စားသောက်နေထိုင်နည်း

သက်သက်လွတ်စားပြီး ၀ိတ်ချနိုင်တဲ့နည်းလမ်းလေးများ

အသားငါးတွေ အဆီတွေ အစားများပြီးဝိတ်တက် လို့စိတ်ညစ်နေကြပြီလား။



ဖိုင်ဘာမျှင်ပါဝင်တဲ့ ငှက်ပျောသီး၊သင်္ဘောသီး နှင့် နာနတ်သီးတို့ ကို စားသုံးပေးခြင်းကလည်း ၀မ်းမှန်စေပြီးကိုယ်ခန္ဓာအတွင်းက အပူအပုပ်တို့ကို ကင်းစင်စေပြီး အသားအရေကိုကြည်လင်စေတဲ့ အကျိုးကျေးဇူးကို ထပ်ပေါင်းရရှိစေမှာ ဖြစ်ပါတယ်။

Writer_Pyae

[Unicode]

အသားငါးတွေ အဆီတွေ အစားများပြီးဝိ်တ်တက် လို့စိတ်ညစ်နေကြပြီလား။
အစားလည်းမလျော့ချင်ဖူး။ အားရှိဖို့လည်းလိုတယ်။မစားလို့လည်းမရဖူး ဆိုတဲ့ သူတွေအတွက် သက်သက်လွတ်စားရင်းနဲ့ ၀ိတ်ချကြပါလို့တိုက်တွန်း လိုက်ရပါတယ် ။ သက်သက်လွတ်စားပြီး အာဟာရလည်းရှိ၊ ကျန်းမာရေး နဲ့လည်းညီညွတ်စေဖို့ သက်သက်လွတ်စားရင် ဘာတွေစားသင့်လည်းဆိုတဲ့ လမ်းညွှန်လေးကို ရေသားဖော်ပြလိုက် ရပါတယ်။

ပဲ၊အာလူးနဲ့ပတ်သတ်တဲ့ဟင်းတွေ စားနိုင်ပါတယ် ။ ကစီဓာတ် ရရှိုနိုင်တာမို့ အာဟာရမရှိမှာ မပူရတော့ဖူးနော်။

ကန်စွန်းရွက် ၊ဟင်းနုနွယ်ရွက် အစရှိတဲ့ အရွက် များဟာလည်း လူ့ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ အဆိပ်အတောက်များကို ကင်းစင်စေနိုင် တဲ့အပြင် အဆီဓာတ်လည်း မပါ၀င်တာကြောင့် များများစားပေးသင့်ပါတယ်။

ဖိုင်ဘာမျှင်ပါ၀င်တဲ့ ငှက်ပျောသီး၊သင်္ဘောသီး နှင့် နာနတ်သီးတို့ ကို စားသုံးပေးခြင်းကလည်း ၀မ်းမှန်စေပြီးကိုယ်ခန္ဓာအတွင်းက အပူအပုပ်တို့ကို ကင်းစင်စေပြီး အသားအရေကိုကြည်လင်စေတဲ့ အကျိူးကျေးဇူးကို ထပ်ပေါင်းရရှိစေမှာ ဖြစ်ပါတယ်။
မုန်လာဥနီ၊သခွားသီးစတဲ့ အစိမ်းစားလို့ရမဲ့ အသီးအရွက်များကို စားခြင်းကလည်းဝိတ်ကျစေဖို့အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။
ညစာအတွက် ကြော်ထားတဲ့ အသီးအရွက်တွေအစား ပြုတ်ထားတဲ့ အသီးအရွက် ကိုပိုမို စားသုံးသင့်ပါတယ်။
နောက်ဆုံး အနေနဲ့ ကတော့ သက်သက်လွတ်ဟင်းများကို ချက်ပြုတ်တဲ့ အခါမှာ ဆီလျော့သုံးဖို့တိုက်တွန်းလိုက်ပါရစေနော်။
ကဲ အားလုံး သောပရိတ်သတ်ကြီးများ အစားမလျော့ ပဲ အစားအစာ ကို သက်သက်လွတ် အစားအစာများနှင့် အစားထိုးပြီး ၀ိတ်များကျ ကာ ကျန်းကျန်းမာမာရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Writer_Pyae

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top