Lifestyle

သန့်ရှင်းကျန်းမာ မနက်စာ

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ မနက်စာ ကို ပုံမှန်စားသုံးကြတာရှားပါတယ်။ အသက်ရှည်ကျန်းမာဖို့ ဆိုရင် မနက်စာကိုပုံမှန်စားသုံးသင့်တာ လူတော်တော်များများသိကြပါတယ်။ ကျန်းမာဖို့မနက်စာ စားသုံးတဲ့အခါမှာလဲ သန့် ရှင်းမှုကိုလဲ မမေ့ကြဖို့လိုပါတယ်။ အဲဒီတော့ကျွန်တော်တို့ မနက်စာကို ဘယ်လိုသန့်သန့် ရှင်းရှင်း နဲ့ ကျန်းကျန်းမာမာ ဖြစ်ဖို့ဘယ်လိုစားသုံး ရမလဲဆိုတာ ဒိုးမယ်ကနေ နည်းလမ်းလေးတွေမျှ ဝေလိုက်ပါတယ်နော်။

 

၁) အိမ်မှာကိုယ်တိုင်လုပ်စားပါ

ဟုတ်ပါတယ် အိမ်မှာကိုယ့်ဘာသာ မနက်စာလုပ်စားတာလောက် တခြားတစ်နေရာက ၀ယ်စားတာက   ကောင်း မယ်မထင်ပါဘူး။ မိသားစုဝင်တိုင်း အလုပ်လုပ်ကြတဲ့ခေတ်ကြီးမှာမနက်စာကို ကိုယ်တိုင်လုပ်စားဖို့ ဆိုတာပိုပြီးခက်ခဲစေမယ်ဆိုတာသိပါတယ်။ ဒါပေမယ့်အလွယ်တကူ အာဟာရ ရှိရှိ ဘယ်လိုလုပ်စားရမလဲဆိုတာကို နောက်တစ်ပတ်မျှဝေပေးသွားပါဦးမယ်။

၂) Food Service Application ကိုသုံးပါ

နည်းပညာမြင့်မားလာတဲ့ခေတ်ကြီးမှာ Doemal တို့လို ယုံကြည်စိတ်ချရ တဲ့ဆိုင်တွေနဲ့  Partner ဖြစ်ထားပြီး Promotion တွေ နဲ့ Dinga Rewards တွေ နဲ့ သက်သက်သာသာမှာယူစားသုံးလို့ရနေပါပြီ။ မနက်စာဝယ်ဖို့ ချက်ဖို့အချိန်မပေးနိုင်တဲ့ အလုပ်များတဲ့သူတွေအတွက်။ တော်တော်လေးအဆင်ပြေပါတယ်။

သန့် ရှင်းပြီး ကျန်းမာရေးအတွက်သင့်လျော် တာကို အာမခံလို့ Doemal ကို သုံးဖို့ မမေ့ နဲ့နော် 😉

     

 

၃) ညထဲကကြိုဝယ်ပြီးပြင်ဆင်ထားပါ

မနက်စာကို ညထဲကကြိုစဉ်းစားပြီးဝယ်ယူပြင်ဆင် ထားတာက မနက်အလုပ်သွားချိန်မှာ မနက်စာစားဖို့လစ်ဟင်းတာတွေ အချိန်ကုန်တာတွေကို မဖြစ်စေပါဘူး။

၎) ပလက်စတစ်အိတ်ကိုဘယ်တော့မှမသုံးပါနဲ့ 

တတ်နိုင်ရင် ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီးရန်က ကာကွယ်ဖို့ အစားအစာတွေအထူးသဖြင့် ပူတဲ့ ဟာတွေ ပါဆယ်ယူတဲ့အခါမှာ မသုံးမိဖို့လိုပါတယ်။ ဒါကြောင့် မုန့်ဟင်းခါး ၊ အုန်းနို့ ခေါက်ဆွဲ စတဲ့ ဟာတွေပါဆယ်ယူတဲ့အခါမှာ ချိုင့်လေးတွေ ယူသွားတာအကောင်းဆုံးပါ။ ဒီလိုမျိုးတွေမဖြစ်စေရအောင်လည်း ဒိုးမယ်က သေချာ order မှာပေးနေတယ်နော် 😁

 

၅) မနက်မှာ Social media တွေအသုံးပြုတာလျော့လိုက်ပါ

နောက်ပိုင်းမသိမသာနဲ့ လူတွေရဲ့ အချိန်တွေကို တိုက်စားနေတဲ့ Social Application ကြီးကို မနက်ပိုင်းမသုံးတာအကောင်းဆုံးပါ။ မနက်ပိုင်းမသုံးလိုက်ခြင်းက ဦးနှောက်ကို လန်းဆန်းစေပြီး အိပ်ယာကနေထကာ အားကစားတွေ မနက်စာစားဖို့တွေ လုပ်ဖို့အချိန်တွေ ရှိလာစေပါတယ်။ Social media ကို သုံးမယ့်အစား Breakfast စားဖို့ အချိန်ပေးခြင်းက သင့်ကျန်းမာရေးနဲ့ ဘ၀ ကိုပါတိုးတတ်စေဖို့  Chain Reaction ရှိတယ်ဆိုတာ အသိရှိထားပါ။

၆) မနက်အစောကြီးထပြီး နာရီဝက်လမ်းလျှောက်ပေးပါ

မနက်စာစားဖို့တောင်အချိန်မလောက်တာ လမ်းလျှောက်ဖို့ဆိုတာ ဝေးကော လို့ အလျင်စလိုမပြောလိုက်ပါနဲ့နော်။ ဒီလို နာရီဝက် အချိန်ပေးလိုက်ခြင်းက သင့်ကို မနက်စာ စားဖို့တိုက်တွန်းစေပြီး ကျန်းမာရေး နဲ့ လည်းညီညွတ်စေပါတယ်။

 

ကဲ Social apps လည်းသုံးချင်တယ် မနက်အစောကြီးလည်း လမ်းမလျှောက်ချင်ဘူး မနက်စာလည်းစားချင်တယ်ဆိုရင် ဒိုးမယ် ကို အချိန် ၃မိနစ်လောက်ပေးလိုက်ပါနော် 😌

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top