Uncategorized

ရှူးရှူးရှဲရှဲ ဇီးသီးသုပ် သုပ်စားကြမယ်။

ဇီးသီးသုပ်


အခုလို ဆောင်းရာသီဆို စျေးထဲမှာ ဇီးသီးတွေ လှိုင်လှိုင်ပေါနေပြီလေ။ ဒီမနက် အမေနဲ့ စျေးလိုက်သွားတော့ စျေးထဲမှာ ဇီးသီးသည်လေးတွေကို တွေ့တယ်။ ဖီးသီး တွေကလည်း အစိမ်းကနေ အမှည့်၊ အလုံးအကြီးးအသေး နဲ့ စားချင်စရာကြီး။ အဲအချိန် ကိုယ့်ခေါင်းထဲ ဝင်လာတာ ဇီးသီးသုပ် လုပ်စားဖို့ ပဲ တွေးမိလိုက်တယ်။ ချဉ်ငံစပ်အရသာ ဇီးသီးသုပ် ရဲ့ အရသာလေးကိုတွေးလိုက်ရုံနဲ့ သားရည်ကို ကျလာရော။ ဒါနဲ့ ဇီးသီးသုပ် လေးသုပ်စားချင်တယ် အမေ့ကို ပြောပြီး ဇီးသီး ၂၀၀ ဖိုးဝယ်ခဲ့လိုက်တယ်။

နေ့လည်စာ ထမင်းစားပြီးတော့ စျေးထဲမှာကတည်းက စိတ်ကူးနဲ့ သားရည် ကျခဲ့ရတဲ့ ရှုးရှဲဇီးသီးသုပ်လေး သုတ်စားဖို့ အစီအစဉ်ကို စအကောင်ထည်ဖော်ခဲ့တယ်။ ရှူးရှဲ ဇီးသီးသုပ်သုပ်နည်းက လွယ်လွယ်လေးရယ်။

ပါဝင်ပစ္စည်း

ဇီးသီးသုပ္

ဇီးသီး
ထောင်းထားတဲ့ ကြက်သွန်ဖြူ
ငရုတ်သီးမှုန့်
ငံပြာရည်
ပုစွန်ခြောက်မှုန့်
နံနံ ပင် တို့လိုပါမယ်။
ကဲ စသုပ်ကြမယ်။

ဇီးသီးလေးကို အရသာဝင်အောင် အရင် ခွဲပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်တွေကို ထည့်ပြီး ရောနယ်လိုက်ပါ။ အားလုံးပြီး သွားပြီ ဆိုရင်တော့ နံနံပင်လေးကို အုပ်လိုက်ပါ။ ဒါဆိုရင်တော့ဆောင်းရာသီစာ ရှူးရှဲ ဇီးသီးသုပ်လေး ရပါပြီ။

ဇီးသီးသုပ်လေးကြိုက်ကြတယ် ဟုတ်။ ဒါဆို သူငယ်ချင်းတွေနဲ့ အတူ ဒီ ပိတ်ရက်လေးမှာ ဇီးသီးသုတ်လေး သုတ်စားလိုက်ရအောင်နော်။ ကိုယ်တော့ ရှူးရှဲ ဇီးသီးသုပ်လေးစားပြီး ကိုယ်ရဲ့ Doemal Foodie တွေကို သတိရလို့ ဇီးသီးသုပ်လေးအကြောင်း ပြောပြလိုက်ပြီနော်။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

To Top