Lifestyle
ရန်ကုန်မြို့ပေါ်မှ မြန်မာနိုင်ငံအနှံ့ရှိ ဒေသစာများ
ရန်ကုန်မှာနေထိုင်တဲ့သူတွေအတွက် အားသာချက်က အခြား မြို့ရွာတွေရဲ့ဒေသစာတွေကို ရန်ကုန်မြို့တွင်းမှာ အလွယ်တကူဝယ်ယူစားသုံးလို့ရနိုင်တာပဲဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ အလုပ်အကိုင်ကြောင့် လာရောက်နေထိုင်ကြသူတွေလည်း တစ်နယ်တစ်ကျေးက မိမိတို့ရဲ့ဒေသစာတွေကိုလွမ်းတဲ့အခါ အလွယ်တကူ သွားရောက်ဝယ်ယူနိုင်ဖို့အတွက် ဒေသအစားအစာ ဆိုင်တစ်ချို့ကို လမ်းညွှန်ပေးလိုက်ပါရစေနော်။
မန္တလေးတီးရွန်း
ဒီဆိုင်မှာကတော့ မန္တလေးစတိုင်နဲ့အစားအသောက်တွေ၊ အကြော်အလှော်တွေအထိ ရပါတယ်။ ဝန်ထမ်းတွေကလည်းဖော်ရွှေပြီးတော့ စျေးချိုတာကြောင့် နိုင်ငံခြားသားတွေအထိ အထူးအားပေးကြတဲ့ဆိုင်ဖြစ်ပါတယ်။ နေ့စဉ် ရနာရီကနေ ၄နာရီအထိ ဖွင့်ပါတယ်။ ရန်ကင်းမြို့နယ်၊ ရန်ငြိမ်း ၄လမ်းထဲမှာရှိပါတယ်။ ဖုန်းကတော့ ၀၉ ၄၂၃၇၉၄၃၂၀ ဖြစ်ပြီး ဖုန်းနဲ့ ကြိုတင်မှာလို့လည်းရပါတယ်။
လားရှိုးညစျေး
ဒီမှာရှိတဲ့အစားအသောက်ဆိုင်တွေ တော်တော်များများက ရှမ်းပြည်မြောက်ပို်င်းက ဒေသစာတွေ ဖြစ်ပါတယ်။ ရှမ်းရိုးရာစာတွေ၊ ဝက်သားတုတ်ထိုး၊ အကင်တွေ၊ ခေါက်ဆွဲတွေအပြင် ကော့တေးဘားအထိ ရှိတာမို့ စားသောက်ရအလွယ်ကူဆုံးပါ။ ညစျေးစတိုင်ဖွင့်ထားတာမို့ တစ်ဆိုင်နဲ့တစ်ဆိုင်ကပ်ပြီး အနည်းငယ်ဆူညံပေမဲ့ ရှမ်းမြောက်စာတွေ တစ်နေရာတည်း စုစည်းရရှိနို်င်တာမို့ မဖြစ်မနေသွားစမ်းကြည့်သင့်ပါတယ်။ မနက် ရနာရီကနေ ည၁၁နာရီထိဖွင့်ပါတယ်။ တောင်ဥက္ကလာ ဝေဇတ္တရာလမ်းမပေါ်မှာရှိပါတယ်။ ဖုန်းကတော့ ၀၉ ၇၅၂၆၇၃၄၈၇ ဖြစ်ပါတယ်။
ဝင်းဝင်း မုံရွာ
ဒီဆိုင်မှာတော့ စစ်ကိုင်းနဲ့ မုံရွာဒေသဘက်က အစားအသောက်တွေရပါတယ်။ အထူးသဖြင့် ခေါက်ဆွဲမျိုးစုံ ဖြစ်ပါတယ်။ ဆိုင်ခွဲတွေအများကြီးရှိတာမို့ ရန်ကုန်မြို့အနှံ့မှာ စားသောက်လို့နိုင်ပါတယ်။ ဒီဆိုင်ကတော့ ဗဟန်းကဆိုင်ဖြစ်ပါတယ်။ နေ့စဉ် မနက် ၆နာရီ ည ၆နာရီအထိ ဖွင့်ပါတယ်။ ဖုန်းကတော့ ၀၉ ၉၇၀၂၉၀၆၁၁ ဖြစ်ပါတယ်။
ဝုိင်းဝုိင်းလည်
