ပွဲတော်များ

သီတင်းကျွတ်ပိတ်ရက်မှာ ဘယ်ပွဲတော်တွေဆီ သွားလည်ကြမလဲ။

Thadingyut

ဒီမနက် လမ်းထိပ် လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ သီတင်းကျွတ် သီချင်းလေးကြားပြီးတော့ မကြာခင်မှာ သီတင်းကျွတ်ရောက်တော့မှာပါလားလို့ တွေးမိလိုက်တယ်။

သီတင်းကျွတ်လကတော့ ပျော်စရာ မီးထွန်းပွဲတော်၊ ပွဲစျေးတွေ၊လူကြီးမိဘတွေကို လိုက်လံဂါရဝ ပြုပြီး မုန့်ဖိုးတောင်းရတဲ့ အချိန်လည်း ဖြစ်၊ ရုံးသမား၊ ကျောင်းသမားတွေလည်း ပိတ်ရက်တွေအများကြီး ရတဲ့လ မလို့ မြန်မာလူမျိုးတိုင်း ပျော်ရွှင်ကြရတဲ့ လလေးပါ။ ဒီလိုု ပိတ်ရက်လေးမှာ သွားလည်လို့လည်းကောင်း၊ ဒေသရဲ့ ထူးခြားတဲ့ ပွဲတော်လေးတွေကိုလည်း ဝင်ဆင်နွဲလို့ရမယ့် နေရာလေးတွေ ရှိပါတယ်။

ကျောက်ဆည် ဆင်ကပွဲတော် – အောက်တိုဘာလ (၄ – ၆) ရက်နေ့

ကျောက်ဆည် ဆင်ကပွဲတော်Photo credit: http://www.myanmarlits.com

ချစ်စရာကောင်းတဲ့ ဆင်ရုပ်ကြီးတွေ ရဲ့ အကကို အိုးစည်၊ ဒိုးပတ် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကျင်းပတဲ့ ကျောက်ဆည်မြို့က ဆင်ကပွဲကလည်း ထူးခြားပြီး ထင်ရှားတဲ့ ပွဲတော်တစ်ခုပါ။ ဝါး၊ စက္ကူနဲ့ ပြုလုပ်ပုံဖော်ထားတဲ့ ဆင်ရုပ်ကြီးထဲမှာ လူ၂ ယောက်ဝင်ပြီး သံစဉ်အလိုက် ယိမ်နွဲ့ပြီး ကနေကြတာက မြင်ရသူတိုင်းကို သဘောကျစေပါတယ်။ ဒီပွဲတော်ကိုတော့ သီတင်းကျွတ် အောက်တိုဘာလ (၄ – ၆) ရက်နေ့ မှာ နှစ်စဉ် ကျင်းပပြီး လာရောက်သူတွေ အများအပြားရှိပါတယ်။

ကျိုက်ထီးရိုး ဘုရားပွဲ – အောက်တိုဘာ(၁၅) ရက်နေ့

Thadingyut festival
ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရားကြီးက ရန်ကုန်မြို့ နှင့် ၁၆၀ ကီလိုမီတာ အကွာ ကျိုက်ထို မြို့မှာ တည်ရှိတာပါ။ ရန်ကုန်ကနေ ကျိုက်ထီးရိုးကို တိုက်ရိုက်ရောက်တဲ့ ဘက်စ်ကားတွေရှိပြီး ၄နာရီ လောက် ပဲ စီးရပါတယ်။ ကျိုက်ထီးရိုးတောင်ကို ခြေလျင်၊ တောင်တက်ကားတွေနဲ တက်လို့ရပါတယ်။ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း ကျိုက်ထီးရိုးဘုရားပွဲတော်ကို ကျင်းပ ပြီး မွန်ပြည်နယ် အနှ့ံက စျေးသည်တွေ၊ ဘုရားဖူးတွေ၊ မြန်မာပြည်အနှံ့က ဘုရားဖူးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားများ အလာများတဲ့ အချိန်လည်း ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ရောက်ပြီဆိုတာနဲ့ ကျိုက်ထီးရိုးရင်ပြင် ပေါ်မှာ ဆီမီး၉၀၀၀၊ ပန်း၉၀၀၀ ကပ်လှူပူဇော်ပွဲ ပြုလုပ်လေ့ရှိတာကြောင့် ဒီအချိန်သွားမယ်ဆိုရင်တော့ ဆီမီး၊ ပန်းတွေနဲ့ သပ္ပါယ်လှတဲ့ စေတီတော်ကြီးကို ဖူးမြော်ရမှာပါ။ ဆုတောင်းပြည့် ကျိုက်ထီးရိုး ဘုရားကြီးကို ဖူး၊ သာယာတဲ့ ရှုခင်းလေးတွေကို ကြည့်ရင်း စည်ကားလှတဲ့ ဘုရားပွဲကို ဆင်နွဲလို့ရတဲ့ ပွဲတော်တစ်ခုပါ။

