Lifestyle

ဝိုင်နဲ့လိုက်ဖက်သော အစားအသောက်များ

အသားကင်

ဘာလို့ ဝိုင်နဲ့လိုက်ဖက်တာလဲလို့ မေးရင်တော့ အသားကင်မှာပါတဲ့ ဓါတ်တွေက သင့်သွားတွေကို ခိုင်မာစေပြီး ဝိုင်သောက်ပြီးတိုင်းစားသုံးပေးခြင်းဖြင့် ခံတွင်းကို သန့်ရှင်းပြီးသားဖြစ်စေလို့ပါပဲ။ ဒါ့အပြင် အသားကင်မှာပါတဲ့ အဆီဓါတ်တွေက ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အင်အားတွေပေးနိုင်ပြီး အသားထဲမှာပါတဲ့ အမွှေးနံသာတွေကလည်း ဝိုင်အရသာကို အကောင်ဆုံးထောက်ပံ့ပေးနိုင်တာကြောင့်ပါပဲ။

ကမာကောင်နဲ့ချက်ထားတဲ့ ပြင်သစ် မာစကာဒက်ခ် ဟင်းလျာ

ပြင်သစ်ကမာကောင်ဟင်းလျာကတော့ အနောက်ပြင်သစ်မှာစားသုံးလေ့ရှိတဲ့ဟင်းလျာပါ။ အတ္တလံတိတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ကရတဲ့ ကမာတွေဟာ ကမ္ဘာပေါ်မှာ လပ်ဆတ်မှုအရှိဆုံးနဲ့ အက်ဆစ်ဓါတ်အကြွယ်ဝဆုံးဖြစ်လို့ပါပဲ။

စပါဂတ်တီနှင့် အသားလုံး

စပါဂတ်တီမှာထည့်ထားတဲ့ အသားလုံးမှာဆိုရင် ကြွယ်ဝတဲ့ အသားဓါတ်ပါဝင်ပြီး ခရမ်းချဉ်သီးကို အခြေခံ ပြုလုပ်ထားပါတယ်။ ခရမ်းချဉ်သီးနဲ့ အသားရဲ့ လိုက်ဖက်မှုဟာ ဝိုင်ကို ပိုပြီး အရသာကြွစေပါတယ်။

အိန္ဒိယစာ အစပ်များ

အိန္ဒိယစာခပ်စပ်စပ်လေးတွေဟာ ဝိုင်ပျော့ပျော့လေးတွေနဲ့ အလွန်လိုက်ဖက်လှပါတယ်။ အစပ်အရသာနဲ့ ဝိုင်ရဲ့ အရသာဟာ အလွန်ပနံရသင့်စေပြီး ဝိုင်ခပ်ပြင်းပြင်းနဲ့တွဲသောက်ရင်တော့ သင်က တက်ကြွတဲ့ ခံစားချက်ကို တမုဟုတ်ခြင်း ခံစားရစေမှာပါ။

ဆော်လမွန်ငါး

ဆော်လမွန်ကတော့ ဝိုင်ဖြူနဲ့ ပိုလိုက်ဖက်ပါတယ်။ ဆော်လမွန်ငါးနဲ့ချက်ထားတဲ့ ဟင်းလျာတွေကို ပစိဖိတ် အနောက်မြောက်ဘက်မှာ ရှိတဲ့ဒေသတွေမှာ ဝိုင်နဲ့တွဲစားရတဲ့ ဟင်းလျာတွေအဖြစ် အဓိက သတ်မှတ်ထားကြပါတယ်။

သိုးသား

သိုးသားမှာပါတဲ့ အရသာနဲ့ အဆီအနှစ်တွေဟာ ဝိုင်နဲ့ တွဲသောက်လို့အကောင်းဆုံး ဓါတ်သတ္တိတွေဖြစ်တယ်လို့ ဆိုကြပါတယ်။ သိုးသားမှာပါတဲ့ အဆီဓါတ်နဲ့ ချက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အဆီအနှစ်တွေက ဝိုင်ရဲ့ တိမ်မြှုပ်နေတဲ့ အရသာထူးတွေကို ဖော်ထုတ်ပေးနိုင်ပါသေးတယ်။

အခုလိုအရသာရှိတဲ့ အစားအသောက်နဲ့ ဆိုင်ကောင်းကောင်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ Doemal Application မှာဝင်ရောက်ရှာဖွေနိုင်ပြီး အစားအသောက်တွေကိုလဲ Order မှာစားလို့ ရနေပြီဆိုတာလေးကိုလဲ တစ်ခါတည်း ပြောလိုက်ပါရစေနော်။

 

[Unicode]

အသားကင်


 


 


 


 


 

အိန္ဒိယစာ အစပ်များ


 

ဆော်လမွန်ငါး

 


 

သိုးသား

 



 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top