ချက်ပြုတ်နည်းများ

မြန်မာ့ ရိုးရာ ဆေးဘက်ဝင် ဟင်းချိုများ

မြန်မာ့ ရိုးရာ ဆေးဘက်ဝင် ဟင်းချိုများ

ကျွန်တော်တို့ မြန်မာလူမျိုးများ ထမင်းစားတဲ့ အခါမှာ ထမင်း၊ ဟင်းချို ၊ ဟင်းလျာများနှင့် အသုပ်များကို ထမင်း စားပွဲဝိုင်းကြီးတွင် ထင်ကာ ထမင်းနှင့် အတူ တွဲဖက် စားသုံးလေ့ရှိကြပါတယ်။ ဟင်းချိုများကို ချက်ပြုတ်ရာတွင် ဟင်းသီးဟင်းရွက် များကို အသုံးပြုကာ ချက်ပြုတ်ကြလေ့ရှိပြီး ဟင်းခါး နှင့်ဟင်းရည် ဆိုပြီး ၂ မျိုး ရှိပါတယ်။ ‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ဆိုတဲ့ စကားအတိုင်း မြန်မာလူမျိုးတို့ရဲ့ နေ့စဉ် စားသုံးသော ဟင်းလျာ များတွင် ဆေးဘက်ဝင် ဟင်းချိုများပါဝင် နေတာကို တွေ့မြင်နိုင်ပါတယ်။

Drumstick leaves soup

ဒန့်တလွန်ရွက် ဟင်းခါး
ဒန့်တလွန်ရွက် ဟင်းခါးများသည် သံဓါတ်၊ ဗိုက်တာမင်အေ နှင့် နှလုံးရောဂါမှ ကာကွယ်ပေးခြင်း၊ သွေးဖိအား အတက်အကျ ကို ထိန်းညှိပေးနိုင်သော ပိုတက်ဆီယမ် သတ္တုဓါတ် ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ဒန့်တလွန်ရွက် ဟင်းခါးသည် သွေးတိုးရောဂါအတွက် အထူးကောင်းမွန်လှသော ဆေးဝါးတစ်ခု ဖြစ်ပြီး ရိုးရှင်းပြီး ချက်ပြုတ်ရလွယ်ကူသော ဟင်းခါးတစ်ခုလည်း ဖြစ်ပါတယ်။ ဒန့်တလွန်ရွက် ဟင်းခါးကို ပြုလုပ်မယ်ဆိုရင်တော့ ရေနွေးဆူဆူထဲတွင် ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ နှင့် အရသာမှုန့်တို့ကို ထည့်ကာ ဒန့်တလွန်ရွက် ခတ်လိုက်ရုံနှင့် အရသာရှိလှပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဒန့်တလွန်ရွက် ဟင်းခါးကို သုံးဆောင်နိုင်ပါပြီ။

ဂွေးတောက်ရွက်ဟင်းရည်
ခါးသက်သက်အရသာလေးနဲ့ ကြက်သားဂွေးတောက်ရွက် ဟင်းချိုဟာ မြန်မာနိုင်ငံတွသ် အထူးကျော်ကြားလှကာ လူကြိုက်များလှပြီး ကျန်းမာရေးနှင့် ညီညွှတ်လှတဲ့ ဟင်းရည်တစ်ခု ဖြစ်ပါတယ်။ ဂွေးတောက်ရွက်များကို အာရှနိုင်ငံများတွင် ကြက်သား၊ငါးနှင့်ပုစွန်တို့ကို အသုံးပြုပြီး ချက်ပြုတ်ပြင်ဆင်လေ့ ရှိကြပြီး မြန်မာနိုင်ငံတွင်လည်း ဂွေးတောက်ရွက်ကို ကြက်သားဖြင့် အများဆုံး ချက်ပြူတ်ကြလေ့ရှိကြပါတယ်။ ကြက်သားကိုရေစင်စင်ဆေးကာ အရသာများနယ်ထားပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို နနွင်းမှုန့် ထည့်ကာ ဆီသတ်ပြီးနောက်တွင် ကြက်သားကို ထည့်ပါ။ ကြက်သားများနူးအိပြီး ဆူလာပြီဆိုရင်တော့ ဂွေးတောက်ရွက်ကို ခတ်ကာ ခဏထားပြီးနောက်တွင် သုံးဆောင်လို့ရနိုင်ပါပြီ။

