Lifestyle

ရန္ကုန္ျမိဳ႕ရဲ႕ တစ္ေန႔တာ Food Tour

စာရေးသူဟာ ဒီတစ်ခါမှာတော့ အစားအသောက်နဲ့ ဗဟုသုတကိုရောပြွန်းပြီး တင်ဆက်ပေးမှာပါ။
အမြဲအစားအသောက်အကြောင်းသီးသန့်ဆို စာဖတ်သူတို့ပျင်းသွားမှာပေါ့နော်။ စာဖတ်သူလူငယ် ပရိတ်သတ်တွေထဲမှာ ဧည့်လမ်းညွှန်ဖြစ်ချင်တဲ့သူရှိရင် ဒီဆောင်းပါးလေးက တစ်နေ့လုပ်ငန်းခွင်မှာ အထောက်အကူပြုမှာ အသေအချာပါပဲ။ရန်ကုန်ကိုိ ကိုယ်တိုင်လည်ပတ်စားသောက်ရုံတင်မကဘူး အခြားနိုင်ငံများက ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေ အလည်အပတ်လာတဲ့အခါမျိူးမှာ လိုက်လံပြသပေးလို့ရပါတယ်။

အရင်ဆုံးမနက်ပိုင်းကိုိ ဗဟန်း (၃)လမ်း တစ်ဝို်က်ကနေစတင်တာက အကောင်းဆုံးပါပဲ။ မနက်အစောပိုင်းမှာ စျေးလည်းရှိသလို မုန့်ဟင်းခါး ၊ အသုပ် ၊ ကောက်ညှင်းပေါင်း အစရှိတဲ့ မနက်ခင်းအစားအစာလေးတွေကို တော်တော်အရသာကောင်းတဲ့ဆိုင်လေးတွေ ရှိပါတယ်။

 
အဲ့ကနေမှ နေ့လည်စာအတွက် ဆက်လက်ချီတက်ချင်ရင်တော့ သိပ်မဝေးတဲ့ ဆူးလေဘုရားတစ််ဝိုက်က အကောင်းဆုံးပါပဲ။ မှိုုလိုပေါက်နေတဲ့ဆိုင်ကြီးများရဲ့ ဆွဲဆောင်နေမှုက ဗိုက်ထဲမှာ အသံတောင်မြည်လာမှာပါ။ ကိုယ်နှစ်သက်ရာဆိုင်ကိုရွေးချယ်ပြီး ရန်ကုန်မြို့ပြကြီးရဲ့ မွန်းကျပ်မှုတွေအောက်ကနေ မိမိဗိုက်ကိုဖြည့်တင်းရင်း ခဏတာအနားယူလိုက်ပါ။

ဗိုက်ပြည့်သွားရင် ဆက်လက်ပြီး စကော့စျေး သို့မဟုတ်် ဗိုလ်ချူပ်စျေးထဲကိုသာ အပူရှောင်ရင်း စျေးတွင်းမှာရောင်းတဲ့ မြန်မာမုန့် နှင့် လိမ္မော်ရည် တို့့ကို ရှာပြီး အပြေးသာလွှေးပါ။

 
မြန်မာမုန့်အချိူပွဲဆိုတော့ သကြားဓာတ်များများပါတာမို့လို့ နွမ်းနယ်မှုတွေကို သက်သာစေမဲ့အပြင် ပြန်လည်လန်းဆန်းသွားပြီမို့ ညနေပိုင်းကို ဖြတ်သန်းဖို့အတွက် အဆင်သင့်ဖြစ်စေမှာပါ။

ညနေပိုင်းကို ဖြတ်သန်းဖို့အကောင်းဆုံးနေရာကတော့ လသာလမ်း တစ်ဝိုက်ဖြစ်ပြီး တရုတ်တန်းကလည်း နီးနီးလေးမှာပဲဆိုတော့ စားစရာဆိုင်တွေက အရွယ်အစားအစုံ မုန်းမကုန်အောင်ရှိပါတယ်။ ရာသီအလိုက်ရတဲ့ အစားအစာတွေလည်းရပါတယ်။

  
ညနေပို်င်းကိုဖြတ်သန်းပြီးရင် ညပိုင်းကိုဆက်လက်ဖြတ်သန်းဖို့ တစ်မိနစ်တောင်လမ်းမလျောက်ရတဲ့ ၁၉လမ်းထဲသာ တောက်လျောက်ဝင်သွားလိုက်ပါ။ လမ်းလျောက််ရင်းနဲ့တင် မှောက်သွားလောက်အောင် ယမကာဆိုင်တွေရှိပါတယ်။ မသောက်တတ်ရင်တော့ အအေးဝယ်ပေါ့နော်။ လမ်းလယ်ခေါင်မှာ လှည်းလေးတွေနဲ့ရောင်းတဲ့ အရက်သမားလက်ဖက်သုပ်ကတော့ ဘာနဲ့မှလဲလို့မရပါဘူး။


