အစားအစာသစ် မိတ်ဆက်ခြင်း

ဝိုင်နီများအကြောင်း သိကောင်းစရာ

ဝိုင်နီ

ဝိုင်များသည် နိုင်ငံအများအပြားတွင် ရိုးရာ ယဉ်ကျေးမှုသောက်သုံးဖွယ်ရာအဖြစ် သတ်မှတ်ထားကြသည်။ စားသောက်ပွဲများတွင် ဝိုင်များသည် တစ်မူထူးခြား ခမ်းနားအောင် ပြုလုပ်ပေး နိုင်သော အရာများလည်း ဖြစ်ပါသည်။ စားသောက်ပွဲများ၊ အထိမ်းအမှတ်ပွဲတော်များနှင့် အခမ်းအနားကြီးများတွင် ဝိုင်များသည် မပါမဖြစ် အလွန် အရေးပါလှကာ ဟင်းပွဲများစွာ ဖြင့် တွဲဖက်သုံးဆောင်လေ့ရှိသော အရာဖြစ်လာပါသည်။

ဝိုင်များသည် နိုင်ငံအများအပြားတွင် ရိုးရာ ယဉ်ကျေးမှုသောက်သုံးဖွယ်ရာအဖြစ် သတ်မှတ်ထားကြသည်။ စားသောက်ပွဲများတွင် ဝိုင်များသည် တစ်မူထူးခြား ခမ်းနားအောင် ပြုလုပ်ပေး နိုင်သော အရာများလည်း ဖြစ်ပါသည်။ စားသောက်ပွဲများ၊ အထိမ်းအမှတ်ပွဲတော်များနှင့် အခမ်းအနားကြီးများတွင် ဝိုင်များသည် မပါမဖြစ် အလွန် အရေးပါလှကာ ဟင်းပွဲများစွာ ဖြင့် တွဲဖက်သုံးဆောင်လေ့ရှိသော အရာဖြစ်လာပါသည်။

ဝိုင် ဟု ဆိုလိုက်ရုံဖြင့် လှပသော အနီရောင် အရည်လေးများကို မျက်စိထဲမြင်ယောင်လာကြ၏။ ဝိုင်သည် စပျစ်သီးမှ ပြုလုပ်ထားသော ယမကာ တစ်မျိုး ဖြစ်ပြီး စပျစ်သီးအတွင်းရှိ သဘာဝသကြားဓာတ်ကို ကဇော်ပေါက်ခြင်းဖြင့် ဝိုင် ကိုချက်လုပ်ခြင်းပါသည်။ အများ အားဖြင့် ဝိုင်နီ၊ ဝိုင်ဖြူ၊ Rose ဝိုင် (ခေါ်) Pink ဝိုင် နှင့် စပါကလင်ဝိုင် ဟူ၍ (၄)မျိုးရှိပါသည်။ ဝိုင်နီကို စပျစ်သီး အနီဖြင့် ချက်လုပ်ပါသည်။ ကောင်းမွန်သော ဝိုင်နီရရှိစေရန်အတွက် အနီရင့်ရောင် စပျစ်သီး၏ စပျစ်ခွံ၊ စပျစ်စေ့များကိုပါထည့်ကာ အချဉ်ဖောက်ပေးရ၏။ ၀ိုင်ဖြူများကို မူ စပျစ်သီး အစိမ်းနုရောင်ဖြင့် ချက်လုပ်ကြပါသည်။

