီလက်တံအတိုင်း လှည့်ပြီးကိုက်စားလိုက်တယ်။

စားပြီးတော့ အိုးမှာရေပွက်နေပြီ။ လှီးထားတဲ့ စတော်ဘယ်ရီးသီးလေးတွေကို လက်ကိုင်ဖြူနဲ့ဓားကိုသုံးပြီး အိုးထဲလောင်းထည့်လိုက်တယ်။ လောင်းထည့်ရင်းနဲ့တစ်ခါ…
“Love for me”

အိုးထဲမှာသုံးလလောက်သိပ်ထားတဲ့ သကြားကိတ်ကို ထုတ်သုံးဖို့ အချိန်ရောက်ပြီ။ အသီးတွေနဲ့ပွက်နေတဲ့အိုထဲကို သကြားကိတ်တွေထပ်ထည့်တယ်။ ရေနဲ့တွေ့ပြီး အရည်ပျော်သွားပြီ။

မီးဖိုဘေးနားမှာထိုင်နေရင်း ချယ်ရီသားနဲ့လုပ်ထားတဲ့ ယောက်မကိုသုံးပြီး နေသွားရာလမ်းကြောင်းအတိုင်း ထိုင်မွွှေနေတယ်။ ဒီအမျိုးသမီးက စတော်ဘယ်ရီယိုချက်နေတာပါပဲ။ ပွက်ပွက်ဆူ ပျစ်လာတဲ့အထိ တစ်ဖျစ်ဖျစ်မြည်နေတဲ့ ထင်းမီးတောက်သံကြားမှာ တိုးတိုးလေးရွတ်နေတာက…
“Love for me” တဲ့

ရိုးရာမှော်ပညာတွေမှာတော့ ရိုးရှင်းတဲ့အစီအရင်လေးတွေကို စွမ်းအားတိုးစေဖို့ ကိရိယာအမျိုးမျိုးကို သုံးကြတယ်။ စိတ်အာရုံတွင် ပုံဖော်တွေးခြင်း၊ ဖယောင်းတိုင်များ၊ အရောင်များ၊ စကားလုံးများ၊ အတည်ပြုခြင်းများ၊ ဘယပင်များ၊ အမွှေးဆီများ၊ ကျောက်တုံးများ၊ သတ္တုများ စတာတွေက ကိရိယာတွေပါပဲ။ တခြားကိရိယာတွေဆို ကိုယ့်လက်နဲ့လုပ်ထားတဲ့ ကိရိယာတွေလဲ ပါဦးမယ်။ ဒါပေမယ့် ဒါကစွမ်းအင်တွေကို ဦးတည်ချက်ချပေးမယ့်ကိရိယာတွေ သပ်သပ်ပဲ။ ဒီကိရိယာမျိုးတွေမှာ မှော်ပညာကနေ သိုလှောင်ထားတဲ့ စွမ်းအင် နည်းနည်းလေးသာ ပါပါတယ်။

နောက်ထပ်ကိရိယာတစ်မျိုးကတော့ ကိုယ့်သဘောအတိုင်း အသုံးပြုနိုင်မယ့် ကိရိယာ လက်တွေ့ဘဝထဲမှာ ကိုယ်လိုချင်ရာရရှိစေဖို့ ပြောင်းလဲမှုတွေကိုဖြစ်စေမယ့် ကိရိယာပါပဲ။ ဒီကိရိယာကို နေရာတိုင်းမှာ တွေ့ရပါတယ်။ သူ့အထဲမှာပါတဲ့ ပြောင်းလဲနိုင်စွမ်းကို စိတ်အာရုံတွင် ပုံဖော်တွေးခြင်း၊ လှုပ်ရှားမှုတစ်ခုနှစ်ခုလောက်နဲ့ နိုးထလာနိုင်စေတာကို သဘောမပေါက်ပဲ၊ မသိပါပဲနဲ့ နေ့တိုင်းသုံးနေတဲ့အရာတစ်ခု ဖြစ်ပါတယ်။

