ဂျပန်

ကမ္ဘာပေါ်ရှိဟင်းခတ်အမွှေးအကြိုင်များ

ဟင်းခတ်အမွှေးအကြိုင်များ

ဟင်းခတ်အမွှေးအကြိုင်များသည် ဟင်းလျာများတွင် အနံ့၊ အရသာ နှင့် အရောင်အဆင်း လှပစေရန် အတွက် အသုံးပြုလေ့ရှိကြပါသည်။ ဟင်းခတ်အမွှေးအကြိုင်များသည် အစေ့၊ အသီး၊ အမြစ်၊ အခေါက် နှင့် အခြား အပင်မှ ရရှိသော အရာများဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင် အများစုကို ဟင်းလျာထဲတွင် ထည့်သွင်းအသုံးပြုချက်ပြုတ်လေ့ရှိသည့်အပြင် အနာရောဂါများ သက်သာစေရန်အတွက် ဆေးဝါး အဖြစ်လည်းကောင်း၊ အနံ့ကုထုံးတွင် အသုံးချခြင်း နှင့် အလှကုန်ပစ္စည်းထုတ်လုပ်ရေး များ တွင် လည်း အသုံးပြု ကြပါသည်။ ထို့အပြင် ဟင်းခတ်အမွှေးအကြိုင်များသည် သေးငယ်သော ရောဂါ ပိုးမွှားများကို ကာကွယ်ပေးနိုင်သည့်အပြင် ရောဂါ ဖြစ်ပေါ်စေသော ဘက်တီးရီးယားများကိုလည်း အထူး ကာကွယ်ပေးနိုင်ပါသည်။

မြန်မာနိုင်ငံသည်လည်း  ရှေးယခင်ကတည်းက ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုသော နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အပြင် ဟင်းခတ်အမွှေးအကြိုင်များကို နေ့စဉ် ချက်ပြုတ် စားသုံးနေသော ဟင်းလျာတိုင်းတွင် အသုံးပြုလေ့ရှိကြသည်။ “ အစာသည်ဆေး၊ ဆေးသည်အစာ” ဟူသော မြန်မာ ဆိုရိုးအတိုင်း  ဆေးဘက်ဝင် လှသည့် ဟင်းခတ်အမွှေးအကြိုင်များကို ဟင်းလျာများ ထဲတွင် ထည့်သွင်း အသုံးပြုကာ စားသုံးလေ့ရှိကြပါသည်။ မြန်မာနို်င်ငံတွင် အသုံးများလှသော ဟင်းခတ်အမွှေးကြိုင်များမှာ ပင်စိမ်း၊ ကရဝေးရွက်၊ ငရုတ်သီး၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်း၊ နနွင်းမှုန့်၊ နံနံပင်၊ ဆီသတ်အရွက်၊ ပျည်းတော်သိမ်အရွက်၊ မန်ကျည်းသီး၊ ငရုတ်သီး များသည် မြန်မာ့ရိုးရာဟင်း များ ချက်ပြုတ်ရာတွင် အများဆုံး အသုံးပြုသော အရာများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငရုတ်သီစိမ်း အတောင့်သေးများကို အသုပ်များ ပြုလုပ်ရာတွင် အသုံးပြုပြီး ငရုတ်သီး အတောင့်ရှည်များကို အခြောက်ခံကာ အမှုန့်ပြုလုပ်ပြီး ငရုတ်သီးမှုန့်အဖြစ် အသုံးပြုလေ့ ရှိကြ ပါသည်။ ဆီသတ်ရွက် နှင့် ကရဝေးရွက် များကို အသားဟင်းများ ချက်ပြုတ်ရာတွင် အသား အညှီနံ့ ပျောက်ကင်း စေရန် နှင့် ပဲဟင်းများတွင် အနံ့အရသာ ကောင်းမွန်စေရန်အတွက် အသုံးပြုလေ့ရှိပြီး နံနံပင်နှင့် ပင်စိမ်းရွက်များကို အသုပ်များတွင် သာမက ဟင်းလျာများတွင်ပါ အသုံးပြုလေ့ရှိကြပါသည်။ ပတဲကောသည် ရခိုင်ရိုးရာ ဟင်းများ ချက်ပြုတ်ရာတွင် မပါမဖြစ် အရေးပါလှသော အမယ်တစ်မျိုး ဖြစ်သည်။