ညပိုင်းအပြီး တကယ်လို့ လမ်းလျောက်နိုင်သေးရင် ဗိုလ်တထောင်ဆိပ်ကမ်း အနီးကို သွားရောက်လည်ပတ်ပီး အကင်ဆိုင်လေးတွေမှာထိုင်ရင်း ဆိပ်ကမ်းရဲ့ ညဘက်အလှကို BBQ လေးတွေနဲ့ စီးမျောလိုက်ပါ။


တစ်နေကုန်ပင််ပန်းနေလို့ အိမ်ပြန်မအိပ်ချင်ရင် သိပ်မဝေးတဲ့ ဗိုလ်အောင်ကျော်လမ်းမှာ ဘက်ဂျက်တည်းခိုခန်းလေးတစ်ခုရှိပါတယ်။ သန့်ရှင်းပြီး ကမ္ဘာလှည့်ခရီးသွားတွေတောင် တည်းတဲ့နေရာလေးပါ။တစ်ညတာကို အေးဆေးလေးအိပ်ပြီး အနားယူလိုက်ပါ။

ဒီလိုသွားတာဟာ မွန်းကျပ်မှုတွေ ပင်ပန်းမှုတွေကိုပါကုစားပေးနိင်ပြီး အရမ်းသွားပါများရင် ဝိတ်တက်လာနိုင်တာကိုလည်း သတိပြုပေးပါ။

အရမ်းကြီးဝလာရင် စာရေးသူရဲ့ ဝိတ်ချနည်းဆောင်းပါးလေးကို ပြန်သတိရကြပေးနော်။
စာရေးသူပြောပြတဲ့ နေရာတွေကို သွားရောက်စားသောက်ဖို့ အချိန်မရှိတဲ့ သူတွေကလဲ Doemal ကနေ အော်ဒါမှာစားလို့ရနေပြီဖြစ်ကြောင်းကိုလဲ တစ်ခါတည်းပြောလိုက်ပါရစေ။

[Unicode]

စာေရးသူဟာ ဒီတစ္ခါမွာေတာ့ အစားအေသာက္နဲ႔ ဗဟုသုတကုိေရာျပြန္းျပီး တင္ဆက္ေပးမွာပါ။

အျမဲအစားအေသာက္အေၾကာင္းသီးသန္႔ဆုိ စာဖတ္သူတို႔ပ်င္းသြားမွာေပါ့ေနာ္။ စာဖတ္သူလူငယ္ ပရိတ္သတ္ေတြထဲမွာ ဧည့္လမ္းညႊန္ျဖစ္ခ်င္တဲ့သူရွိရင္ ဒီေဆာင္းပါးေလးက တစ္ေန႔လုပ္ငန္းခြင္မွာ အေထာက္အကူျပဳမွာ အေသအခ်ာပါပဲ။ရန္ကုန္ကုိိ ကုိယ္တုိင္လည္ပတ္စားေသာက္ရုံတင္မကဘူး အျခားနုိင္ငံမ်ားက ကိုယ့္မိတ္ေဆြအေပါင္းအသင္းေတြ အလည္အပတ္လာတဲ႔အခါမ်ိဴးမွာ လုိက္လံျပသေပးလုိ႔ရပါတယ္။

အရင္ဆုံးမနက္ပုိင္းကုိိ ဗဟန္း (၃)လမ္း တစ္ဝုိ္က္ကေနစတင္တာက အေကာင္းဆုံးပါပဲ။ မနက္အေစာပုိင္းမွာ ေစ်းလည္းရွိသလို မုန္႔ဟင္းခါး ၊ အသုပ္ ၊ ေကာက္ညွင္းေပါင္း အစရွိတဲ့ မနက္ခင္းအစားအစာေလးေတြကုိ ေတာ္ေတာ္အရသာေကာင္းတဲ့ဆုိင္ေလးေတြ ရွိပါတယ္။

     

အဲ႕ကေနမွ ေန႔လည္စာအတြက္ ဆက္လက္ခ်ီတက္ခ်င္ရင္ေတာ့ သိပ္မေဝးတဲ႔ ဆူးေလဘုရားတစ္္ဝုိက္က အေကာင္းဆုံးပါပဲ။ မႈိုလုိေပါက္ေနတဲ့ဆုိင္ၾကီးမ်ားရဲ႕ ဆြဲေဆာင္ေနမႈက ဗုိက္ထဲမွာ အသံေတာင္ျမည္လာမွာပါ။ ကိုယ္ႏွစ္သက္ရာဆုိင္ကုိေရြးခ်ယ္ျပီး ရန္ကုန္ျမိဳ႕ျပၾကီးရဲ႕ မြန္းက်ပ္မႈေတြေအာက္ကေန မိမိဗုိက္ကုိျဖည္႔တင္းရင္း ခဏတာအနားယူလုိက္ပါ။