ဝင်းဝင်းလည်မှာတော့ မြန်မာပြည်တောင်ဘက်ပိုင်းကအစားအသောက်တွေရပါတယ်။ ရှားပါးတဲ့ ပင်လယ်စာတွေကို ပုံစုံမျိုးစုံနဲ့ ချက်ပြုတ်ထားတာကိုရနိုင်ပြီး စျေးသင့်တင့်မျှတပါတယ်။ လိပ်စာကတော့ ဝေဇတ္တရာလမ်းနဲ့ ရိပ်သာလမ်းထောင့်၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိပါတယ်။ ဖုန်းကတော့ ၀၉ ၂၅၁၆၀၀၀၀၁ ဖြစ်ပါတယ်။
၈၉ မန္တလေးမီးရှည်
မီးရှည်ဆိုတာကတော့ ရှမ်းရိုးရာအစားအစာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံအလည်ပိုင်းမှာအစားများပါတယ်။ ခေါက်ဆွဲကို ဝက်သား၊ ဟင်းသီးဟင်းရွက်အစုံအလင်နဲ့ရောပြီးပြုတ်၊ သုတ်စားရတာပါ။ ဒေသစာအရသာအတိုင်း ရချင်ရင်တော့ ၈၉ မန္တလေးမီးရှည်ဆိုင်ကိုသွားပါ။ နေ့စဉ် မနက် ရနာရီဖွင့်ပြီး မီးရှည်တစ်မျိုးတည်းရောင်းပါတယ်။ ရန်ကင်း ဓမ္မာရုံလမ်း၊ ဖုန်း ၀၉၇၉၇၆၃၇၄၉၇ ဖြစ်ပါတယ်။
ဖီးလ်ညစျေး
ဒီညစျေးမှာလည်း နိုင်ငံအနှံ့က ဒေသစာတွေကိုတစ်နေရာတည်းရနိိုင်ပါတယ်။ ဟင်းတွေ အစားအသောက်တွေသာမက အသီးအနှံတွေနဲ့ ဖျော်ရည်မျိုးစုံကိုလည်းရနိုင်ပါသေးတယ်။ စျေးလည်းအလွန်သင့်တင့်ပြီး နေ့လည် ၁၂ကနေ ည ၁၂ထိ ဖွင့်ပါတယ်။ ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းပေါ်မှာ ဖွင့်ထားတာဖြစ်ပြီး ဖုန်း 09 73208132ကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါသေးတယ်။
ပုဂံဘောက်စ်
ပုဂံဘောက်စ်ဆိုတဲ့အတိုင်း အညာအစားအသောက်တွေရပါတယ်။ ပုဂံဒေသမှာစားခဲ့တဲ့အနေအထားအတိုင်း အရသာနဲ့အပြင်အဆင် တစ်ထပ်တည်းကျပါတယ်။ ထမင်းသုတ်နဲ့ နွားနို့်၊ အသီးဖျော်ရည်တွေကို အလွန်သင့်တဲ့ စျေးနဲ့ရနိုင်တာမို့ မဖြစ်မနေ သွားစမ်းသင့်ပါတယ်။ နေ့စဉ် မနက် ၁ဝနာရီကနေ ည ၁ဝနာရီအထိ ဖွင့်ပါတယ်နော်။ စမ်းချောင်း မကြီးကြီးလမ်းမှာရှိပါတယ်။ ဖုန်းကတော့ ၀၉ ၇၈၅၁၃၈၉၅၅ပါ။
ခုလို အရသာရှိတဲ့ ဆိုင်ကအစားအသောက်တွေ စားချင်တယ်ဆိုရင်တော့ Doemal Application ထဲမှာ ရှာဖွေမွှေနှောက်ပြီး Order မှာစားလို့ရနေပါပြီ ပရိသတ်ကြီးရေ။
[Unicode]
မန္တလေးတီးရွန်း
လားရှိုးညဈေး
ဝင်းဝင်း မုံရွာ
ဝိုင်းဝိုင်းလည်
၈၉ မန္တလေးမီးရှည်
ဖီးလ်ညဈေး
ပုဂံဘောက်စ်
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top