သုံးသပ်ချက်များ

“ရွှေပန်ထိုက်” မှာ ဟော့ပေါ့စားမယ်။

ဟော့ပေါ့ဆိုတာ ကျန်းမာရေးနှင့် သင့်တော်တဲ့ အစားအစာကောင်းတစ်ခု ဖြစ်ပါတယ်။ အရသာကောင်းမွန်လှတဲ့ ဟော့ပေါ့ဆိုတာဟင်းရည် ပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့  စွဲမက်ဖွယ် ဟော့ပေါ့ အရသာကို ပေးစွမ်းနိုင်တဲ့ ဟော့ပေါ့ဆိုင်ကောင်းကောင်းလေး တစ်ဆိုင်ကို “Doemal” က ဟော့ပေါ့ ချစ်သူတွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။

ဒီဆိုင်လေးကတော့ “ရွေပန်ထိုက်” ဆိုတဲ့ ၁၄ လမ်း၊ လသာမြို့နယ်မှာ ရှိတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဆိုင်လေးကို စဝင်လိုက်ပြီဆိုတာနဲ့ ဆိုင်ပိုင်ရှင် ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလှလှလေးတွေ နဲ့ အလှဆင်ထားတဲ့ သပ်ရပ်တဲ့ နေရာ အခင်းအကျင်းလေးကတကယ်ကို စိတ်ကျေနပ်ဖွယ်ကောင်းလှပါတယ်။
ဒီဆိုင်လေးမှာတော့ ဟော့ပေါ့ဟင်းရည်အိုးကို လာတဲ့customer တိုင်းအတွက် ဟင်းရည် တစ်ယောက်တစ်အိုးချပေးပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာကို ဘယ်သူ့ကိိုမှ အားနာစရာမလိုပဲ ကိုယ့်စိတ်ကြိုက်စားနိုင်ပါတယ်။

ဟော့ပေါ့ရဲ့ အသက်လို့ပြောလို့ရတဲ့ ဟင်းရည်ကို ဒီဆိုင်မှာ အချို၊ အစပ် နှင့် မာလာ ဟင်းရည် ဆိုပြီး ၃မျိုး ရှိတာကြောင့် အကြိုက်မတူသူတွေ အတွက် တကယ်ကို အဆင်ပြေစေမယ့် ဆိုင်လေး ဖြစ်ပါတယ်။ ဟင်းရည်ရဲ့အရသာက တော့ တကယ်ကို ကောင်းမွန်လှပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပါဝင်ပစ္စည်းများနှင့်သာ ချက်ပြုတ်ပြင်ဆင်ထားတာကြောင့် အရသာရှိရှိ၊ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ဟော့ပေါ့ကို ဒီဆိုင်မှာ စိတ်ချစွာ သုံးဆောင်နိုင်ပါတယ်။

“ရွှေပန်ထိုက်” ရဲ့ နာမည်ကြီး Menu ဖြစ်တဲ့ ထိုင်ဝမ် အသားလုံးတွေနဲ့ မိတ်ဆက်ပေးပါရစေ။ အသားလုံးလေးတွေရဲ့ အရသာက တကယ်ကို ထူးခြားလှပါတယ်။ အသားလုံးလေးတွေတစ်မျိုးစီရဲ့ အထဲမှာ မတူညီတဲ့ ပါဝင်ပစ္စည်းတွေကို ထည့်ထားတာကြောင့် အသားလုံးလေးတွေကို မြည်းစမ်းတဲ့ အခါမှာ အထဲကဘာအရသာလေးလဲဆိုတာတွေးမိရင်း ရင်ခုန်မိစေပါတယ်။

