Lifestyle

ရန္ကုန္ၿမိဳ႕မွ ျမည္းစမ္းစရာ ရွမ္းရိုးရာ အစားအေသာက္မ်ား

ဆောင်းအကုန် နွေဦးရာသီရောက်လာပြီဆိုတော့ ခံတွင်းရှင်းမဲ့ အစားအစာတွေကို တောင်းတ တတ်ကြပါတယ်။ အကောင်းဆုံးကတော့ ရှမ်းအစားအစာတွေပါပဲ။ ရန်ကုန်မြို့မှာ ရှိတဲ့ ရှမ်းစားသောက်ဆိုင်တစ်ချို့နဲ့ ဘာတွေ မြည်းစမ်းလို့ရသလို့ဆိုတာကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

မိုးကုတ်ဒေါ်ရှမ်း

ဒီဆိုင်ကတော့ ရန်ကုန်မှာမဖွင့်ခင်ကတည်းက မန္တလေးမှာဖွင့်လာတဲ့ဆိုင်ပါ။ မိုးကုတ်က ရှမ်းပြည်နယ်မှာ မရှိပေမဲ့ ရှမ်းပြည်နဲ့ အနီးစပ်ဆုံးဖြစ်တာကြောင့် ရှမ်းအစားအစာနဲ့ နာမည်ကျော်ကြားပါတယ်။ ဒီဆိုင်မှာ အကောင်းဆုံးကတော့ ကြက်သားနဲ့ ဟင်းရွက်တွေရှမ်းစတိုင် ရောချက်ထားတဲ့ဟင်းနဲ့ မှိုငါးပေါင်းထုတ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အခြားရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး စသဖြင့်လည်းရနိုင်ပါသေးတယ်။

ဒေါ်ရှမ်းမ

ဒီဆိုင်မှာတော့ ရှမ်းပြည်မှာ ရတဲ့ ခေါက်ဆွဲအရသာအတိုင်း ရနိုင်တဲ့အပြင် အခြား ထူးထူးခြားခြား ရှမ်းဟင်းလျာတွေလည်းစုံပါတယ်။ ငါးထမင်းနယ်နဲ့ ဝက်သားထုတ်ထိုးကတော့ ဒေါ်ရှမ်းမရဲ့ နာမည်ကျော် အမယ်ပါပဲ။ ဒါ့အပြင် ငှက်ပျောသီး မီးဖုတ်ပြီး ပျားရည်ဆန်းထားတာ၊ ကောက်ညှင်းကျည်တောက်နဲ့ ကောက်ညှင်းပေါင်းတို့ကိုလည်း ရှမ်းတောင်တန်းက ကော်ဖီစိမ့်ခါးလေးနဲ့ တွဲမြည်းလို့ရပါတယ်။ နေ့တိုင်း မနက် ရနာရီကနေ ၉နာရီထိဖွင့်ပြီး ဗိုလ်ချုပ်လမး်မပေါ်မှာ ရှိပါတယ်။

နန်းဒေါင်ခန်း

ဒီဆိုင်ကတော့ အင်မတန် လူများတဲ့ လှည်းတန်းရဲ့ လမ်းကြားကလေးမှာရှိပါတယ်။ တစ်ပွဲကို ၅ဝဝကနေ ၁၃ဝဝအထိသာ ကျသင့်ပြီး နိုင်ငံခြားသား ဧည့်သည်တွေ အထူးစားသုံးလေ့ရှိပါတယ်။ သာကူလုံးထဲ ကြက်သား သွတ်ထားတဲ့ အချိုပွဲကတော့ လူကြိုက်အများဆုံးပါပဲ။ သဘောင်္သီးသုပ်၊ ခေါက်ဆွဲ ပြား၊ နဲ့ ခေါက်ဆွဲ ချဉ်စပ်တို့လည်းရနိုင်ပြီး မနက် ၈နာရီကနေ ၉နာရီခွဲအထိ ဖွင့်ပါတယ်။

999 ရှမ်းခေါက်ဆွဲ

ဒီဆိုင်ကတော့ ရန်ကုန်မှာဖွင့်လာတာ သက်တမ်း ၄၁နှစ်ကျော်ပါပြီ။ မနက်စာရှမ်းခေါက်ဆွဲအပြင် ညစာအတွက်လည်း နာမည်ကျော်ပါတယ်။ ဝက်နံရိုးလက်လုပ်ခေါက်ဆွဲ၊ တိုဟူးခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲနဲ့ အခြား အရသာရှိတာတွေကို ဆိုင်မှာထိုင်စားလို့ ရပါသေးတယ်။ သူကတော့ ကျောက်တံတားမြို့နယ်က ၃၄လမ်းအလယ်ဘလောက်မှာရှိပါတယ်။

ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။

ေဆာင္းအကုန္ ေႏြဦးရာသီေရာက္လာျပီဆိုေတာ့  ခံတြင္းရွင္းမယ့္ အစားအစာေတြကို  ေတာင္းတ တတ္ၾကပါတယ္။ အေကာင္းဆံုးကေတာ့ ရွမ္းအစားအစာေတြပါပဲ။ ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ ရွမ္းစားေသာက္ဆိုင္တစ္ခ်ိဳ႕နဲ႕ ဘာေတြ ျမည္းစမ္းလို႔ရသလို႔ဆိုတာကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

