Lifestyle
ရန်ကုန်မြို့မှ Fast Food ဆိုင်လေးများ
မြို့ပြမှာ အနေကြာလာတာနဲ့ အမျှ လူတွေက အလုပ်များလာပြီး နေ့တိုင်းလိုလို ပြေးလွှားရုန်းကန်ရင်း အသက်ရှင်ကြရပါတယ်။ တစ်ခါတစ်လေမှာ စားချင်တာရှိ်ရင် အကြာကြီးမှာပြီး စောင့်စားရတာဟာ အချိန်တော်တော် ကုန်စေပါတယ်။
အဲ့တော့ အမြန်စားလို့ရတဲ့ Fast Food ဆိုင်လေးတွေကလည်း နိုင်ငံတကာမှာ ဖွင့်ထားပြီး နေရာတစ်ကာမှာ တွေ့နိုင်ပါတယ်။ အနည်းဆုံးတော့ ကြက်ကြော်ဆိုရင် လူတိုင်းနီးပါး ကြိုက်လို့ အစားဂျီးများတဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။ ကဲဆိုင်နာမည်လေးတွေနဲ့ ဘာလေးတွေ ရနိုင်လည်းဆိုတာကို အောက်မှာ ဆက်ကြည့်လိုက်ပါနော်။
၁.CP ဆိုင်လေးများ
ကြက်ကြော်အပြင် ကြက်ကင်တို့ အသားချောင်းလေးတွေတို့ အပြင် ယိုးဒယားစတိုင်အသားကင်လေးတွေလည်း ရနိုင်ပါတယ်။ စျေးလဲအရမ်းမကြီးလို့ စားရတာလဲတန်ပါတယ်။ ပြီးတော့ နေရာတိုင်းလိုလိုမှာ CP Five Stars ဆိုင်တွေရှိတော့ ဘယ်နေရာရောက်ရောက် အလွယ်တကူ ဝယ်စားလို့လဲ အဆင်ပြေတယ်။
၂. Lotteria
ကြက်ကြော်အပြင် ဟမ်ဘာဂါတို့ ကြက်ဆီထမင်းတို့ရနိုင်ပါတယ်။ ဘာဂါတို့ထမင်းတို့ မှာမယ်ဆိုရင်တော့ မိနစ်အနည်းငယ်လောက်တော့ စောင့်ရပါတယ်။ ရေခဲမုန့်လေးကတော့ စာရေးသူအကြိုက်ပါ။
၃.Marrybrown
Halal မို့ လူမျိူးဘာသာမရွေးစားသုံးဖိုု့ အဆင်ပြေတဲ့အပြင် အသားတုံးတွေက ကြီးတော့ တော်တေ်ာလေးတန်တယ် ပြောရမှာပါ။ နောက်ပြီး အာလူးထောင်းအရသာကတော့ရှယ်ပါပဲ။
၄. KFC
အမေရိကန်နိုင်ငံက Fast Food ဆိုင်တွေထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုပါပဲ။ အရမ်းကို လူကြိုက်များပြီး lunch box လေးဆို တန်လည်းတန်မြန်လည်းမြန်ပြီးစားရတာ အဆင်ပြေဆုံးပါပဲ။
၅. Seoul Chicken Myanmar
ကိုရီးယားအရသာ ကြက်ကြော်ကြွပ်ကြွပ် ရွရွလေးကြိုက်သူတွေအတွက်ဆိုရင်တော့ အရမ်းကိုအဆင်ပြေတဲ့ ဆို်င်လေးပါ။ ကိုရီးယားဆော့အနှစ်တွေနဲ့ ပူစပ်ရှူးရှဲ အရသာလေးက တော်တော်ကို စွဲဆောင်နိုင်လွန်းတာပါ။ Packaging ပုံစံလေးကအစ အရမ်းမိုက်ပြီး ကွီးယားစတိုင်စစ်စစ်ပါပဲနော်။ စာရေးသူကတော့ Honey Spicy Sauce လေးနဲ့ အကြိုက်ဆုံးပါ။
ကဲ…သွားရင်းလာရင်းဗို်က်ဆာလာလို့ ပတ်ဝန်းကျင်မှာဒီဆိုင်လေးတွေတွေ့ရင်မမေ့နဲ့နော်။
ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။
[Unicode]
၁.CP ဆိုင်လေးများ
၂. Lotteria
၃.Marrybrown
၎. KFC
ကဲ…သွားရင်းလာရင်းဗိုက်ဆာလာလို့ ပတ်ဝန်းကျင်မှာဒီဆိုင်လေးတွေတွေ့ရင်မမေ့နဲ့နော်။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top