အစားအစာသစ် မိတ်ဆက်ခြင်း

ဘယ်အစားအစာတွေက ရေပန်းစားနေပါလဲ။

ဘယ်အစားအစာတွေက ရေပန်းစားနေပါလဲ။

အစားအစာ ရေစီးကြောင်းဆိုတာဟာ တစ်နှစ်နှင့် တစ်နှစ် ပြောင်းလဲ လာတဲ့ လူတွေရဲ့ အစားအသောက်အမူအကျင့်၊ ပြင်ဆင်စားသောက်ပုံတွေအရ ခေတ်စားပြီး လူကြိုက်များလာတဲ့ အစားအသောက်များကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ယခုနှစ်တော အတွင်းမှာ သဘာဝမှ ထုတ်လုပ်ထားတဲ့ အောဂဲနစ် အစားအစာများ အထူးခေတ်စားလာတာကို တွေ့မြင်ရပါတယ်။ အောဂဲနစ် အစားအစာတွေအပြင် အခြားသော ဘယ်လို အစားအစာတွေ ခေတ်စားလာသလဲဆိုတာ ကြည့်လိုက်ရအောင်။

လတ်ဆတ်သော ပင်လယ်စာများလတ်ဆတ်သော ပင်လယ်စာများ
လတ်ဆတ်တဲ့ ပင်လယ်စာတွေကတော့ နှစ်စဉ် နှစ်တိုင်း အထူးခေတ်စားနေတဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ ကြွယ်ဝတဲ့ အာဟာရ တန်ဖိုးများ၊ ပရိုတင်းဓါတ်များ၊ အိုမီကာ ဓါတ်၊ ဗိုက်တာမင်နှင့် အခြားသော အကျိုးပြုဓါတ်များကြောင့် ပညာရှင်များက တစ်ပတ်ကို ၂ ကြိမ်ခန့် ပင်လယ်စာ စားသုံးရန် အကြုံပြုကြပါတယ်။ ဒီ ၂၀၁၇ ခုနှစ်မှာတော့ စားသောက်ဆိိုင်တိုင်းလိုလို နှင့် လူတိုင်းရဲ့ အကြိုက်ဆုံးအဖြစ်ဆုံးအစားအစာ ကတော့ ပင်လယ်စာ တွေပဲ ဖြစ်ပါတယ်။ ကျော်ကြားလှတဲ့ ပင်လယ်စာ များကတော့ ဂဏန်းဟင်း၊ ကျောက်ပုစွန်ဟင်း၊ ရေဘဝဲ နှင့် ကင်းမွန်ဟင်းများ၊ ကမာဟင်းလျာများဖြစ်ကာ ဒေသအလိုက် အမျိုးမျိူး ကွဲပြားစွာ ချက်ပြုတ်ပြင်ဆင်ကြသည်ကို တွေ့မြင်ရပါတယ်။