  

ျမန္မာမုန္႔အခ်ိဴပြဲဆုိေတာ့ သၾကားဓာတ္မ်ားမ်ားပါတာမုိ႔လုိ႔ ႏြမ္းနယ္မႈေတြကို သက္သာေစမဲ႔အျပင္ ျပန္လည္လန္းဆန္းသြားျပီမုိ႔  ညေနပုိင္းကုိ ျဖတ္သန္းဖို႔အတြက္ အဆင္သင္႕ျဖစ္ေစမွာပါ။

ညေနပုိင္းကုိ ျဖတ္သန္းဖို႕အေကာင္းဆုံးေနရာကေတာ့ လသာလမ္း တစ္ဝုိက္ျဖစ္ျပီး တရုတ္တန္းကလည္း နီးနီးေလးမွာပဲဆုိေတာ့ စားစရာဆုိင္ေတြက အရြယ္အစားအစုံ မုန္းမကုန္ေအာင္ရွိပါတယ္။ ရာသီအလုိက္ရတဲ့  အစားအစာေတြလည္းရပါတယ္။

  

ညေနပုိ္င္းကုိျဖတ္သန္းျပီးရင္ ညပုိင္းကိုဆက္လက္ျဖတ္သန္းဖုိ႔ တစ္မိနစ္ေတာင္လမ္းမေလ်ာက္ရတဲ႕  ၁၉လမ္းထဲသာ ေတာက္ေလ်ာက္ဝင္သြားလိုက္ပါ။ လမ္းေလ်ာက္္ရင္းနဲ႔တင္ ေမွာက္သြားေလာက္ေအာင္ ယမကာဆုိင္ေတြရွိပါတယ္။ မေသာက္တတ္ရင္ေတာ့ အေအးဝယ္ေပါ့ေနာ္။ လမ္းလယ္ေခါင္မွာ လွည္းေလးေတြနဲ႔ေရာင္းတဲ႔ အရက္သမားလက္ဖက္သုပ္ကေတာ့ ဘာနဲ႔မွလဲလုိ႔မရပါဘူး။

ညပိုင္းအျပီး တကယ္လုိ႔ လမ္းေလ်ာက္နုိင္ေသးရင္ ဗုိလ္တေထာင္ဆိပ္ကမ္း အနီးကုိ သြားေရာက္လည္ပတ္ပီး အကင္ဆုိင္ေလးေတြမွာထုိင္ရင္း ဆိပ္ကမ္းရဲ႕ ညဘက္အလွကုိ BBQ ေလးေတြနဲ႔ စီးေမ်ာလုိက္ပါ။

တစ္ေနကုန္ပင္္ပန္းေနလုိ႔ အိမ္ျပန္မအိပ္ခ်င္ရင္ သိပ္မေဝးတဲ့ ဗုိလ္ေအာင္ေက်ာ္လမ္းမွာ ဘက္ဂ်က္တည္းခုိခန္းေလးတစ္ခုရွိပါတယ္။ သန္႕ရွင္းျပီး ကမာၻလွည့္ခရီးသြားေတြေတာင္ တည္းတဲ့ေနရာေလးပါ။တစ္ညတာကုိ ေအးေဆးေလးအိပ္ျပီး အနားယူလုိက္ပါ။

ဒီလုိသြားတာဟာ မြန္းက်ပ္မႈေတြ ပင္ပန္းမႈေတြကုိပါကုစားေပးနိင္ျပီး အရမ္းသြားပါမ်ားရင္ ဝိတ္တက္လာနုိင္တာကုိလည္း သတိျပဳေပးပါ။

အရမ္းၾကီးဝလာရင္ စာေရးသူရဲ႕ ဝိတ္ခ်နည္းေဆာင္းပါးေလးကုိ ျပန္သတိရၾကေပးေနာ္။

စာေရးသူေျပာျပတဲ့ ေနရာေတြကို သြားေရာက္စားေသာက္ဖို႕ အခ်ိန္မရွိတဲ့ သူေတြကလဲ Doemal ကေန ေအာ္ဒါမွာစားလို႕ရေနျပီျဖစ္ေၾကာင္းကိုလဲ တစ္ခါတည္းေျပာလိုက္ပါရေစ။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top