အဲ့ဒီလို မသိနိုင်တဲ့ စွမ်းအင်ရင်းမြစ်က ဘာပါလိမ့်။
အစားအသောက်
ဟုတ်ပါတယ်။ အစားအသောက်ပါပဲ။ မနက်စာအတွက်စားတဲ့ oatmeal နေ့လည်စာအတွက် ပင်လယ်စာနဲ့အရွက်သုပ် အချိုတည်းကြတဲ့ ချောကလက်ရေခဲမုန့်… ဒါတွေအားလုံး အားပြင်းတဲ့မှော်ကိရိယာတွေပဲ ဖြစ်ပါတယ်။

ဒီဟာက အသစ်အဆန်းလဲမဟုတ်ပါဘူး။ ဟိုယခင်ကတည်းက အစားသောက်ဆိုတာ အသက်ဆက်စေတဲ့အရာဆိုပြီး လူသားတွေ၈ုဏ်ပြုခဲ့ကြတာ။ နောက် မမြင်ရတဲ့နတ်ဒေဝါတွေဆီက ရလာတဲ့ လက်ဆောင်ဆိုပြီး အလေးထားခဲ့ကြတာပေါ့။ အစားအသောက်တွေက ရှေးကဘာသာရေးတွေမှာ အလေးအမြတ်ပြုခဲ့ကြတဲ့အရာတွေလဲဖြစ်ပါတယ်။ နတ်ဒေဝါတွေကို အစားအသောက်တွေနဲ့ ပူဇော်ကြပြီး စွန့်ပြီးတဲ့အခါ ဘုန်းတော်ကြီးတွေက ဝေမျှခဲ့ကြဖူးပါတယ်။ အစားအသောက်တွေဟာ မီးဖွားခြင်း၊ အရွယ်ရောက်ခြင်း၊ လောကီအဖွဲ့ဝင်ဖြစ်ခြင်း၊ လက်ထပ်ခြင်း၊ မွေနေ့၊ သေဆုံးခြင်း စတာတွေအားလုံးရဲ့ ဘာသာရေးစီရင်ထုံးတွေမှာပါ ဆက်နွှယ်နေခဲ့ကြပါတယ်။

အစားအသောက်တွေက ဘာသာရေးနဲ့တင် ဆက်နွှယ်တာမဟုတ်သေးဘူး။ သူတို့တွေမှာ အရူပစွမ်းအင်တွေ ပိုင်ဆိုင်ထားကြောင်းပါ နားလည်ထားရမယ်။ အစားအသောက်အမျိုးမျိုးမှာ အမျိုးမျိုးသောစွမ်းအင်တွေ ရှိပါသတဲ့။ တစ်ချို့အစားအသောက်တွေကို ခွန်အားရှိဖို့၊ တစ်ချို့ကို စစ်နိုင်ဖို့၊ မီးဖွားရလွယ်ကူဖို့၊ ကျန်းမာဖို့၊ လိင်ကိစ္စအတွက်၊ ငွေကြေးအတွက်၊ မျိုးအောင်ဖို့အတွက် စသဖြင့် စားသုံးခဲ့ကြပါတယ်။

အစားအသောက်ဆိုင်ရာမှော်ပညာတွေက ဟိုးကနဦးကတည်းက ပေါ်ထွန်းလာခဲ့တာဆိုပေမယ့် ပျောက်ဆုံးမသွားသေးပါဘူး။ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ပုံစံမတူပေမယ့်လို့ မှော်ပညာမှာ အစားအသောက်တွေကို သုံးခဲ့ကြတာပါပဲ။ ဥပမာ မွေးနေ့ကိတ်တွေပေါ့။ မွေးနေ့ကိတ်တွေအများစုမှာ ကံကောင်းပါစေဆိုတဲ့ စာတန်းတွေပါတယ်လေ။ အဲ့စာတန်းတွေပါ ဘာလို့စားသင့်သလဲ။ အရင်က စကားလုံးတွေမှာ သူ့အဓိပ္ပာယ်နဲ့ဆိုင်တဲ့ စွမ်းတွေနဲ့ပါတ်သတ်မှုရှိပါတယ်။ ဒါကြောင့် မွေးနေ့ပွဲလာသူတွေက ကိတ်ရော စာလုံးတွေရောရဲ့ စွမ်းအင်တွေကို စားသုံးမိတယ်လို့ ယုံကြည်ကြတယ်။ မွေးနေ့ကိတ်ဆိုတာက ကိုယ်တွေသတိထားမိမိ မမိမိ ခေတ်ပေါ်အစားအသောက်မှော်ပညာတစ်မျိုးပဲ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေမှာတော့ အစားအသောက်မှော်ပညာတွေကို မေ့ထားလိုက်ပေမယ့် တရုတ်တို့ ဂျပန်တို့မှာ တစ်ချို့အစားအစာတွေကို အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ အချစ်တွေ့ဖို့၊ တစ်ချို့ဆို စာမေးပွဲအောင်ဖို့ဆိုပြီးပါ အသုံးချနေဆဲဖြစ်ပါတယ်။ ဒီလိုအစီအရင်မျိုးတွေဟာ နှစ်ထောင်ချီကြာတာတောင်မှ ပျောက်ကွယ်မသွားတာက အစွမ်းထက်နေဆဲမို့ပါပဲ၊

