Lifestyle

လှည်းတန်းမှနာမည်ကြီးအစားအစာများ

လှည်းတန်းလို့ပြောလိုက်တာနဲ့ ဘာစားရင်ကောင်းမလဲလို့ စဉ်းစားနေပြီး အချိန်ကုန်ကုန်သွားတာသတိ ရကြမှာပါ။အစားသောက်တွေစုံစုံလင်လင်နဲ့ကောင်းကောင်းမွန်မွန်စားသောက်လို့ရတဲ့ နေရာဖြစ်တဲ့အတွက် Foodie တွေအတွက် တော့ နိဗ္ဗာန် ဘုံလေးပါပဲ။ ဒီတစ်ခါတော့လူတော်တော်များများကြိုက်တက်တဲ့ဆိုင်လေးမှအစားအစားလေးတွေပြောပြပေးသွားမှာပါ။

၁) ဦးထွန်းလင်ခြံလမ်း မှာရှိတဲ့ သာလီစွ ရခိုင်မုန့်တီနှင့်ပင်လယ်စာ မှဂဏန်းမဆလာ

လှည်းတန်းရောက်လို့ ပင်လယ်စာစားချင်ရင် မဖြစ်မနေသွားစားသင့်တဲ့ဆိုင်လေးပါ။ ဆိုင်ရောက်ရင် တော့ ဂဏန်း မဆလာလေး မှာပြီးမြည်းကြည့်သင့်ပါတယ်နော်။

 

၂) Shake Cake & Bakery မှ ကိတ်မုန့်လေးတွေ

ကိတ်သားကတကယ်ကိုတော်တော်နူးညံ့ပြီး စားဖူးသူတိုင်း ကိတ်ကိုမြည်းကြည့်ဖို့ပြောကြပါတယ်။

၃) August drink & fried chicken မှ Bubble Tea

August ဆိုတာနဲ့လှည်းတန်းမှာနေတဲ့သူဆို မသိတဲ့သူမရှိသလောက်ပါပဲ။အဲဆိုင်လေးက Bubble Tea လေးကတော့ လူတော်တော်များများမေးကြည့်ရင်အကြိုက်တွေ့ကြလို့ရောက်ရင်ကြက်ကြော်လေးနဲ့ မြည်းကြည့်ဖို့တိုက်တွန်းပါရစေ။ စားကောင်းတဲ့အစားအသောက်တွေကိုမှ  သေချာတဲ့တစ်ခုရွေးပြီးစားစေချင်တာ စေတနာပါနော်။

၎) မေ့ထားလို့မရတဲ့ Ipanema ဆိုင်ရှေ့ ကငါးကင်ဆိုင်

လှည်းတန်းမှာငါးကင်ဆိုင်တွေအများကြီးရှိပေမယ့် ဒီဆိုင်လေးကတော့ ညနေမှောင်စပြုပြီဆိုလူတွေပြည့်နေတတ်ပါတယ်။ တကယ်လည်းသူ့ဆိုင်က ငါးကင်ဟာ ချိုချိုလေးနဲ့စားလို့ပိုကောင်းနေလို့နာမည်ကြီးပါတယ်နော်။

 

၅) ဇေယျာသီရိလမ်းထဲက Home မာလာရှမ်းကော

မာလာရှမ်းကောကို ဈေးသင့်သင့်နဲ့အရသာကောင်းကောင်း စားလို့ရတဲ့အတွက် Budget ထိတဲ့ လကုန်ခံနီးတွေဆို မာလာရှမ်းကောအရမ်းစားချင်နေတဲ့ ကျွန်တော်တို့အတွက် ကွက်တိပါပဲ :’) အရသာလည်းတကယ်ကောင်းတာကြောင့် ခုတလော နာမည်ကြီးနေတဲ့ အစားအစာလေးပါခင်ဗျာ။

 

၆) ဦးထွန်းလင်ခြံလမ်းထဲက သင်္ဘောသီးထောင်းဆိုင်

အရသာကောင်းကောင်းရှူးရှဲ ချဉ်စပ်လေးစားချင်ရင်တော့ဦးထွန်းလင်ခြံလမ်းထဲက သင်္ဘောသီးထောင်း ကိုသတိရလိုက်ပါ။

ကဲဆက်ပြောရင်ကုန်မယ်မထင်ပါဘူးနော်။ Foodie တို့လဲ လှည်းတန်းရောက်ရင်ဘာတွေစားတတ်တယ် ဆိုတာတွေအောက်က Comment မှာ ထပ် ရှဲသွားဦးနော်။ ခုလို အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ အစုံအလင်ကိုဖတ်ရှုချင်တယ်ဆိုရင်တော့ http://doemal.com မှာစောင့်ကြည့်ဖတ်ရှုဖို့အတွက် ဖိတ်ခေါ်လိုက်ပါရစေနော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top