ရွှေကျင် မီးမျှော်ပွဲတော် – အောက်တိုဘာလ (၈) ရက်နေ့

Thadingyut Lighting Festival
ရွှေကျင်မြို့ကတော့ ရန်ကုန်မြို့ကနေ မိုင် ၁၀၀ လောက်ဝေးတဲ့ ပဲခူးတိုင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ မြို့လေးပါ။ ဒီမြို့လေးမှာ ကျင်းပပြုလုပ်တဲ့ မီးမျှောပွဲတော်က ကျော်ကြားတဲ့ ပွဲတော်တစ်ခုပဲ ရှိပါတယ်။ ရွှေကျင်မြို့ရဲ့ ဓလေ့အတိုင်း ဆွမ်းတော်ကြီး ကပ်လှူပွဲကို သီတင်းကျွတ် လပြည့်နေ့ မနက်စောစောမှာ ကျင်းပပြီး လပြည့်ကျော် ၁ရက်နေ့မှာတော့ ရွှေကျင်ချောင်းမှာ ရှင်ဥပဂုတ္တ ပူဇော်ပွဲနဲ့အတူ မီးမျောပွဲကို ကျင်းပလေ့ရှိကြတယ်။ လပြည့်ကျော် တစ်ရက်နေ့ညပိုင်းမှာတော့ ရွှေကျင်ချောင်းကြီးထဲမှာ မီးကြာခွက်လေးတွေကို မျှောကြပြီး ဘုရားရှင်ကို ပူဇော်ကြတယ်။ ချောင်းရေပြင်တစ်ခုလုံး ဆီမီးရောင်လေးတွေနဲ့ လှပနေသလို ကောင်းကင်မှာ လဲမီးပုံးလှလှလေးတွေ၊ မီးရူးမီးပန်းလေးတွေနဲ့တကယ်ကို လှပတဲ့ အချိန်လေးပါ။ ဒီလိုမျိုးထူးခြားတဲ့ ရွှေကျင်မီးမျှောပွဲတော်ကို လာရောက် ဆင်နွဲကြနိုင်ဖို့အတွက် အနယ်နယ် အရပ်ရပ်က ဧည့်သည်များလာရောက်ကြသလို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားကြတဲ့ ပွဲတော်လေး တစ်ခု ဖြစ်ပါတယ်။

ရေကျော်ပွဲစျေး – အောက်တိုဘာလ (၂) ရက်နေ့

Yay Kyaw festival
အစားသမားတွေအတွက်ရော၊ စျေးဝယ်တာ ကြိုက်တဲ့သူတွေအတွက်ရော၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လည်မယ့်သူတွေအတွက် ရန်ကုန်မြို့ရဲ့ ရေကျော်ပွဲစျေးက ကွက်တိကျစေမှာပါ။ ရန်ကုန်မြို့ရဲ့ ရေကျော်ပွဲစျေးက နာမည်ကြီးတဲ့ ပွဲစျေးတစ်ခုဆိုတဲ့ အတိုင်း စုံလင်လှတဲ့မုန့်တွေ၊ အစားအစာတွေ၊ အမှတ်တရပစ္စည်းတွေအစုံအလင် ရရှိနိုင်ပါတယ်။ ဒါ့အပြင် ပျော်ပျော်ပါးပါးရဟတ်တွေ၊ ချားတွေစီးမလား၊ လည်ရင်းပတ်ရင်း အချောအလှလေးတွေကို ငေးမလား၊ ဘော်ဒါတွေနဲ့ တကယ်ပျော်လို့ကောင်းတဲ့ ရပ်ကွက်ဖျော်ဖြေရေးပွဲတွေ၊ အဆိုတော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ နဲ့ ပျော်စရာ အစီအစဉ်တွေ အများကြီးရှိပါတယ်။

သူငယ်ချင်းတို့ရော….ဒီသီတင်းကျွတ်ပိတ်ရက်လေးမှာ ဘယ်ကိုသွားဖို့ စီစဉ်ထားကြလဲဆိုတာ ပြောပြခဲ့ပါဦး။ ပျော်စရာ သီတင်းကျွတ်အချိန်အခါလေး ပိုင်ဆိုင်နိုင်ကြပါစေနော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top