ချက်ပြုတ်နည်းများ

ကောင်းမွန်လှသော အင်္ဂလိပ်စတိုင် မနက်စာ ဖြင့် နေ့တစ်နေ့ကို စတင်ခြင်း

အင်္ဂလိပ်စတိုင်မနက်စာ

မနက်စာသည် နေ့တစ်နေ့စတင်ဖို့အတွက် အလွန်အရေးပါလှသော အစားအစာ ဖြစ်ပါသည်။ “မနက်စာကို ဘုရင်တစ်ပါးကဲ့သို့ စားပါ၊ နေ့လည်စာကို မင်းသားတစ်ပါးကဲ့သို့ စားပါ။ ညနေစာကို သူတောင်းစား တစ်ယောက်ကဲ့သို့ စားပါ” ဟူသာ ဆိုးရိုးစကားအတိုင်း မနက်စာကို များများ စားသုံးသင့်ပါသည်။ မနက်စာစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် အထူးလိုအပ်လှသော အာဟာရများနှင့် ခန္ဓာကိုယ်၏ စွမ်းအင်ကို မြင့်မားစေပါသည်။ ပညာရှင်များက မနက်စာမစားသုံးသောသူများသည် ကိုယ်အလေးချိန်တိုးမြန်ခြင်း၊ နှလုံးရောဂါ၊ အရိုးပွရောဂါနှင့် ကိုယ်တွင်းခုခံအားနှင့် စွမ်းအင်ကိုလျော့နည်းစေခြင်း နှင့် စိတ်ဖီးစီးမှု များဖြစ်လွယ်သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် အလုပ်မသွားမီ မနက်စာကို မဖြစ်မနေစားသုံးသင့်ပါသည်။

နေ့စဉ်စားသုံးနေသော မနက်စာများသည် နေရာဒေသနှင့် ရိုးရာယဉ်ကျေးမှုများပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားလျက်ရှိသည်။ မြန်မာလူမျိုးများသည် မနက်စာကို ပဲပြုတ်ထမင်းကြော်၊ မုန့်ဟင်းခါး နှင့် အခြား မြန်မာ့ရိုးရာ အစားအစာများ စားသုံးတတ်ကြပါသည်။ တခါတရံ နေ့စဉ်စားသုံးနေရသော ရိုးရာအစားအစာများဖြင့် မနက်စာ စားသုံးရသည်ကို ငြီးငွေ့သောအခိုက်အတန့်များ ရှိတတ်ပါသည်။ ကွဲပြားသောမနက်စာစတိုင်အသစ်ကို စားသုံးခြင်းဖြင့် အရသာသစ်ကိုခံစားပြီး နေ့တစ်နေ့ကို စတင်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် မနက်စာများကို အမျိုးအစားစုံလင်စွာ တွေ့ရှိနိုင်ပြီး အင်္ဂ လိပ်စတိုင် မနက်စာသည် အာဟာရ အပြည့်ဝဆုံးသော မနက်စာအမျိုးအစားတွင် ပါဝင် ကြောင်း သုသေသနပညာရှင်များက အဆိုပြုထားကြကာ လူကြိုက်အများဆုံး မနက်စာတစ်မျိုးလည်း ဖြစ်ပါသည်။

အင်္ဂ လိပ်စတိုင် မနက်စာသည် အင်္ဂလန်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဝက်သားဆားနယ်ခြောက်၊ ကြက်ဥကြော်၊ ခရမ်းချဉ်သီးမီးကင်(ကြော်ထားသော)၊ မှိုကြော်၊ ထောပတ်သုတ်ထားသော ပေါင်မုန့်မီးကင် နှင့် အသားအူချောင်းများအပြင် သွေးခဲအူချောင်းများ ( အနောက်တိုင်း အခေါ် အမဲရောင်ပူတင်း)၊ ပဲပေါင်း၊ အာလူးမျှင် ဆန်မှုန့်ကပ်ကြော်၊ တို့ကိုပါ ထည့်သွင်း ပြင်ဆင်လေ့ ရှိကြပြီး ကော်ဖီ၊ လက်ဖက်ရည်တို့နှင့် တွဲဖက်စားသုံးလေ့ရှိကြသည်။ အင်္ဂ လိပ်စတိုင် မနက်စာသည် အင်္ဂ လိပ်စကားပြောသော နိုင်ငံတော်တော်များများတွင် ရေပန်းစားလျက်ရှိပြီး ယနေ့ခေတ် ကာလတွင် အလုပ်များသော အင်္ဂ လိပ် မိသားစုများသည် ကော်ဖီတစ်ခွက်၊ ပေါင်မုန့်တစ်ချပ်နှင့် နို့ဖြင့် ရောစပ်စားသုံးရသော နှံစားပြောင်းမှ ထုတ်လုပ်ထားသော အနောက်တိုင်းအသင့်စား စားသောက်ဖွယ် ကို စားသုံးလေ့ရှိကြပါသည်။