ကမ္ဘာအရပ်ရပ်တွင် မိမိဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုကာ ရိုးရာဆေးဝါးများ ပြုလုပ်ခြင်း၊ ရိုးရာဟင်းများ ပြင်ဆင်ချက်ပြုတ်ကြခြင်း နှင့် နည်းလမ်း အသွယ်သွယ်ကို အသုံးပြု ကြလေ့ရှိသည်။ ဟင်းချက်အမွှေးကြိုင်များ အားလုံးသည် ဆေးဘက်ဝင်ကာ လူတို့၏ ကျန်းမာရေးကို အထောက်အကူ ပြုလျက်ရှိပါသည်။ တခါတရံ မိမိဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုပြီး ချက်ပြုတ်ထားသော ဟင်းလျာများသည် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြား တတ်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အသုံးများသော ဟင်းခတ်အမွှေးအကြိုက်များမှာ စပါးလင်၊ ငရုတ်သီး၊ ပတဲကော၊ ထိုင်းပင်စိမ်းရွက်၊ ရှောက်ဘီလူးအရွက်၊ ဂျင်း၊ ပူတီနာ အရွက်၊ နံနံပင်၊ မန်ကျည်းသီး၊ ဟင်းခတ်အရွက် နှင့် အစရှိသည် တို့ ဖြစ်ပါသည်။

ထိုင်း အစားအစာများသည် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြင်ဆင် ချက်ပြုတ်လေ့ရှိကြပါသည်။ အဓိကအားဖြင့် ငရုတ်သီး၊ ဂျင်း၊ စပါးလင်၊ ကြက်သွန်နီ၊ နနွင်း၊ သစ်ကြံပိုးခေါက်၊ ရှောက်ဘီလူးရွက်၊ ပင်စိမ်းရွက်၊ ပူတီနာရွက်၊ ဂျင်း၊ နှမ်း၊ နံနံပင် နှင့် ဇီရာစေ့ တို့ကို အများဆုံး အသုံးပြုလေ့ရှိကြောင်း တွေ့ရှိရသည်။ ပင်စိမ်းကို ချဉ်ငံစပ်ဟင်းလျာ များနှင့် အကြော်ဟင်းလျာ များတွင် အသုံးပြုလေ့ ရှိကြပြီး ရှောက်ဘီလူး အရွက်ကို  ထိုင်းရိုးရာဟင်းလျာများတွင် အနံ့မွှေးစေရန် အသုံးပြုကာ ဆွမ်းမွှေးရွက်ကို ထိုင်းရိုးရာအချိုပွဲများတွင် အနံ့မွှေးနေစေရန် နှင့် အစိမ်းရောင် ရရှိစေရန် ထည့်သွင်း အသုံးပြုကြပါသည်။

မဆလာသည် အိန္ဒိယနိုင်ငံ၏ အစားအစာများ ချက်ပြုတ်ရာတွင် မပါမဖြစ် အရေးပါ လှပါသည်။ မဆလာများတွင် ပါဝင်သော ပစ္စည်းများသည် နေရာဒေသအလိုက် ကွဲပြားခြားနားလေ့ရှိပြီး မဆလာ ထဲတွင် အဓိက ပါဝင်သောပစ္စည်းများမှာ လေးညှင်း၊ သစ်ကြံပိုးအခေါက်၊ ငရုတ်ကောင်းစေ့၊ ဇီရာစေ့၊ နံနံစေ့၊ မုန်ညှင်းစေ့၊ နနွင်း၊ ဇာတိပ္ဖိုလ်ပွင့် နှင့် အခြားအစရှိသော ပါဝင်ပစ္စည်းများ ပါဝင်ပါသည်။ အဓိက မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင်များနှင့် မဆလာဖြင့် ချက်ပြုတ်ထားသော အိန္ဒိယ ဟင်းလျာများမှာ Rogan Josh ဟု ခေါ်သော  Ksshmir ဒေသမှ ဆိတ်သား (သို့မဟုတ်)  သိုးသား ဟင်းလျာ၊ Kerla ကြက်သား အုန်းနို့ဟင်းလျာ၊ အိန္ဒိယ ကြက်သားအစပ်ဟင်း၊ ပဲနီဟင်း၊ Takka ကြက်သားမဆလာဟင်း၊ ဒံပေါက် အစရှိသည်တို့ ဖြစ်ပါသည်။

