ချက်ပြုတ်နည်းများ

လူကြိုက်များ၊ ရေပန်းစားနေတဲ့ အုန်းစိမ်းဂျယ်လီပြုလုပ်နည်း

ချစ်ရတဲ့ Doemal ပရိသတ်ကြီးရေ…ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်မှာ ပျော်ခဲ့ကြရဲ့လား။ အပန်းဖြေခရီးတွေထွက်ပြီး ပြီဆိုတော့ အစားဘက်ကို ပြန်လှည့်ကြရအောင်။

Coconut Jelly
အခုလတ်တလောမှာ ယိုးဒယားကလာတဲ့ အုန်းစိမ်းဂျယ်လီထုပ်လေးတွေက ရေပန်းစားနေတာတွေ့ရတယ်။ လူကြိုက်လည်းများတယ်ပေါ့နော်။ သူက အုန်းသီးခွံထဲမှာ အုန်းစိမ်းဖက် နုနုလေးတွေကို ဂျယ်လီလိုလေး လုပ်ထားတာကြောင့် စားလိုက်ရင် ချိုပြီး ရင်အေးစေတယ်။

ဒါကြောင့် ချစ်ရတဲ့ အစားအသောက်ချစ်သူတွေ ဝယ်မစားရပဲ အိမ်မှာ စျေးသက်သက်သာသာနဲ့ အဝစားလို့ရမယ့် စားလို့လည်းကောင်း၊ ပုံစံလေးလည်းလှ၊ အာဟာရလည်းရှိတဲ့ အုန်းစိမ်းဂျယ်လီ လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ လုပ်နည်းလေးကလည်း တကယ်လွယ်လွယ်လေးပါ။

Coconut Jelly

လိုအပ်တဲ့ပစ္စည်းများ

အုန်းသီး နုနု ၃လုံး
ကျောက်ကျောတစ်ထုပ် (နှစ်သက်ရာ တံဆိပ်ကို အသုံးပြုနိုင်ပါတယ်)
အုန်းသီး ၃ လုံးမှ အုန်းရည်
ဆားအနည်းငယ်
အုန်းသီးနုနုမှ ခြစ်ထားသော အုန်းစိမ်းဖက်များ

 

ပြုုလုပ်နည်း အဆင့်ဆင့်


ဝယ်လာတဲ့ အုန်းသီးနုနုလေးတွေကို အောက်ခြေအထိုင်ညီအောင် အနည်းငယ် ဖြတ်ပါ။ ပြီးရင်တော့ အုန်းသီးထိပ်ဝကို စက်ပိုင်းပုံစံရအောင် ဓါးနှင့် ဖြတ်ပါ။ ပြီးရင်တော့ အုန်းစိမ်းရည် ကို ခွက်တစ်ခုနဲ့ ခံထားပါ။

အုန်းရည်တွေ ကုန်သွားပြီဆိုရင်တော့ အုန်းသီးအထဲက အုန်းစိမ်းသားနုနုလေးတွေကို ဇွန်းနဲ့ ခြစ်ထုတ်ပါ။ အိုးတစ်လုံးထဲကို အုန်းရည် နှင့် ကျောက်ကျောမှုန့်ရောထည့်ပါ။ ပြီးရင်တော့ ဆားအနည်းငယ်နှင့် သကြားထည့်ပြီး မီးဖိုပေါ်မှာ ၁၀ မိနစ်လောက်ညောင် စေးကျပြီး စေးလာတဲ့ အထိ တည်ပါ။ စေးလာပြီးဆိုရင်တော့ အုန်းသီးခွံထဲကို ကျောက်ကျောအရည် ထည့်ပါ။ အနည်းငယ်အေးလာပြီဆိုရင် ကျောက်ကျောဂျယ်လီမခဲခင် အုန်းစိမ်းဖက်လေးတွေကို ထည့်ပါ။ အအေးခံပါ။ ပိုပြီး အရသာရှိရှိစားချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီး အေးလာရင် စားလို့ရပါပြီ။

အုန်းစိမ်းဂျယ်လီလေး လုပ်စားပြီးရင်လည်း ကိုယ်ရဲ့လက်ရာလေးဓါတ်ပုံလေးတွေကို Comment မှာ ပို့ထားလို့ရပါတယ်နော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top