ဝိုင်အနီ များကို အရောင်ရင့်ရင့် (သို့မဟုတ်) အနက်ရောင် ပုလင်းများတွင် သိမ်းဆည်းထားလေ့ရှိပါသည်။ ထိုကဲ့သို့  အရောင့်ရင့်သော ပုလင်းများ အတွင်း၌သာ ထည့်သွင်းသိမ်းဆည်းခြင်းဖြင့် ဝိုင်အနီများ ၏ သက်တမ်းကို ရင့်လာစေပါသည်။ ဝိုင် ဖြူများကိုမူ အစိမ်းရောင်ဖျော့ဖျော့ (သို့မဟုတ်)အဝါရောင် ပုလင်းများ တွင် ထည့်သွင်းထားလေ့ ရှိပါသည််။ ယေဘုယျအားဖြင့် ဝိုင်၏အရောင်ကိုကြည့်ခြင်းဖြင့် ဝိုင်၏ သက်တမ်းကို ခန်  မှန်းနိုင်ပါသည်။ ဝိုင်ဖြူများသည် သက်တမ်းရင့်လာပါက၊ ဝိုင်၏အရောင်မှာ ပိုမိုရင့်လာတတ်ပါသည််။ ဝိုင်နီများမှာမူ ၄င်းတို့ သက်တမ်းပိုမိုရင့်လာသည် နှင့် အမျှ အရောင်ပိုမိုဖျော့လာပါသည်။ ယေဘုယျအားဖြင့် ဝိုင်များ၏ သက်တမ်းကို ဝိုင်၏အရာင်ကို ကြည့်ကာ ဆုံးဖြတ်နိုင်ပါသည်။ ဝိုင်ဖြူများသည် သက်တမ်းရင့်လာပါက ဝိုင်၏အရောင်မှာ ပိုမိုရင့်လာတတ်ပြီး ဝိုင်နီများကမူ သက်တမ်း ပိုမို ရင့်လာသည်နှင့်အမျှ ပိုမို အရောင် ဖျော့လာကြပါသည်။

ဝိုင်ပုလင်းများ၏ အညွှန်းတွင်ပါရှိသော အချက်အလက်များသည် ဝိုင် ကြိုက်နှစ်သက်သူများ အတွက် အလွန်အရေးပါလှပါသည်။ ၄င်းအညွှန်းပေါ်တွင် အသုံးပြုပါဝင်သော စပျစ်သီး အမျိုးအစား နှင့် စိုက်ပျိုးရာဒေသ၊ ဝိုင်ကို ထားရှိသင့်သော အပူချိန်နှင့် အရက်ပါဝင်မှု ရာခိုင်နှုန်းတို့ကို အသေးစိတ်ဖော်ပြထားလေ့ရှိသည်။

အနောက်တိုင်း စားသောက်ဆိုင်ကြီးများတွင် ဝိုင်များသည် ညနေစာနှင့် အတူတွဲဖက် သုံးဆောင် လေ့ရှိကြသည်။ ဝိုင်များသည် ဟင်းလျာများနှင့် အတူတွဲဖက်သုံးဆောင်သော အဖျော်ယမကာ အဖြစ်သာမက အနောက်နိုင်ငံများ၏ ဟင်းလျာများတွင် အနံ့အရသာ ပိုမိုကောင်းမွန်စေရန်အတွက် ထည့်သွင်း ချက်ပြုတ်လေ့ရှိ်သည်။

ဝိုင်၏ အရသာကို အပြည့်အဝ မြည်းစမ်းလိုပါက ရှေးဦးစွာ ဝိုင် များကို မသုံးဆောင်မီ  အပူချိန် ၁၇°C ခန့် ရှိသောနေရာ တွင် အချိန် ၁-နာရီ ခန့်ကြိုတင်ထားရှိပြီး၊ သောက်သုံးမှသာ ဝိုင်၏ အရသာကို ပိုမိုပေါ်လွင်စေမည်ဖြစ်ပါသည်။ အများသောအားဖြင့် ဝိုင်အနီများကို အခန်းအပူချိန်တွင် ထားပြီး အသားဟင်းလျာနှင့် လိုက်ဖက်ညီစွာ သုံးဆောင်နိုင်ပါသည်။ ကောင်းမွန်လှသော ဝိုင်အရသာကို အပြည့်အဝ ခံစားနိုင်ရန်အတွက် ဝိုင်ကိုထည့်ပြီး သောက်သုံးမည့် ဝိုင်ခွက်များကို မှန်ကန်စွာ ရွေးချယ်တတ်ရန်လည်း လိုအပ်လှပါသည်။ ဝိုင်အနီရောင် သောက်သုံးရန်အတွက် အသုံးပြုသော ဝိုင်ခွက်များသည် ဝိုင်အဖြူရောင် သောက်သုံးရာတွင် အသုံးပြုသည့် ဝိုင်ခွက်များ နှင့် ကွဲပြားခြားနားပါသည်။  ဝိုင်အနီရောင် အတွက် အသုံးပြုသင့်သော ဝိုင်ဖန်ခွက်များသည်  လုံးဝန်း ပုတိုကာ အဝကျယ်သော်လည်း ဝိုင်အဖြူသောက်သုံးရာတွင် အသုံးပြုသော ဝိုင်ခွက်သည် ရှည်သွယ်ပြီး စလင်ဒါပုံစံ ဖန်ခွက် အမျိုးအစား ဖြစ်ပါသည်။ ဝိုင်အဖြူများ လေထုထဲရှိ အောက်စီဂျင် နှင့်ဓါတ်ပြုရန် မလိုအပ်လှသော်လည်း ဝိုင်အနီများအတွက်မူ အနံ့ အရသာပိုမို ကောင်းမွန်စေရန်  လေနှင့် ဓါတ်ပြုပေးရန်လိုအပ်လှပါသည်။ အကောင်းဆုံးသော ဝိုင်အရသာကို အပြည့်အဝခံစားနိုင်ရန် ဝိုင်ထည့်ထားသော  အဝကျယ် ဝိုင်ဖန်ခွက်ကို စက်ဝိုင်းပုံလှည့်ကာ လှုပ်ခတ်ပေးခြင်း ဖြင့် အောက်စီဂျင်နှင့် ဓါတ်ပြုကာ အရသာကို ပိုမိုကောင်းမွန်စေပါသည်။ ထို့နောက် ဝိုင်၏ရနံ့ကို ရှုသွင်းကာ၊ တကျိုက်ချင်း ဖြေးဖြေးချင်း အရသာ ခံကာ သောက်ရပါမည်။

