စားသောက်နေထိုင်နည်း
လက်သည်းလေးတွေအရှည်မြန်လှပစေဖို့ အကောင်းဆုံး အစားအသောက် (၇) မျိုး
၁. ကွကျဥ
၂. ပန်းဂေါ်ဖီစိမ်း
၃. ဆယ်လ်မွန်ငါး
၎.အုနျးဆီ
၅. ကွကျသား
၆. ဟင်းနုနွယ်
၇.သီဟိုဌျစေ့
ပျိုပျိုမေတို့ အလှတိုးပါစေလို့ ဆုတောင်းရင်း နောက်ဆက်လက်ပြီး ဘာတွေဖော်ပြပေး သွားမလည်းဆိုတာ စောင့်မျှော်ကြပါအုန်းလို့။
Writer_Pyae
[Unicode]
ဒီတစ်ပတ်မှာတော့ ဒိုးမယ်ကနေပြီးတော့ ပျိူပျိူမေတို့ အတွက် လက်သည်းလေးတွေ အရှည်မြန်ပြီး လှပစေမဲ့ အစားအသောက်လေးတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ လက်သည်းလေးတွေဟာ လူ့ခန္ဓာကိုယ် ရဲ့အရိုးလေးတွေ ပဲဖြစ်ကြပါတယ်။ လှပပြီး ကျန်းမာသန်စွမ်းတဲ့ လက်သည်းလေးတွေဟာ ပင်ကိုယ်အလှကိုပိုတိုးစေမှာဖြစ်ပါတယ်။ ကျန်းမာတဲ့လက်သည်းလေးတွေ ပိုင်ဆိုင်ထားတဲ့ သူဟာ လက်သည်းအလှဆင်ရင်လည်း ပိုမိုလှပကြာရှည် ခံတတ်ကြပါတယ်။ လက်သည်းလေးတွေ ကျန်းမာလှပပြီး အရှည်မြန်စေဖို့ အဒိကအားဖြင့် အသားဓာတ်၊ဇင့်ဓာတ်နှင့် လိုအပ်သလောက် အဆီ ပမာဏကို စားပေးရပါတယ်။ဘာတွေစားသင့်လည်းဆိုတာကြည့်လိုက်ရအောင်နော်။
၁. ကြက်ဥ
တော်တော်လေးကို အသားဓာတ်ကြွယ်ဝတဲ့ အစားအစာပါ။ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုသလို အလှအပရေးရာအတွက် လည်း အသုံးဝင်ပါတယ်။ အလွန်အကျွံတော့ မစားသုံးမိပါစေနဲ့ ။ အဝလွန်နိုင်ပါတယ်။
၂. ပန်းဂေါ်ဖီစိမ်း
ခန္ဓာကိုယ်မှာ ပရိုတိန်းဓာတ်တွေ ပိုများလာအောင် အမိုင်နိုအက်ဆစ်ပါဝင်တဲ့ အစားအသောက်တွေလည်းစားပေးသင့်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ အမိုင်နိုအက်ဆစ် အမြောက်အများ ပါဝင်လို့ များများစားပေးသင့်ပါတယ်။ ဝိတ်လည်းကျတာပေါ့နော်။
၃. ဆယ်လ်မွန်ငါး
ကျန်းမာရေးအတွက်ကို အရမ်း အထောက်အကူပြုစေပါတယ်။ ဆယ်လ်မွန်ငါး မှာ ပါဝင်တဲ့ အဆီဟာ အသားအရေကိုကြည်လင်စေနိုင်တဲ့ အပြင် လက်သည်းလေးတွေကို ပိုမိုကျန်းမာတောက်ပစေမှာပါ။
၄.အုန်းဆီ
သန့်စင်တဲ့ အုန်းဆီကို သောက်ခြင်းကလည်း ဗိုက်တာမင် အေ၊ ဒီ ၊ အီး နှင့် ကေ တို့ကို တိုးပွားစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ အဆီပမာဏကို ဖြည့်တင်းပေးမှာပါ။
၅. ကြက်သား
ကြက်သားဟာ ကြက်ဥလိုပဲ အသားဓာတ်ကြွယ်ဝပြီး ဗိုက်တာမင် ဘီနှင့် ဇင့်ဓာတ်တို့ ကြွယ်ဝစွာပါဝင်လို့ လက်သည်းခြေသည်းလေးတွေ အတွက် အရှည်မြန်ပြီး တောက်ပစေနေဖို့ အတွက် ကူညီပေးမှာပါ။
၆. ဟင်းနုနွယ်
အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက် များဟာ များသောအားဖြင့် ဗိုက်တာမင်များစွာပါဝင်ပြီး သံဓာတ်ကြွယ်ဝပါတယ် ။ ဟင်းနုနွယ်ရွက်ကတော့ ပါဝင်မှုတော်တော်လေးများလို့ စားပေးသင့်ပါတယ်။
၇.သီဟိုဌ်စေ့
သီဟိုဌ်စေ့ဟာ ကော်လာဂျင်ဓာတ်ပါဝင်ပြီး လက်သည်းခြေသည်းတွေကို တောက်ပကျန်းမာစေရုံမကပဲ အသားအရေကိုပါတင်းရင်းစေပါတယ်။
ပျိူပျိူမေတို့ အလှတိုးပါစေလို့ ဆုတောင်းရင်း နောက်ဆက်လက်ပြီး ဘာတွေဖော်ပြပေး သွားမလည်းဆိုတာ စောင့်မျှော်ကြပါအုန်းလို့။
Writer_Pyae
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top