မြန်မာ
သွားရောက်စားသောက်သင့်သော ရန်ကုန်မှ Asian စားသောက်ဆိုင်များ
အာရှအစားအစာ တော်တော်များများက ဗမာလူမျိူးတိို့ရဲ့ပါးစပ်နဲ့ တော်တော်လေး အစပ်အဟပ်တည့်ပါတယ်။
နောက်ပြီး အာရှစားသောက်ဆိုင်တွေက နေရာတကာနီးပါးမှာရှိပါတယ်။
ဒီဆောင်းပါးမှာ လမ်းညွှန်ပေးမဲ့ အာရှအစားအစာဆိုင်တွေကတော့ နည်းနည်းလေး စျေးကြီးပါတယ်။ ဒါပေမဲ့ ပေးရတဲ့ စျေးနဲ့တန််တဲ့ဆိုင်တွေပါ။ အစားအစာ ပမာဏလည်း များပါတယ်။ လခထုတ်ရက်မှာ ကိုယ့်ကိုယ်ကိုပြုစုတဲ့ အနေနဲ့ ဆုချသင့့်ပါတယ်နော်။
နောက်ပြီး မိသားစုနဲ့လည်းသွားဖို့လည်း အဆင်ပြေတဲ့ဆိုင်တွေပါ။ နေရာကျယ်ပြီး စားရသောက်ရတာ သက်တောင့်သက်သာရှိလို့ပါ။
ကဲ…. ဒါဆိုရင် ဆက်ပြီးတော့ ဘယ်ဆိုင်လေးတွေလည်း ဆက်ပြီးဖတ်ကြည့်လိုက်ကြပါနော်။
Indian Tadka
မြန်မာလူမျိူးတို့ အကျွမ်းတဝင်ရှိတဲ့ အိန္ဒိယ အစားအစာနဲ့ပဲ အစပျိူးပါရစေနော်။
မြန်မာပလာဇာအပေါ်ဆုံးထပ်မှာရှိပြီးတော့ စျေးကတော့ ပေးရတဲ့ အရသာနဲ့တော်တော်လေး တန်ပါတယ်။ တကယ့်ကို အန္ဒိယအစားအစာရဲ့ အရသာအစစ်ကို ခံစားလို့ရပါတယ်။ ဆိုင်အပြင်အဆင် နဲ့ လာချပေးတဲ့ ပန်းကန်ပုံစံတွေက သက်သေပြမှာပါ။ နံပြားစစ်စစ် ဆိုတာ ဒီဆိုင်မှာရပါတယ်။ ကြက်သားထောပတ်ဟင်းနဲ့ စမူဆာကတော့ လုံးဝကိုမှာစားရမှာပါ။
Shakariki432
ကမ္ဘာအေးလမ်းမကြီး စူပါဟိုတယ်ရဲ့ အောက်ဆုုံးထပ်မှာ ဖွင့်ထားတာပါ။ ဂျပန်အစားအစာရဲ့ တကယ့် အရသာအစစ် အပြင် ဒီဆိုင်က ဆာရှိမီတွေ မှာ သုံးတဲ့ ဆယ်လမွန်၊ တူနာ အစရှိတဲ့ ငါးတွေက လုံးဝ လတ်ဆတ်ပြီး ပထမတန်းစားပါပဲ။ နောက်တစ််ခုက ဒီဆိုင်မှာ သူတို့ကိုယ်ပိုင် တံဆိပ်နဲ့ ထုတ်တဲ့ ဘီယာရှိပါတယ်။ အရမ်းကို သောက်လို့ကောင်းပါတယ်။
D’Penyetz
အင်ဒိုနီးရှား အစားအစာတွေ သီးသန့်ရောင်းတဲ့ဆိုင်လေးပါ။ တော်ဝင််စင်တာမှာ ရှိပါတယ်။ ရန်ကုန်မှာ အင်ဒိုနီးရှားစားသောက်ဆိုင်ဆိုတာ လက်ချိူးရေလို့ရပါတယ်။ ဒီဆိုင်ရဲ့ အရသာကတော့ လုံးဝ အင်ဒိုနီးရှားအစစ်လက်ရာလိုခံစားရစေမှာပါ။ ကြက်ကြော်လေးကို စမ်းစားကြည့်လိုက်ပါ။ သိသွားပါလိမ့်မယ်။
Paradise Dynasty
