သုံးသပ်ချက်များ

သာယာ ကြည်နူးဖွယ်ကောင်းလှသော Alamanda Inn Restaurant and Bar

Alamanda Inn Restaurant and Bar

Alamanda Inn Restaurant and Barလူနေထူထပ်ပြီး ဆူညံနေသော ပတ်ဝန်းကျင်ကနေ အချိန်ခဏလေး ပြေးထွက်ချင်စိတ် ဖြစ်ပေါ်ဖူးတတ်ကြပါတယ်။ သဘာဝ ပတ်ဝန်းကျင် ရဲ့ အငွေ့အသက်များကိုခံစားနိုင်ပြီး တောတွင်းငယ်ထဲကို ရောက်ရှိသွားသလို ခံစားမှုကို ပေးစွမ်းနိုင်မယ့် စားသောက်ဆိုင်လေး တစ်ခုကို တွေ့ရှိထားပါတယ်။ ဒီဆိုင်လေးကတော့ Alamanda Inn Restaurant and Bar ဖြစ်ပြီး ဆိတ်ငြိမ်လှတဲ့ ရွှေတောင်ကြားလမ်းမှာ တည်ရှိပါတယ်။ အေးချမ်းလှတဲ့ဆိုင်ရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားမှာ လန်းဆန်းစေမယ့် ဖျော်ရည် တစ်ခွက် နှင့် စွဲမက်ဖွယ် အစားအစာများကိုလည်း သုံးဆောင်နိုင်မဲ့ ဆိုင်လေးဖြစ်ပါတယ်။
Alamanda Inn Restaurant and Barနေ့လည်စာ လာရောက်စားသုံးကြသူများ၊ ရိုမန်တစ်ဆန်ဆန် ညစာစားသုံးလိုသူများ နှင့် စီးပွားရေး မိတ်ဆုံစားပွဲ လာရောက်သူများ အတွက် Alamanda Inn, Restaurant and Bar သည် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်ပါတယ်။ အကောင်းဆုံးသော သောက်သုံးစရာများ၊ အချိုပွဲများနှင့် အရသာကောင်းမွန်လှတဲ့ အနောက်တိုင်းအစားအစာ များရရှိနိုင်ပြီး မနက်စာ၊ နေ့လည်စာ နှင့် ညစာ အတွက် အထူး ကောင်းမွန်ပြည့်စုံလှသော စားသောက်ဆိုင်တစ်ခုဖြစ်ကာ ပြင်သစ် အစားအစာများကို အဓိက ပြင်ဆင်ချက်ပြုတ်ပေးပါတယ်။ ဒါ့အပြင် အနောက်တိုင်းစတိုင်အသုပ်များ၊ အသားညှပ်ပေါင်မုန့်များ၊ ပါစတာများ၊ အရည်အသွေးနှင့်အရသာ
Alamanda Inn Restaurant and Barကောင်းမွန် လှတဲ့ Steak များကို သုံးဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဝိုင်၏ အရသာကြောင့် နာမည်အလွန်ကျော်ကြား ထင်ရှားလှသော ပြင်သစ် ဝိုင်နှင့် ပြင်သစ်နိုင်ငံထုတ် စပါကလင် ဝိုင်များကို ဝယ်ယူရရှိသောက်သုံးနိုင်သည့် ကောင်းမွန် ပြည့်စုံလှတဲ့ ဝိုင်ဘား ရှိတဲ့ အပြင်
ကော့တေးများ၊ လတ်ဆတ်သော အသီးဖျော်ရည် မျိုးစုံ၊ ဒိန်ချဉ်နှင့် ပြုလုပ်ထားသော  အချိုပွဲများ နှင့် အဖျော်ယမကာ မျိုးစုံကိုတည်ခင်းနိုင်တဲ့နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ် ပြောင်းလဲနေသော မီနူးအသစ်များ၊ နေ့လည်စာ အတွဲအဆက်များနှင့် အထူးအစားအစာအစီအစဉ်များကို အမဲရောင် ဘုတ်ပြားတွင် အမြဲရေးသားထားလေ့ရှိတာကြောင့် ဆိုင်ကို သွားရောက်စားသုံးတဲ့အခါ အထူး မီးနူးအသစ်ကို မြင်တွေ့ကာ သုံးဆောင်နိုင်စေပါတယ်။ အသားဟင်းလျာများကို ခုံမင် သူများအတွက် အမဲသား Steakနှင့် ပြင်သစ်အာလူးချောင်းကြော် ဟင်းပွဲသည် အလွန်ကောင်းမွန်ကာ သင့်တော်လှသော အစားအစာ ဖြစ်ပါတယ်။