တရုတ်ရိုးရာ ဟင်းခတ်အမွှေးအကြိုင် ဖြစ်သော စမုန်စပါး၊ လေးညှင်း၊ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်နှင့် စမုန်စပါးအပင် တို့ဖြင့် ပြုလုပ်ထားသော ငါးမျိုး တရုတ် ဟင်းခတ်အမွှေးအကြိုင် သည် အစားအစာများ၏ အရသာ ကို မျှတအောင် ကူညီ ထောက်ပံ့ပေးရုံမျှမက အစားအစာများကို တရုတ် စားသောက်ဆိုင်မှ အနံ့အရသာ အတိုင်း မိမိ မီးဖိုချောင်ထဲတွင် ပြင်ဆင် နိုင်ပါသည်။

Togarashi  ဟုခေါ်သော ဂျပန် ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွင် ငရုတ်သီး၊ သံပုရာခွံ (သို့မဟုတ်) လိမ္မော်ခွံ၊ နှမ်းစေ့ နှင့် ရေညှိ တို့ပါဝင်ပြီး  ဂျပန်နိုင်ငံတွင် ဟင်းခတ်အမွှေးအကြိုင် အဖြစ် အသုံးများ ကြသည်။

အီတလီအစားအစာများသည် ကမ္ဘာပေါ်တွင် ကျော်ကြားထင်ရှားလှသော အစားအစာ များဖြစ်ကြပါသည်။ အီတလီဟင်းလျာများတွင်  ငရုတ်ကောင်း၊ နံနံပင်၊ လေးညှင်းပွင့်၊ ပူတီနာ၊ Oregano အရွက်၊ ပင်စိမ်း၊ Rosemary နှင့် စမုန်ဖြူ တို့ကို အသုံးပြုကာ ချက်ပြုတ်ထားကြောင်း သိရှိရပြီး အီတလီ ဟင်းလျာတစ်မျိုး ဖြစ်သော ပါစတာတွင်လည်း အီတလီ ဟင်းခတ် အမွှေးအကြိုင်များ ပါဝင်နေသည်ကို တွေ့ရှိနိုင်ပါသည်။

မက်ဆီကန်ရိုးရာအစားအစာများတွင်  ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံစေ့၊ ငရုတ်သီးမှုန့်နှင့် Oregano တို့ အသုံးပြုပြီး ချက်ပြုတ်လေ့ရှိသည်။ မက်ဆီကန် Oregano များသည် မက်ဆီကန် ဟင်းလျာများကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ဖန်တီးပေးလျက်ရှိပြီး ငရုတ်သီးများသည် မက်ဆီကန် အစားအစာများ နှင့် Salsa ပြုလုပ်ရာတွင် မပါမဖြစ် အရေးပါလှကာ အချိန်ကြာမြင့်စွာ ချက်ပြုတ်ရသည့် စတူး ဟင်းလျာများ၊ ဟင်းသီးဟင်းရွက်ဟင်းလျာများ၊ ဆော့စ် များတွင်လည်း အဓိက ထည့်သွင်း အသုံးပြုလေ့ရှိသည်။ မက်ဆီကန်အစားအစာစစ်စစ်များသည် ငရုတ်သီးစိမ်း နှင့် ငရုတ်သီး အခြောက်များ ပါဝင်နေလျက်ရှိပြီး Ancho၊ Chipotle၊ Pasilla၊ Habanera၊ Guajiilo၊ Serrano နှင့် De Arbol ငရုတ်သီးများသည် မက်ဆီကိုတွင် ကျော်ကြားလှသော ငရုတ်သီးများ ဖြစ်ကြသည်။ အခြား ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သော သစ်ကြံပိုးခေါက်၊ လေးညှင်း၊ ထောပတ်ရွက်၊ နှင့် စမုန် စပါးပင် တို့သည်လည်း မက်ဆီကန် အစားအစာများကို တမူ ထူးခြားအောင် ပြုလုပ်ပေးနေသော ဟင်းခတ် အမွှေးအကြိုင်များ ဖြစ်ကြသည်။