ပညာရှင်များ၏ အကြံပေးချက်များအရ အင်္ဂ လိပ်စတိုင်မနက်စာသည် ကစီဓါတ်မပါဝင်ပဲ အသားဓါတ် မြင့်မားစွာပါဝင်သော ကြောင့် ကိုယ်အလေးချိန် လျော့ချခြင်းကို အထောက်ပံ့ပေးပါသည်။ အင်္ဂ လိပ်စတိုင် မနက်စာတွင် ပါဝင်သော အသားအူချောင်း၊ ကြက်ဥ၊ ဝက်သားဆားနယ်ခြောက် နှင့် သွေးခဲအူချောင်းများသည် နေ့လည်စာတွင် စားသုံးမည့် ကယ်လိုရီများသော အစားအစာများ စားချင်စိတ်ကို လျော့ချပေးပါသည်။

အင်္ဂ လိပ်စတိုင် မနက်စာပြင်ဆင်နည်းသည် အလွန်လွယ်ကူ လျင်မြန်ပြီး ရိုးရှင်းလှပါသည်။ အသားအူချောင်းများ၊ ဝက်ဆားနယ်ခြောက်၊ သွေးခဲအူချောင်းများ၊ ခရမ်းချဉ်သီး နှင့် မှိုများကို မကပ်သောအိုးကို အသုံးပြု ပြီးကောင်းစွာ ကျက်သည်အထိ ချက်ပြုတ်ပါ။ အသင့်စား ပဲပေါင်းများကို ၂ မိနစ်မှ ၃ မိနစ်အထိ နွေးပါ။ ထို့နောက် ထောပတ်ဖြင့် ကြက်ဥကိုကြော်ကာ အရသာအတွက် ဆားနှင့်ငရုတ်ကောင်းထည့်ပြီး မီးကင်ထားသော ပေါင်မုန့်ကို ထောပတ်သုတ်ကာ ခရမ်းချဉ်သီးဆော့စ် ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။ အကောင်းဆုံးသော အင်္ဂ လိပ်စတိုင်မနက်စာကို ပြုလုပ်လိုပါက အသားများများဖြင့် ပြုလုပ်ထားသော အသားအူချောင်းများကိုသာ ရွေးချယ်သင့်ပြီး ဝက်သားဆားနယ်ခြောက် ရွေးချယ်ရာတွင်  အနံ့အရသာ အထူး ကောင်းမွန်ကာ ခြောက်သွေ့သော ဝက်သားဆားနယ်ခြောက်ကိုသာ ရွေးချယ်သင့်ပါသည်။ အင်္ဂ လိပ်စတိုင် မနက်စာတွင် ပါဝင်သောပစ္စည်းများကို ခေတ်မီစျေးဝယ်စင်တာများတွင် ဝယ်ယူရရှိနိုင်ပါသည်။

လှပလှသောမနက်ခင်းလေးကို အရသာရှိပြီးအာဟာရဓါတ် ကြွယ်ဝလှတဲ့ အင်္ဂ လိပ်စတိုင် မနက်စာဖြင့် စတင်ပြီး သင်ချစ်ခင်ရသောသူများအတွက် ကောင်းမွန်သော မနက်စာကို ပြင်ဆင်ပေးနိုင်ပါသည်။ ရိုးရှင်းပြီး ပြုလုပ်ရလွယ်ကူသော အမေရိကန်မနက်စာသည် နေ့တစ်နေ့စတင်ရန်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါသည်။အင်္ဂလန်နိုင်ငံ၏ အထိမ်းအမှတ်အစားအစာ ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အချို့သော စားသောက်ဆိုင်များတွင် မူလအရသာအတိုင်း ရရှိနိုင်ပြီ ဖြစ်ပါသည်။ အင်္ဂ လိပ်စတိုင် မနက်စာကို မြည်းစမ်းလိုသူ အစားအသောက်ချစ်သူများအတွက် အောက်တွင် ဖော်ပြထားသော စားသောက်ဆိုင်များသည် လမ်းညွှန်တစ်ခုဖြစ်ပြီး အင်္ဂ လိပ်စတိုင် မနက်စာ အပေါ် ဘယ်လို ထင်မြင်ပါသလဲ ပြောပြပေးခဲ့ပါခင်ဗျာ။

ရှာဂရီ(စ်) ရှာဂရီ(စ်) (Sharky’s)

ဓမ္မစေတီလမ်း၊ ရန်ကုန်မြို့။

၃၆၅ ကဖေး၃၆၅ ကဖေး (365 cafe)

အမှတ်(၃၃၀)၊ အလုံလမ်း၊ ရန်ကုန်မြို့။

ကော်ဖီ ဆိုက်က်ကယ်ကော်ဖီ ဆိုက်က်ကယ် (Coffee Circles)

အမှတ် (၁၀၇) အေ၊ ဓမ္မစေတီလမ်း၊ ရန်ကုန်မြို့။

အကေစီယား တီးဆလွန်းအကေစီယား တီးဆလွန်း (Acacia Tea Salon)

ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဘာဘွန်းဘာဘွန်း (Bar Boon)
အမှတ်(၃၈၀)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်မြို့။
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top