စားသောက်နေထိုင်နည်း

သင်ကြိုက်တဲ့ ကော်ဖီက ပြောပြပေးမယ့် သင့်အကြောင်း

Coffee

ကော်ဖီဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး သောက်စရာ တစ်ခုပါ။ နိုင်ငံအလိုက်နဲ့ အကြိုက်ကိုလိုက်ပြီး Cappuccino, Black coffee, Latte အစရှိသဖြင့် ကော်ဖီဖျော်စပ် နည်းပေါင်း များစွာ ရှိပါတယ်။ ကိုယ်ကြိူက်တဲ့ ကော်ဖီအမျိုးအစားကနေ ကိုယ်ရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေကို ပြောပြပေးနိုင်တယ်လို့ စိတ်ပညာရှင် အချို့က ဆိုထားကြပါတယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့ ကော်ဖီ လေးက ပြောပြပေးမယ့် ကိုယ့်အကြောင်းက မှန်လား မမှန်လား ဖတ်ကြည့်လိုက်ရအောင်။

ရယ်ဒီမိတ် ကော်ဖီကြိုက်သူ


ရယ်ဒီမိတ်ကော်ဖီ ချစ်သူတွေကတော့ စိတ်မြန်လက်မြန် ရှိတဲ့ သူတွေပါ။ အကြံတစ်ခုခု ရပြီဆိုရင်လည်း ချက်ချင်း ထလုပ်လိုက်ရမှ ကျေနပ်ကြပါတယ်။ အချိန်နာရီတွေကို အကျိုးကျိုး ရှိရှိ အသုံးချတတ်ကာ အမြဲတမ်း လွယ်ကူပြီး လျင်မြန်စေမယ့် နည်းလမ်းကောင်းတွေကို ရှာဖွေတတ်တဲ့ သူတွေ ဖြစ်တာကြောင့် အောင်မြင်မှုကို တခြားသူတွေထက် ပိုပြီး မြန်မြန်ရယူနိုင်သူများပါ။

Cappuccino ကြိုက်သူ


အခြားသော သူတွေရဲ့ အမြင်နဲ့ မတူ ပဲ တီထွင် ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်း ရှိသူတော်တော်များများက Cappuccino ကြိုက်တဲ့ သူတွေဖြစ်ကြတာ များပါတယ်။ အကောင်းမြင် စိတ်ဓါတ်ရှိပြီး ပေါင်းသင်းဆက်ဆံရေးမှာ ဆရာတစ်ဆူ ဖြစ်တာကြောင့် လူချစ်လူခင် များကြပါတယ်။ သူငယ်ချင်းတွေပေါ်မှာလည်း အနစ်နာခံတတ်တဲ့ စိတ်ထားကြောင့် သူငယ်ချင်းတွေကြားမှာ သူက မပါမဖြစ် အရေးပါတဲ့ သူပါ။

ကော်ဖီအေးကြိုက်သူ


ကော်ဖီအေးကြိုက်သူတွေကတော့ ဘဝကို ရိုးရိုးအေးအေးနှင့် ဖြတ်သန်းချင်ကြတဲ့ သူတွေပါ။ စိတ်ကူးယဉ်ဆန်တာထက် လက်တွေ့ဆန်တာကို ကြိုက်နှစ်သက်ပြီး ဆူညံထက် ပတ်ဝန်းကျင်ထက် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ နေရတာကို ပို ကြိုက်နှစ်သက်သူတွေ ဖြစ်ပါတယ်။

ဘလက်ကော်ဖီကြိုက်သူ


ဘလက်ကော်ဖီ ချစ်သူတော်တော်များများ ဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်း တွေကို စိတ်ဝင်စားပြီး စတိုင်ကျကျ ဝတ်ဆင် တတ်တာကြောင့် အမြဲတမ်း စတိုင်ကျကြသူများပါ။ အလုပ်လုပ်ရာမှာ စေ့စပ်သေချာပြီး ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် အကောင်ထည်ဖော်တတ်တာကြောင့် လုပ်ငန်းခွင်မှာ အောင်မြင်တတ်ကြပါတယ်။ အစွဲအလမ်းကြီးပြီး စိတ်ခံစားချက် ပြင်းထန်တဲ့ သူတွေ ဖြစ်တာကြောင့် အချစ်ကြီးသူတွေလည်း ဖြစ်ကြပါတယ်။

Espresso ကော်ဖီချစ်သူ


Espresso ကော်ဖီ သမားတွေကတော့ ဖော်ရွှေတဲ့ စိတ်ထား၊ အပြုံးချိုချိုလေးနဲ့ ကူညီတတ်ကြသူများပါ။ သူတို့ကြိုက်တဲ့ ကော်ဖီကို လာတောင်းသောက်ရင်တောင် မတွန့်တိုပဲ ပေးတတ်ကြပါတယ်။ အမှန်တရားကို မြတ်နိုးပြီး အရာရာကို မျှမျှတတ တွေးတတ်တာကြောင့် လူအများရဲ့ လေးစားချစ်ခင် မှုကို ရရှိတတ်ကြပါတယ်။

ပုံမှန်ကော်ဖီကြိုက်သူ


ကော်ဖီမှုန့်၊သကြား နှင့် နို့မှုန့်ကို အချိုးညီညီပေါင်းစပ်ပြီး ဖျော်စပ်ထားတဲ့ ပုံမှန်အရသာ ကော်ဖီစစ်စစ်ကို ကြိုက် တဲ့ သူတွေကတော့ လူအများနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်တဲ့ သူတွေပါ။ အဖွဲ့အစည်း၊ အသင်းလိုက် လုပ်ကိုင်ရတဲ့ အလုပ်တွေ ကိုကြိုက်နှစ်သက်ကြပြီး ဘယ်လို အခက်အခဲမျိုးကို မဆိုရင်ဆိုင်နိုင်ကြတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။

သူငယ်ချင်းကရော …ဘယ်ကော်ဖီချစ်သူလေးလဲဆိုတာ Doemal မှာ ပြောသွားဦးနော်။ ပြောပြပေးထားတဲ့ အချက်တွေက ပညာရှင်တွေ ယေဘုယျ ပြောပြပေးထားတဲ့ အချက်တွေ မူတည်ပြီး ရေးထားပေးတာကြောင့် လူတိုင်းနဲ့ ကိုက်ညီချင်မှ ကိုက်ညီ ပါလိမ့်မယ်နော်။ ဘယ်လို ပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ ကော်ဖီကောင်းကောင်းလေးကို သောက်ရတာကိုက ကျေနပ်စရာပါ။ Doemal မိုဘိုင်းအက်ပလီကေးရှင်း မှာလည်း ကော်ဖီဆိုင်ကောင်းကောင်းလေးတွေ အများကြီး ရှိတာကြောင့် ကိုယ့်အကြိုက်နဲ့ ကိုက်မယ့် ကော်ဖီ ဆိုင်ကောင်းလေးတွေကို လွယ်ကူ လျင်မြန်စွာ ရှာဖွေနိုင်ပါတယ်။

 

2 Comments

2 Comments

  1. kaunghtet

    September 6, 2017 at 3:43 am

    မိုက်တယ်

    • khainezar

      September 6, 2017 at 8:44 pm

      ဘယ်ကော်ဖီကို ကြိုက်တာလဲပြောပြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top