Alamanda Inn Restaurant and Barသစ်ပင်ပန်းမာန်များဖြင့် ဝန်းရံနေ သောသဘာဝပတ်ဝန်းကျင်အနေအထားရှိသည့် Alamanda Inn, Restaurant and Bar တွင် အစားအစာများကို သုံးဆောင်ရင်း သဘာဝ ပတ်ဝန်းကျင်၏ အလှအပကို ခံစားကာ အနားယူနိုင်ပါတယ်။ သူငယ်ချင်းမိတ်တွေအဖွဲ့ဝင်များနှင့် တွေ့ဆုံလိုသည့် အခါဖြစ်စေ၊ မိသားစုများ အနားယူအပန်းဖြေခြင်းများအတွက် လည်း နေရာကောင်းတစ်ခုလည်း ဖြစ်ပြီး ကလေးများလွတ်လပ်စွာ ပျော်ပါးကစားနိုင်သည့် ပတ်ဝန်းကျင် အနေအထား နှင့် လည်း ပြည့်စုံလှပါတယ်။ မြန်နှုန်းမြင့် အခမဲ့သုံး Wi-Fi သုံးစွဲခွင့် ထားရှိပေးထားတာကြောင့် တိတ်ဆိတ် ငြိမ်သက်လှတဲ့ ပတ်ဝန်း ကျင်တွင် အစားအစာများကို သုံးဆောင်ရင်းအလုပ်များ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။

သာယာလှတဲ့ သဘာဝ ပတ်ဝန်းကျင် ရဲ့အလှကို ခံစားကာ အကောင်းဆုံးသော ဝိုင်နှင့် အရသာရှိလှသော ပြင်သစ်အစားအစာများကို သုံးဆောင်ပြီး အပန်းဖြေနိုင်သည့် အိုအေစစ်နေရာလေးတစ်ခု ဖြစ်ပါတယ်။ ရိုမန်တစ် ဆန်ဆန် ညစာ စားသုံးလိုတဲ့သူများအတွက်လည်း စိတ်ကြည်နူးဖွယ်ရာ ပတ်ဝန်းကျင်အနေအထား ရှိခြင်းကြောင့် သင်နှ်င့် သင်ချစ်ခင်ရသူအတွက် အမှတ်တရကောင်းများ ဖန်တီးနိုင်ပါတယ်။

Alamanda Inn Restaurant and Barရန်ကုန်မြို့၏ အဆိတ်ငြိမ်ဆုံးသော နေရာတွင်တည်ရှိပြီး အကောင်းဆုံးသော အစားအစာ များကို ရရှိနိုင်တဲ့ အပြင် နေချင်စဖွယ် ကောင်းလှသော အဆင်အပြင်ရှိသောဟိုတယ်ကို ရှာဖွေနေသူများအတွက် Alamanda Inn က အကောင်းဆုံးသော နေရာတစ်ခု ဖြစ်ပါတယ်။ ကိုလိုနီစတိုင် နှစ်ထပ် အဆောက်အဦးပုံစံရှိကာ တိတ်ဆိတ်ငြိမ်သက်လှသော သဘာဝ ပတ်ဝန်းကျင် ၊ လှပလှတဲ့ အခန်းအပြင်အဆင် များကြောင့် Alamanda Inn သည် နိုင်ငံခြား ခရီးသွားများ အကြား အထူး ကျော်ကြားလှသော တည်းခိုရာ နေရာတစ်ခု ဖြစ်လာပါတယ်။ အခန်းတိိုင်း၏ အပြင် အဆင်ကိုကြည့်လိုက်မယ်ဆိုလျှင် ပြင်သစ်စတိုင်နှင့် မြန်မာရိုးရာ အလှဆင် ခြင်း နှစ်ခုကို ပေါင်းစပ်သည်ကို တွေ့မြင်နိုင်ပါတယ်။ လှပလှတဲ့ အဖြူရောင် ခြင်ထောင် ဇာလေးများဖြင့် လှပအောင် အလှဆင်ထားပေးခြင်း၊ သီးသန့် ရေချိုးခန်းနှင့် အခြားသော ပြီးပြည့်စုံလှသော ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးထားတာကြောင့် ငြိမ်းချမ်းလှပတဲ့ ပတ်ဝန်းကျင် အနေအထားတွင် ကောင်းမွန်စွာ အနားယူနိုင်စေမှာပါ။

ဖော်ရွှေပျူငှာပြီး ကူညီတတ်တဲ့ ဝန်ထမ်းများကြောင့် Alamanda Inn, Restaurant and Bar မှာလာရောက်တည်းခို စားသောက်သူတိုင်း ကို စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေနိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်လှတဲ့ လမ်းအနေအထားနှင့် ရပ်ကွက် အနေအထားကြောင့် တစ်ခါတရံ Alamanda Inn, Restaurant and Bar သို့လာရောက်ရန်ရှာဖွေရ၊ လမ်းညွှန်ရခက်လှသော်လည်း ခရီးသွားများ၊ ပြင်သစ်စာ ကြိုက်နှစ်သက်သူများ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများကတော့ ဒီနေရာလေးကို မရောက်ရောက်အောင် လာရောက် တည်းခို စားသောက်ကြစမြဲ ဖြစ်ပါတယ်။ Alamanda Inn, Restaurant and Bar ရဲ့ တည်နေရာကတော့အမှတ် (၆၀)၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ Alamanda Inn, Restaurant and Bar မှာ သင့်ရဲ့ ပင်ပန်းနွမ်းနယ်မှုများကို အပန်းဖြေလိုက်ပါ။

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top