‘ဂျပန်ဆာကေး၊ ပြင်သစ်ဝိုင်၊ စကော့ ဝီစကီ နှင့် ရုရှား ဗော်ကာ’ ဆိုသည့်အတိုင်း ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သော ဝိုင်များသည် အလွန်ကောင်းမွန်လှသော အရသာနှင့် ထူးခြားသော အနံ့ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် အထူးကျော်ကြားလျက်ရှိသည်။

ဝိုင်အနီများသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်လှပြီး အစာကြေစေပါသည်။ လေ့လာချက်များအရ တစ်နေ့ ဝိုင်အနည်းငယ် သောက်သုံးသူများသည် နှလုံးရောဂါ၊ အတက်ရောဂါ၊ ဆီးချို၊ သွေးချို ရောဂါ ၊ အရွယ်မတိုင်မီ သေဆုံးခြင်း နှင့် သွေးတွင်းရှိ အဆီဓါတ်များကို လျော့ချကာ ကာကွယ်ပေးပါသည်။

ယခု မြန်မာနိုင်ငံတွင် ပြည်တွင်းဖြစ် ဝိုင်များသာမက နိုင်ငံခြားဖြစ် ဝိုင်များကိုပါ ရရှိနိုင်ပြီ ဖြစ်ပါသည်။ ပြည်တွင်းဖြစ် ဝိုင်အများစုကို ပြင်ဦးလွင်မြို့နှင့် တောင်ကြီးမြို့မှ ထုတ်လုပ်ပါသည်။ သင်ချစ်ခင်ရသူနဲ့ အကောင်းဆုံးသော အချိန်ကာလလေးကို လှပပြီး အရသာရှိသော ဝိုင်အနီနှင့် အတူ အစားအစားကောင်းများကို သုံးဆောင်ရင်း ပိုင်ဆိုင်နိုင်ပါပြီ။

Le Planteur Restaurant & BarLe Planteur Restaurant & Bar
အမှတ် (၈၀) တက္ကသိုလ်ရိပ်သာလမ်းသစ် ရန်ကုန်မြို့။
Le CellierLe Cellier
အမှတ်( ၄၅၉) ၊ ပြည်လမ်း၊ နိုဗိုတယ်ဟိုတယ်၊ ၁၄လွှာ၊ ရန်ကုန်မြို့။
The LabThe Lab
အမှတ်( ၇၀၊ အေ)၊ ရွေဂုံတိုင်လမ်း၊ ရန်ကုန်မြို့။
Union Bar and GrillUnion Bar and Grill
အမှတ် (၄၂)၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့။
First Container Bar & RestaurantFirst Container Bar & Restaurant
အမှတ် (၂၇၆၊ အေ)၊ ဝေဇယန္တာလမ်း၊ ရန်ကုန်မြို့။
Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top