Tarmaid Leaves soup

မန်ကျည်းရွက် ဟင်းချို
ပူပူချဉ်ချဉ်အရသာ နှင့် မန်ကျည်းရွက် ဟင်းချိူ ကတော့ မြန်မာလူမျိုးတို့ရဲ့ နေ့လည်စာ နှင့် ညနေစာ သုံးဆောင်သော ဟင်းပွဲများတွင် မပါမဖြစ်ပါဝင်လှပြီး လူကြိုက်အများဆုံး ဟင်းချို တစ်ခုဖြစ်ပါတယ်။ မန်ကျည်းပင်များဟာ အရသာရှိလှတဲ့ မန်ကျည်းသီးနှင့် မန်ကျည်းရွက်များ နှင့် ဟင်းပွဲများကို ပြုလုပ်ဖန်တီးရာတွင် အသုံးပြုနိုင်သလို သဘာဝရဲ့ဆေးဘက်ဝင် အပင်တစ်ခုအဖြစ်လည်း တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထား ကြပါတယ်။ မန်ကျည်းပင် တစ်ပင်လုံးက အဖိုးတန် ဆေးဘက်ဝင် အစွမ်းတွေနဲ့ ပြည့်နှက်နေလျက်ရှိပါတယ်။ မန်ကျည်းရွက် များကိုတော့ အာရှရဲ့ ဟင်းလျာ အတော်များများမှာ တွေ့ရှိနိုင်ပြီး စွဲမက်ဖွဲအရသာ ရှိလှတဲ့ ချဉ်စပ်ဟင်းများကိုချက်ပြုတ်ကြလေ့ရှိပါတယ်။ မန်ကျည်းရွက်များသည် သွေးတွင်းရှိသကြားဓါတ်ကို ထိန်းညှိပေးတဲ့ အပြင် နို့တိုက် မိခင်များအတွက်လည်း နို့ထွက် အားကို ပိုမို ကောင်းမွန်စေပါတယ်။ ဗီတာမင် စီ ပါဝင်ခြင်းကြောင့် ရောဂါများ ဝင်ရောက်မှုကို ခုခံနိုင်ပြီး ကိုယ်ခံအားကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါကိုပါ ကာကွယ် ကုသနိုင်ပါတယ်။ မန်ကျည်းရွက် ဟင်းချိုကို ပြုလုပ်ရာ မှာ ထည့်သွင်း ချက်ပြုတ်ရမယ့် အမယ်များကတော့ မန်ကျည်းရွက်၊ ဆီ၊ ငါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဆား၊ ငပိတို့လိုအပ်ပါတယ်။ ပထမဦးဆုံးအနေဖြင့် ဆီကိုပူအောင် တည်ကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့် နှင့် ငါးတို့ကို မိနစ် ၃၀ ခန့် ဆီသတ်ပါ။ ထို့နောက် ရေထည့်ပြီး ဆူလာသော အခါ ငါးပိ၊ ဆား၊ ငရုတ်သီးစိမ်း နှင့် မန်ကျည်းရွက် များကို ထည့်လိုက်ပါ။ နောက်ဆုံးတွင် ဟင်းရနံ့ ပိုမိုမွှေးပျံ့စေရန်အတွက် နံနံပင် အုပ်ပီး ရင်တော့ မွှေးကြိုင်လှတဲ့ မန်ကျည်းရွက် ဟင်းချိုရရှိပါပြီး ထမင်းနှင့် အတူတွဲဖက် စားသုံးနိုင်ပါပြီ။