မိုးကုတ္ေဒၚရွမ္း

ဒီဆိုင္ကေတာ့ ရန္ကုန္မွာမဖြင့္ခင္ကတည္းက မႏၱေလးမွာဖြင့္လာတဲ့ဆိုင္ပါ။ မိုးကုတ္က ရွမ္းျပည္နယ္မွာ မရွိေပမဲ့ ရွမ္းျပည္နဲ႕ အနီးစပ္ဆံုးျဖစ္တာေၾကာင့္ ရွမ္းအစားအစာနဲ႕ နာမည္ေက်ာ္ၾကားပါတယ္။ ဒီဆိုင္မွာ အေကာင္းဆံုးကေတာ့ ၾကက္သားနဲ႕ ဟင္းရြက္ေတြရွမ္းစတုိင္ ေရာခ်က္ထားတဲ့ဟင္းနဲ႕ မႈိငါးေပါင္းထုတ္ပဲျဖစ္ပါတယ္။ ဒါ့အျပင္ အျခားရွမ္းေခါက္ဆြဲ၊ တိုဟူးေႏြး စသျဖင့္လည္းရႏုိင္ပါေသးတယ္။

ေဒၚရွမ္းမ

ဒီဆိုင္မွာေတာ့ ရွမ္းျပည္မွာ ရတဲ့ ေခါက္ဆြဲအရသာအတုိင္း ရနုိင္တဲ့အျပင္ အျခား ထူးထူးျခားျခား ရွမ္းဟင္းလ်ာေတြလည္းစံုပါတယ္။ ငါးထမင္းနယ္နဲ႕ ဝက္သားထုတ္ထိုးကေတာ့ ေဒၚရွမ္းမရဲ႕ နာမည္ေက်ာ္ အမယ္ပါပဲ။ ဒါ့အျပင္ ငွက္ေပ်ာသီး မီးဖုတ္ၿပီး ပ်ားရည္ဆန္းထားတာ၊ ေကာက္ညွင္းက်ည္ေတာက္နဲ႕ ေကာက္ညွင္းေပါင္းတို႔ကိုလည္း ရွမ္းေတာင္တန္းက ေကာ္ဖီစိမ့္ခါးေလးနဲ႕ တြဲျမည္းလို႔ရပါတယ္။ ေန႕တိုင္း မနက္ ၇နာရီကေန ၉နာရီထိဖြင့္ၿပီး ဗိုလ္ခ်ဳပ္လမး္မေပၚမွာ ရွိပါတယ္။

နန္းေဒါင္ခန္း

ဒီဆိုင္ကေတာ့ အင္မတန္ လူမ်ားတဲ့ လွည္းတန္းရဲ႕ လမ္းၾကားကေလးမွာရွိပါတယ္။ တစ္ပြဲကို ၅၀၀ကေန ၁၃၀၀အထိသာ က်သင့္ၿပီး ႏုိင္ငံျခားသား ဧည့္သည္ေတြ အထူးစားသံုးေလ့ရွိပါတယ္။ သာကူလံုးထဲ ၾကက္သား သြတ္ထားတဲ့ အခ်ိဳပြဲကေတာ့ လူၿကိဳက္အမ်ားဆံုးပါပဲ။ သေဘာၤသီးသုပ္၊ ေခါက္ဆြဲ ျပား၊ နဲ႕ ေခါက္ဆြဲ ခ်ဥ္စပ္တို႔လည္းရႏုိင္ၿပီး မနက္ ၈နာရီကေန ၉နာရီခြဲအထိ ဖြင့္ပါတယ္။

999 ရွမ္းေခါက္ဆြဲ

ဒီဆိုင္ကေတာ့ ရန္ကုန္မွာဖြင့္လာတာ သက္တမ္း ၄၁ႏွစ္ေက်ာ္ပါၿပီ။ မနက္စာရွမ္းေခါက္ဆြဲအျပင္ ညစာအတြက္လည္း နာမည္ေက်ာ္ပါတယ္။ ဝက္နံရိုးလက္လုပ္ေခါက္ဆြဲ၊ တိုဟူးေခါက္ဆြဲ၊ ရွမ္းေခါက္ဆြဲနဲ႕ အျခား အရသာရွိတာေတြကို ဆုိင္မွာထိုင္စားလို႔ ရပါေသးတယ္။ သူကေတာ့ ေက်ာက္တံတားၿမိဳ႕နယ္က ၃၄လမ္းအလယ္ဘေလာက္မွာရွိပါတယ္။

ခုလို အရသာရွိတဲ့ ဆိုင္ေကာင္းေကာင္းေလးေတြက အစားအေသာက္ေတြကို စားခ်င္တယ္ဆိုရင္ေတာ့  Doemal Application ကေန မွာစားလို႕ရေနျပီဆိုတာေလးလဲ တစ္ခါထဲေျပာလိုက္ပါရေစေနာ္။ ဆိုင္သြားစားျပီးရင္လည္း ေကာင္းရင္ ျပန္လည္ေဝမွ်ေပးၾကပါဦး။

 

 

 

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top