တောင်ပိုင်းတရုတ်ပြည်ရဲ့ အစားအစာတွေကို စားကြည့်ချင်ရင်တော့ ဒီဆိုင်ကိုသွားသင့်ပါတယ်။ Junction Square မှာဖွင့်ထားတာပါ။ ဖက်ထုပ်ရဲ့ အရသာကလုံးဝအံ့မခန်းပါပဲ။ လက်လုပ်ခေါက်ဆွဲ တွေကိုလည်း စားကြည့်ပါ။ အရသာမျိူးစုံရှိလို့ ခေါက်ဆွဲကိုပုံစံမျိူးစုံ စားလို့ရပါတယ်။ ဒါပေမဲ့သတိထားပါ။ တစ်ပွဲကို လူသုံးယောက် မနည်းကုန်အောင်စားရပါတယ်။ အချိူပွဲလေးတွေလည်းမှာစားကြည့်ပါ။ စာရေးသူကတော့ နှမ်းကပ်ပန်ကိတ်လေးကိုကြိုက်ပါတယ်။
Thai 47
ထိုင်းစားသောက်ဆိုင်အစစ်ဆိုတာ ဒီဆိုင်ပါပဲ။ မူပင်းလို့ခေါ်တဲ့ ဝက်သားပြားကင်ကတော့ လုံးဝ ဘန်ကောက်ကအရသာတွေလိုပါပဲ။ ကွေ့သယိုလေးကလည််း တကယ်ကိုအရသာရှိပါတယ်။ အိမ်တိုင်ရာရောက်လည်းပို့ပေးတယ်နော်။ နောက်ပြီး ဆိုင်ရဲ့အပြင်အဆင်ကလည်းတကယ် ထိုင်းစတိုင်ပါ။ ကျောက်ကုန်း အောင်ဇေယျလမ်းမပေါ်မှာ ရှိပါတယ်။
Singapore Hawker
ရန်ကင်းမြို့နယ် သစ္စာလမ်းမပေါ်မှာ တည်ရှိပြီးတော့ စင်ကာပူအစားအသောက် တွေကို အရသာရှိရှိနဲ့ စားနိုင်ပါတယ်။ ကြက်ဆီထမင်းကတော့ ရှယ်ပါပဲ။ နောက််ပြီး ဖျော်ရည်ကောင်းကောင်းလေးတွေလည်းရပါတယ်။
Sorabol
ကိုရီးယားအစားအသောက် တွေကို ကိုရီးယားနိုင်ငံမှုာ စားနေသလိုခံစားရစေမှာပါ။ ဝက်သားကင်ကတော့ စာရေးသူအကြိုက်ပါပဲ။ ရွှေတောင်ကြား ကမ္ဘောဇလမ်း အမှတ်၁၅ ပါ။
ခုလောက်ဆို အာရှတစ်ခွင်လည်း တော်တော်လေးကို စုံသလောက်ရှိနေပါပြီ။
ပရိသတ်ကြီးရေ ….. အများကြီးဆက်မရေးတော့ဘူး။
လကုန်ရင် ပို်က်ဆံပိုက်ပြီးသာ ပတ်စားပါတော့ရှင်။
ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။
[Unicode]
အာရှအစားအစာ တော်တော်များများက ဗမာလူမျိုးတို့ရဲ့ပါးစပ်နဲ့ တော်တော်လေး အစပ်အဟပ်တည့်ပါတယ်။
Indian Tadka
မြန်မာလူမျိုးတို့ အကျွမ်းတဝင်ရှိတဲ့ အိန္ဒိယ အစားအစာနဲ့ပဲ အစပျိုးပါရစေနော်။
Shakariki432
D’Penyetz
Paradise Dynasty
Thai 47
Singapore Hawker
Sorabol
လကုန်ရင် ပိုက်ဆံပိုက်ပြီးသာ ပတ်စားပါတော့ရှင်။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top