အင်းဆက် အစားအစာများအင်းဆက် အစားအစာများ
အင်းဆက် ပိုးကောင်လေးများကို စားသုံးတယ်လို့ ကြားလိုက်ရတာနဲ့ မနှစ်မြို့ဖွယ်ခံစားကောင်း ခံစားရနိုင်ပေမယ့် ဒီနှစ်တော အတွင်းမှာ အင်းဆက်များနှင့် ပြုလုပ်ထားတဲ့ အစားအစာတွေကို ကမ္ဘာတစ်လွှားမှာ တကယ့်ကို အမှန် အကန် ရေပန်းစား လာတာကို မြင်တွေ့ရပါတယ်။ အင်းဆက် အစားအစာများ ကြိုက်နှစ်သက်များ ပြောကြားချက်အရ အင်းဆက် ပိုးကောင်တွေက တကယ့်ကို ထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်တဲ့ အစားအစာတွေ ဖြစ်ပြီး တခြားသော ပရိုတင်းဓါတ် ပေးစွမ်းနိုင်တဲ့ အသားတွေထက် သာလွန်တဲ့ အာဟာရ တန်ဖိုးတွေကိုလည်း ပေးစွမ်းနိုင်တဲ့ အပြင် ကိုယ်အလေးချိန် လျော့ချဖို့အတွက် စားသောက် သင့်တဲ့ အစားအစာတွေထဲမှာ အပါအဝင် ဖြစ်ပြီး ကျော်ကြားလျက်ရှိပါတယ်။ ကျော်ကြားလှတဲ့ အင်းဆက် အစားအစာများကတော့ ပုရစ်ကြော်၊ နှံကောင်ကြော်၊ ကင်းမြီးကောက်ကြော်၊ လောက်ကောင်ကြော်နှင့့် အခြားသော အင်းဆက် ကြော်များ ဖြစ်ပါတယ်။ ဒါ့အပြင် အင်းဆက်များနှင့်ပြုလုပ်ထားသော ဟင်းလျာများနှင့် ပေါင်မုန့်များဖြစ်တဲ့ ပုရွက်ဆိတ်ဥဟင်းနှင့် ပုရစ် ကွတ်ကီးနှင့် ပေါင်မုန့်တို့မှာ အထူးကျော်ကြားလှပါတယ်။

အချဉ်တည်ထားသော အစားအစာများအချဉ်တည်ထားသော အစားအစာများ
အချဉ်တည်ထားသော အစားအစာမျာဆိုတာ သဘာဝဘတ်တီးရီးယားများမှ ထုတ်လုပ်သော သဘာဝအက်ဆစ်ဓါတ်ဖြင့် အစားအစာများကို ရက်အတော်ကြာထားကာ အချဉ်ဓါတ်ရရှိအောင် ပြုလုပ်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အချဉ်တည်ထားတဲ့ အစားအစာတွေက ဗီတာမင် ဘီ၊ အင်ဇိုင်း၊ အိုမီဂါ ဓါတ်နှင့် အခြားသော အာဟာရဓါတ်များ ပါဝင်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အချဉ်တည်ထားတဲ့ အစားအစာများကို ရှေးနှစ်ပေါင်းများစွာထဲက စားသုံးလာကြတာက ယနေ့ထိတိုင်ပဲ ဖြစ်ပါတယ်။ ကျော်ကြားပြီး လူကြိုက်များလှတဲ့ အချဉ်တည်ထားတဲ့ အစားအစာများကတော့ ပဲငပိ၊ ပဲပြားချဉ်၊ သခွားချဉ် နှင့် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များပဲ ဖြစ်ပါတယ်။ ကိုရီးယားအစားအစာ ဖြစ်တဲ့ ကင်မ်ချီကတော့ ကမ္ဘာပေါ်မှာ ကျော်ကြားလှတဲ့ နိုင်ငံတကာ အစားအစာတစ်ခု အဖြစ် ထင်ရှားလှပါတယ်။

တိုင်းရင်းသား(သို့) လူမျိုးစု ဟင်းလျာများတိုင်းရင်းသား(သို့) လူမျိုးစု ဟင်းလျာများ
ယနေ့ခေတ် အခါမှာတော့ ကမ္ဘာဒေသအသီးသီးရဲ့ ကျော်ကြားလှတဲ့ အစားအစာတွေကို လူတိုင်း နှစ်ခြိုက်စွာ မြည်းစမ်းလိုလာကြပါတယ်။ တိုင်းရင်းသား(သို့) လူမျိုးစု ဟင်းလျာများကတော့ တစ်စထက် တစ်စ အစားအသောက်ချစ်သူများကြား အထူးရေပန်းစားလျက်ရှိကာ ယခုနှစ် အတော်တွင်း လူကြိုက်များလှတဲ့ အစားအစာ စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

