Lifestyle
လွတ်လပ်ရေးနေ့မှာကျင်းပလေ့ရှိသော ရိုးရာမုန့်နှင့်ပတ်သက်သောပြိုင်ပွဲများ
လာမဲ့ ဇန်နဝါရီလ (၄) ရက်နေ့ဟာဆိုရင်တော့ မြန်မာနိုင်ငံရဲ့ (၇၁) ကြိမ်မြောက် လွတ်လပ်ရေးနေ့ပဲ ဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်မှာ တိုင်းတပါးလက်အောက်ကနေ လွတ်မြောက်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာဆိုရင် လွတ်လပ်ရေးရတာ ၇၁နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ လွတ်လပ်ပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ မြို့တိုင်း ရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးလေ့ရှိပါတယ်။ လွတ်လပ်ရေးနေ့မှာ ကျင်းပလေ့ရှိတဲ့ ရိုးရာမုန့်တွေနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေအကြောင်း လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။
မုန့်လက်ကောက်ကိုက် ပြိုင်ပွဲ
ကလေးတွေအတော်လေးနှစ်သက်တဲ့ကစားနည်းဖြစ်ပါတယ်။ မုန့်လက်ကောက်ကွင်းလေးတွေကို ၀ါးတန်းမှာ ကြိုးနဲ့ချည်ပြီးတွဲလောင်းချထားတာကို လက်ကိုအသုံးမပြုပဲ ပါးစပ်နဲ့ ကုန်အောင်ကိုက်စားရတဲ့ကစားနည်းပါ။ အနိုင်မရရင်တောင် မုန့်စားရတာနဲ့တင်ဗိုက်ဝတာမို့ ကလေးတွေအထူးနှစ်သက်ကြပါတယ်။ အထူးသဖြင့် ရိုးရာမုန့်ဖြစ်တဲ့ ကောက်ညှင်းနဲ့လုပ်ထားတဲ့ မုန့်လက်ကောက်က အဟာရလည်းဖြစ်စေတာကြောင့် ဒီကစားနည်းကို နေရာတော်တော်များများမှာ ကစားကြလေ့ရှိပါတယ်။
သံဗုံးတီးပြိုင်ပွဲ
ဒီကစားနည်းကတော့ မျက်စိမှိတ်ပြီး သုံပုံးကို ထိအောင်ရိုက်တဲ့ကစားနည်းပါ။ ရှေးကတော့ သံပုံးရိုက်တဲ့ဒုတ်ကို ကောက်ညှင်းကျည်ထောက်နဲ့ သုံးလေ့ရှိပါတယ်။ နိုင်တဲ့သူကို ကောက်ညှင်းကျည်ထောက်လက်ဆောင်ပေး လေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ကြာလာတဲ့အခါ ကောက်ညှင်းကျည်ထောက်ကို နေရာအနည်းငယ်သာသုံးပြီး ရိုးရိုးသာမာန်ဒုတ်ကိုပဲ အစားထိုးသုံးလာကြပါတယ်။ ဆုကိုတော့ ဆုငွေပေးလေ့ရှိကြပါတယ်။
အစားပြိုင်ပွဲ
အစားပြိုင်ပွဲဆိုပေမဲ့ မုန့်လုံးကြီးကြော်အစားပြိုင်ပွဲလို့ ပြောမှ ပိုတိကျမှာပါ။ ကလေးတွေကို စားပွဲပေါ်မှာတင်ထားတဲ့ မုန့်လုံးကြီးကြော်တွေကို စားခိုင်းပြီး အရင်ဆုံးပြီးတဲ့သူက အနိုင်ရတာပါ။ ကောက်ညှင်းကလည်း စေးကပ် မြန်မြန်ပြီးအောင်ဝါးပြီးမြိုချရသေးဆိုတော့ အတော်လေး အလုပ်များပြီး ပျော်စရာကောင်းတဲ့ကစားနည်းပါ။
[Unicode]
သံဗုံးတီးပြိုင်ပွဲ
အစားပြိုင်ပွဲ
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top