ပြင်သစ်တို့သည် ဟင်းခတ်အမွှေးအကြိုင်များကို ဟင်းလျာများတွင် အနည်းငယ်မျှသာ ထည့်ပြီး ပြင်ဆင်ချက်ပြုတ်လေ့ရှိကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ပြင်သစ်တို့သည် ဟင်းလျာများကို သဘာဝအရသာ အတိုင်းခံစားပြီး စားသုံးလိုသူများ ဖြစ်ကြပါသည်။ ပြင်သစ် ဟင်းခတ်အမွှေး အကြိုင်များ ဖြစ်သော ပူတီနာ၊ လေးညှင်းပွင့်၊ Marjoram၊ နံနံပင်၊ ကလျာဏီပွင့်၊ စမုန်ဖြူ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီဥအကြီး၊ ကြက်သွန်နီဥအသေး တို့သည် မပါမဖြစ် ပုံမှန် အသုံးပြုနေသော ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်ပြီး အသား၊ငါးများတွင် ကောင်းမွန်သော အရသာ ရရှိအောင် ပြုလုပ်ပေးပါသည်။ ထိုဟင်းခတ်အမွှေးအကြိုင်များကို Ratatouille ဟုခေါ်သော ဟင်းသီး ဟင်းရွက် စတူး ဟင်းများတွင် လည်း ထည့်သွင်း ချက်ပြုတ်လေ့ရှိပြီး ဝိုင်နီနှင့် ဝိုင်ဖြူကိုလည်း ဟင်းလျာများတွင် ထည့်သွင်း ချက်ပြုတ်လေ့ ရှိကြောင်း သိရှိရသည်။

အာဖရိကနိုင်ငံမြောက်ပိုင်းဒေသ၏ စွပ်ပြုတ်များနှင့် စတူးဟင်းလျာများတွင် Harissa ဟုခေါ်သော စမုန်စပါး၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်း နှင့် လေးညှင်း တို့ ဖြင့် ဖျော်စပ်ထားသော    အစပ်အရသာ ရှိသည့် ဆော့စ်တစ်မျိုးကို အဓိက အသုံးပြုလေ့ရှိကြပြီး အီတလီ အစားအစာ များ တွင်လည်း ထည့်သွင်းစားသုံးလေ့ရှိပါသည်။
ဒေသတစ်ခုဆီမှ ရရှိသော ဟင်းခတ်အမွှေးအကြိုင် များသည် ဒေသတစ်ခုစီ၏  အစားအစာများကို  ကိုယ်စားပြုပါသည်။ ဟင်းခတ်အမွှေးအကြိုင်များသည် လူသားတို့၏ နေ့စဉ် နေထိုင်မှု ဘဝများတွင် ယနေ့ထိတိုင် အရေးပါလျက် ရှိပါသည်။ လူအများစုသည် ဟင်းခတ်အမွှေးအကြိုင်များ၏ အမည် တော်တော်များများကို မသိကြသော်လည်း ဟင်းခတ် အမွှေး အကြိုင်များသည် လူသားတို့အား အကျိုးပြုဆဲ ဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်တွင်  အသုံးပြုနေသော ဟင်းခတ်အမွှေးအကြိုင်များကို သိရှိပြီး နေ့စဉ်ချက်ပြုတ်သည့် ဟင်းလျာများကို အကောင်းဆုံး ဖန်တီးနိုင်ပါပြီ။

ဂရင်းဂိုချီလန်ဂိုစ်(Gringos Chilangos)ဂရင်းဂိုချီလန်ဂို

အမှတ်၂၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့။

မဲဇစ်တ် မဲဇစ်တ် စားသောက်ဆိုင်(Mahlzeit Cafe)မဲဇစ်တ် စားသောက်ဆိုင်(Mahlzeit Cafe)
အမှတ်၈၄၊ ပန်းလှိုင်လမ်း၊ရန်ကုန်မြို့။
အယ်လ်အောပရာ အီတလီစားသောက်ဆိုင်အယ်လ်အောပရာ အီတလီစားသောက်ဆိုင်(L’opera)

အမှတ်၆၂ (ဒီ)၊ ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

 

အင်တီယန်း တက်တ်ကခ် (Indian Tadkha)အင်တီယန်း တက်တ်ကခ် (Indian Tadkha)

အမှတ်(၇) အေ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

မရီလ်နာ အိန္ဒိယစားသောက်ဆိုင် (Marina Indian Restaurant)မရီလ်နာ အိန္ဒိယစားသောက်ဆိုင် (Marina Indian Restaurant)

အမှတ်(၆၃)၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top