အိမ်ချက်အရသာဟင်းလျာများအိမ်ချက်အရသာဟင်းလျာများ
ယခုနှစ်ရဲ့ ရေပန်းအစားသုံးသော အစားအစာများထဲမှာ အိမ်ချက်အရသာဟင်းလျာများ
လည်း ပါဝင်လာပါတယ်။ နေ့စဉ် အလုပ်တွေနဲ့ လုံးပန်းနေရတဲ့ သူတွေအဖို့ အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်စားသောက်ဖို့ဆိုတာ မလွယ်ကူလှတဲ့ အရာတစ်ခုဖြစ်ပြီး အိမ်ချက်အရသာဟင်းလျာများရရှိနိုင်တဲ့ ဆိုင်တွေမှာသာ စားသုံးလိုကြပါတယ်။ အိမ်မှာ ချက်စားတဲ့ ဟင်းလျာများက ကျန်းမာရေးအတွက်ပိုမို သင့်တော်လှပြီး လူကြိုက်များလှတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

လမ်းဘေး အစားအစာများလမ်းဘေး အစားအစာများ
လမ်းဘေးအစားအစာတွေက နိုင်ငံတစ်နိုင်ငံယဉ်ကျေးမှု၊ လူမျိုးများနှင့် ဒေသတွင်း အစားအစာများကို စုံလင်အောင် လေ့လာနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အရသာ အသစ်အဆန်းနှင့် မတူညီလှတဲ့ အစားအစာ များကို မြည်းစမ်းလို့ရသလို လွယ်လွယ်ကူကူ နှင့် စားသုံးလို့ရတဲ့ အစားအစာတွေဖြစ်တဲ့ အတွက် လမ်းဘေး အစားအစာများဟာ လူတိုင်းရဲ့ အသည်းစွဲ အစားအစာတွေအဖြစ် ရေပန်းစား လျက်ရှိပါတယ်။ လူကြိုက်များလှတဲ့ လမ်းဘေးအစားအစာများကတော့ အသားကင်များ၊ ဆူရှီ၊ အကြော်များ နှင့် အသင့်စားအစားအစာများပဲ ဖြစ်ပါတယ်။

ပင်လယ် ရေညှိများပင်လယ် ရေညှိများ
ပင်လယ်မှ ရရှိသော အစားအစာတွေက ဂျပန်အစားအစာများ ကျော်ကြားလာပြီး နောက်ပိုင်းတွင် ပိုပြီး ကျော်ကြားလာပါတယ်။ အာရှနိုင်ငံအများစုတွင် ပင်လယ်မှ ရရှိသော အရွက်များ၊ ရေညှိများကိုအသုံးပြုကာ စွပ်ပြုတ်များ၊ စတူးဟင်းလျာများ နှင့် ဟင်းလျာများတွင် ထည့်သွင်းချက်ပြုတ်သော အမယ်တစ်ခုအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ ပင်လယ်မှ ရရှိသော ရေညှိများနှင့်အပင်များက ပင်လယ်မှ ရရှိပြီးနောက် နေလှန်းအခြောက်ခံကာ ထုတ်ပိုးရောင်းချလျက်ရှိပါတယ်။ ဆူရှီလုပ်ရာမှာ အသုံးပြုတဲ့ ရေညှိလိပ်၊ ရေညှိအညို၊အမဲ နှင့် အနီ၊ ပင်လယ်ကျောက်ကျောနှင့် ပင်လယ် ရေမှော်တို့က ထင်ရှားလှတဲ့ ပင်လယ်ထွက်ကုန်များ ဖြစ်ကာ ဂျပန်အစားအစာအများစုနှင့် အရှေ့တောင်အာရှနိုင်ငံများရဲ့ စွပ်ပြုတ်များ၊ အသုပ်များတွင် တွင်ကျယ်စွာ ချက်ပြုတ်ပြင်ဆင်လာကြပြီး ရေပန်းစားသော အစားအစာ တစ်ခု ဖြစ်လာပါတယ်။

ယခုနှစ်အတောတွင်းရေပန်းစားနေတဲ့ အစားအစာတွေထဲမှာ သင်ကြိုက်နှစ်သက်တဲ့ အစားအစာ များပါဝင်နေ သလားဆိုတာ Doeamal မှာ ပြောပြခဲ့ပါဦး။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top