အဏ္ဏဝါထုပ်လိုခေါ်တဲ့ လိမ္မော်ရောင် အသာလုံးအကြားလေးကတော့ ငါးအသားနှင့် ပြုလုပ်ထားပြီး သူ့အထဲမှာပါဝင်တဲ့ အနှစ်ချိုချိုလေးကတော့ ငါးဥလေးနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အရသာကတော့ ခပ်စိမ့်စိမ်လေးရှိပါတယ်။ ပုစွန်ဥလေးတွေနဲ့ ပြုလုပ်ထားတဲ့ ပုစွန်ဥထုပ်၊ “Doemal” အဖွဲ့သားတွေ အကြိုက်တွေ့ခဲ့တဲ့  ကြက်သားလုံးကိုမှ အထဲမှာ ချိစ်လေးတွေ ထည့်ထားတဲ့ ဆန်းပြားလှတဲ့ ချိစ်ကြက်သားလုံး၊ ဟော့ပေါ့ ဟင်းရည်နဲ့အရမ်းကိုလိုက်ဖက်တဲ့ ဝက်မှိုအသားလုံး၊ ဝက်နှစ်လုံး၊ အစရှိတဲ့ အရသာစုံလင်လှတဲ့ အသားလုံးမျိုးစုံကို ရရှိနိုင်ပါတယ်။ ဒီဆိုင်က အသားလုံးတွေ အားလုံးကတော့ ထိုင်ဝမ်က တင်သွင်းထားအရည်သွေးမြင့် အသားလုံးတွေပဲ ဖြစ်ပါတယ်။ စျေးနှုန်း အနေနဲ့ ၁၅၀၀ ကျပ်ဝန်းကျင်ပဲ ပေးရတာကြောင့် စျေးနှုန်းသင့်တင့်စွာနဲ့ အရသာစုံလင်လှတဲ့ အသားလုံးလေးတွေကို မြည်းစမ်းနိုင်ပါတယ်။

“ရွေပန်ထိုက်” မှာ ရရှိတဲ့ အသားလွှာ၊ ပင်လယ်စာ နှင့်အရွက်၊ မှိုမျိုးစုံကလည်း တကယ်ကို လတ်ဆတ်လှပါတယ်။ တရုတ်ရိုးရာ ဟော့ပေါ့စားနည်းအတိုင်း အသားလွှာတွေကို ဟင်းရည်ထဲ ခဏပဲ စိမ်ပြီး စားတတ်တဲ့ လူတွေအတွက်တော့ ဒီက အသားလွှာတွေက တကယ်ကို အိိုကေပါတယ်။ ဟော့ပေါ့နဲ့တွဲစားမယ့် အချဉ်ကိုလဲ စိတ်ကြိုက်အရသာစပ်လို့ရအောင် ထားထားပေးကာ အအေးကိုလည်း customer များစိတ်ကြိုက် အဝ သောက်သုံးနိုင်အောင်ထားထားပေးထားပါတယ်။ 

ကိုယ်စားချင်တာလေးကိုပဲ ရွေးမှာပြီး စားလို့ရသလို Set Menu ဟော့ပေါ့ပုံစံလည်း ရရှိနိုင်ပါတယ်။ Set Menu တွေအနေနဲ့ ကတော့ ကြက်သား၊ ဝက်သား၊ ဆိတ်သား နှင့် ပင်လယ်စာ အစားအစားရှိပြီး စျေးနှုန်းကတော့ ရ၀၀၀ ကျပ်ဝန်းကျင်ကနေ ၁၃၀၀၀ ကျပ်ဝန်းကျင်ခန့်ရှိတာကြောင့် တကယ်ကို သင့်တင့်မျှတတဲ့စျေးနဲ့ ဟော့ပေါ့ကောင်းကောင်းကို စားလို့ရတဲ့ ဆိုင်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနှင့်လည်း ညီညွှတ်၊ အရသာလည်းကောင်း၊ ဝန်ဆောင်မှုအပြည့်နဲ့ဟော့ပေါ့ ဆိုင်လေးကို ရှာဖွေနေတယ်ဆိုရင်တော့ “ရွေပန်ထိုက်” မှာ သွားရောက် စားကြည့်ဖို့ “Doemal” ကအကြံပြုပါရစေ။

 Shwe Pan Htike Hot Pot

No,27, 14th street, Lanmadaw Township, Yangon.

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top