ဆရာကြီးရဲ့နှစ်နှစ်ဆယ်ကျော် မှော်ပညာသက်တမ်းအတွင်းမှာ လူတွေရဲ့ဘဝက အစာတွေရဲ့စွမ်းအင်တွေနဲ့ ခွဲမရဘူးဆိုတာ သိလာရတယ်လို့ဆိုပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၇ နှစ်နှစ် (အခုနဲ့တွက်ရင် ၂၀ မကတော့) ကတည်းက အစားအသောက်တွေရဲ့ မှော်ပညာအသုံးတွေကို လိုက်ရှာခဲ့ပါသတဲ့။

ဒီအကြောင်းတွေကိုရှင်းပြတိုင်း သူ့ရဲ့မိတ်တွေက မယုံကြည်ကြောင်း ဖော်ပြခဲ့ကြတယ်။ သူတို့တွေက အစားအသောက်ကိုယ်တိုင်ကိုက မှော်အစွမ်းတွေ ပါနေပြီးသားဆိုတာကို မမြင်နိုင်ကြတာလဲပါပါတယ်။ အဲ ဒါပေမယ့် ဆေးပင်မှော်ပညာမှာတော့ သူတို့တွေက လက်ခံကြတယ်။ ဘယပင်တွေကို မှန်ကန်စွာတွဲစပ်အသုံးပြုတတ်ရင် မှော်ပညာရှင်ရဲ့စွမ်းအင်တွေကိုထုတ်နိုင်စေပြီး ပြောင်းလဲမှုတွေကို ဖြစ်စေကြောင်း လက်ခံကြတယ်။ ဘယပင်ဆိုတာလဲ အပင်ပဲ။ အပင်ဆိုတာလဲ အစာတစ်မျိုးပဲမဟုတ်ဘူးလား။ ဒါဆို အစားအသောက်တွေကိုသာ သင့်တော်စွာရွေးချယ်တတ်ရင် မှော်ပညာရဲ့စွမ်းအင်တွေကို ထုတ်နိုင်စေပြီး ပြောင်းလဲမှုတွေ ဖြစ်လာစေမှာပဲမဟုတ်လား။

ဖြစ်လဲဖြစ်ပါတယ်။ တစ်ဖက်လှည့်တွေးကြည့်ရင် အချစ်အစီအရင်တွေမှာ မီးရှို့ရတဲ့ rosemary ကို ဟင်းချက်တဲ့နေရာမှာလဲ သုံးကြတယ်လေ။ အဲ့လိုပဲ သံပုရိုသီးတွေကို သနချေတဲ့အစီအရင်တွေမှာ သုံးလာကြတာ ရာစုနှစ်ချီနေပြီ။ မုန်သံပုရာကိုစားပြီး အတွင်းပိုင်းကို သနချေပစ်လို့ရော မရလို့လား။

အစားအသောက်မှော်ပညာဆိုတာ ဒါပါပဲ။
ကိုယ်တွေ နေ့စဉ်စားသောက်နေတာလေးတွေကို အစီအရင်ဘာညာတွေနဲ့ စီရင်လိုက်ရုံနဲ့ အစားအသောက်တွေရဲ့ စွမ်းအင်မီးပွားလေးတွေကို ထွန်းညှိပေးနိုင်မှာ အသေအချာပါပဲ။

 

Writer_El’MoH

အစားအေသာက္မ်ား၏စြမ္းအား
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top