Chayote shoot soupဂေါ်ရခါးညွှန့် ဟင်းချို
သောက်ရတာ ခံတွင်းမြိန်စေသော ဂေါ်ရခါးညွှန့် ဟင်းချို သည် ကျန်းမာရေးနှင့် အထူးညီညွှတ် ကာ ထမင်းဖြူလေးနဲ့ တွဲဖက် စားသုံးရန် လိုက်ဖက်လှတဲ့ အရသာရှိလှတဲ့ ဟင်းချို တစ်ခွက် ဖြစ်ပါတယ်။ ဂေါ်ရခါးညွှန့် ဟင်းချို ကဆိုရင်ဖြင့် ဗီတာမင် B6၊ ခန္ဓာကိုယ် အတွက် လိုအပ်လှသော ဗီတာမင်နှင့် သက်စောင့်ဓါတ်များ ပေးစွမ်းနိုင်ကာ ကြွယ်ဝသော အမျှင်ဓါတ်များကြောင့် သွေးတွင်းရှိ သကြားဓါတ်ကို လျော့ချပေးပြီး ကိုလက်စထရောဓါတ်များကို လျော့ချပေးပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ညီညွှတ်လှတဲ့ ဟင်းချိူကို ချက်မယ်ဆိုရင်တော့ အရမ်းလွယ်ကူပြီး ရိုးရှင်းလှပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် နနွင်း အနည်းငယ်ကို ဆီသတ်ကာ ဂေါ်ရခါးညွှန့်၊ ငါးပိနှင့် အရသာမှုန့် ထည့်ပြီး နူးအောင်တည်ထားပြီးပါက စားလို့ရပါပြီ။

Winter melon soup

ကျောက်ဖရုံသီး ဟင်းခါး
ကျောက်ဖရုံသီး တွင်ပါဝင်သော အဖိုးတန် ကျန်းမာရေး ဂုဏ်သတ္တိများကြောင့် ကျန်းမာရေးနှင့် ညီညွှတ်ပြီး အာဟာရကြွယ်ဝကာ နာတာရှည်ရောဂါ အများစုကို ပျောက်ကင်းစေခြင်း၊ အစာခြေဖျက် အားကို ကောင်းမွန်စေခြင်းနှင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကိုယ်တွင်းရှိအဆိပ်အတောက်များနှင့် ဆီးရောဂါများကို ပျောက်ကင်း သက်သာစေတာကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော စွယ်စုံ အသီးအဖြစ် သတ်မှတ်ထားကြပါတယ်။ အာရှနိုင်ငံများအထူးသဖြင့် တရုတ်နိုင်ငံ တွင် ကျောက်ဖရုံသီး တစ်လုံးလုံးရဲ့ အစိတ်အပိုင်းအားလုံးကို အသုံးပြုပြီး ဆေးဝါးများဖော်စပ်ကြပါတယ်။ဒါ့အပြင် ဟင်းချိုများ၊ စတူးဟင်းလျာများကို လည်းကျောက်ဖရုံသီး ဖြင့် ချက်ပြုတ်လေ့ရှိကြောင်းတွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း ကျောက်ဖရုံသီး ဟင်းခါးကို ထမင်းနှင့်တွဲဖက် စားသုံးရန်ဖြစ်စေ၊ အသုပ်များနှင့် တွဲဖက်ပြီိး ဖြစ်စေ စားသုံးလေ့ရှိကြပါတယ်။ ကျောက်ဖရုံသီး ဟင်းခါးကို ချက်ပြုတ်မယ်ဆိုရင်တော့ ငါး၊ ကြက်သား၊ ပုစွန် မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပြီး ရေနွေးဆူဆူထဲတွင် ကြက်သွန်ဖြူ ကိုထောင်းကာ ထည့််ပြီး ဆူလာချိန်တွင် ကျောက်ဖရုံသီး ထည့်ပြီး နူးလာသည်အထိ ပြုတ်ပေးပါ။ ကျောက်ဖရုံသီး နူးအိလာပြီဆိုရင် ပဲကြာဇံ နှင့် ငရုတ်ကောင်း ဖြူးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

999 Shan Noodle Shop999 Shan Noodle Shop
130B, 34th St, Yangon
Pansuria
No (102) Bogalayzay street, Botahtaung township Yangon
Green Elephant RestaurantGreen Elephant Restaurant
No. 37, University Avenue, Shwe Taung Kyar 1st Quarter, Yangon
Feel Myanmar FoodFeel Myanmar Food
No. 68, Tawwin Street, 9th Mile, Mayangone Tsp, Yangon
K Khine RestaurantK Khine Restaurant
No.45 Pyay Road ,Dagon Township, Yangon

#Photo_Credits

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top