မြန်မာ
ရန်ကုန်မြို့တွင်းရှိ အမိုက်စား River View Bar တချို့အကြောင်းတစေ့တစောင်း
မြစ်ကမ်းဘေးလေး၊ ရေပြင်လေးဘေးမှာ ထိုင်ပြီး ပရိတ်သတ်ကြီီးတို့ဟိုတွေးဒီတွေးလုပ်ရတာကို နှစ်သက်ရင် ရေပြင်လေးဘေးမှာစားသောက်တာကလည်း စိတ်ခံစားချက်တစ်မျိူးကို ဖြစ်ပေါ်စေမှာပါ။ ကြည်နူးမှု၊ အေးချမ်းမှု ၊ စိတ်တည််ငြိမ်မှု အစရှိတဲ့ ကောင်းတဲ့စိတ်ခံစားမှုမျိူးတွေကို ရရှိစေနိုင်မှာငြင်းလို့မရပါဖူး။ နောက်တစ်ခုက လေကောင်းလေသန့်လည်း ရနိုင်တာမ ုိ့ ကျန်းမာရေးအတွက်လည်းကောင်းတာပေါ့နော်။
Floral Breeze Bar
Hotel Sincere Yangonအပေါ်ဆုံးထပ်မှာ တည်ရှိပြီး ငမိုးရိပ်ချောင်းဘေးမှာ ရှိတဲ့အတွက် အရမ်းကို လေကောင်းလေသန့်ရပြီး အစားအသောက်တွေရဲ့ အရသာက တမူထူးခြားပြီး စျေးတွေကလည်း ရတဲ့အစားအစာရဲ့ အရသာနဲ့ ပမာဏက ပရိသတ်ကြီးတို့ကို တန်လိုက်တာနော် ဆိုတဲ့အတွေးကို ခံစားရရှိစေမှာပါ။ ရှီရှားလည်း သောက်လို့ရတဲ့အပြင် Cocktailလေးတွေရဲ့ ဆန်းသစ်မှုလေးတွေက သင့်ကို လန်းဆန်းစေမှာပါ။
Vintage Luxury Yacht
River View လို့သေသေချာချာ မဖော်ပြထားပေမဲ့ သူ့လောက်မြစ်ကြီးကိုမြင်ရတာ မရှိနိုင်တော့ပါဖူး။ မြစ်ထဲမှာ ဆောက်ထားတာကြောင့်ပါပဲ။ လှေကြီးတစ်စီးပေါ်မှာ ရောက်နေသလို ခံစားစေနိုင်ပြီး သောက်စရာ၊ စားစရာတွေက အနည်းငယ် စျေးကြီးပေမဲ့ တစ်ခါတစ်လေမှာတော့ ကို့ကိုကို ပြုစုတာကိုလည်း လုပ်ပေးသင့်ပါတယ်။ ဘူဖေးကျွေးတဲ့ ရက်တွေလည်းရှိတတ်ပါတယ်။ ခရစ်စမတ်် နဲ့ နှစ်သစ်ကူးတွေမှာလည်း ပါတီတွေရှိတတ်ပါတယ်။
V Hangout Bar
ကမ်းနားလမ်းဘက်မှာ တည်ရှိပြီး နည်းနည်းလေးတော့ကျပ်ပေမဲ့လည်း ထိုင်ရတာ အဆင်ပြေပါတယ်။ အစားအသောက်ကတော့ အရသာကအဆင်တော်တော်လေးပြေပြီး သောက်ရတာလေးကတော့ အရမ်းကြီးမစုံလင်ပေမဲ့ ရီဝေစွာမူးစေဖို့ လုံလောက်ပါတယ်။
Yangon Rooftop Bar
River View ကိုမြင်နေရပြီး ရန်ကုန်မြို့လယ်ခေါင် ဆာကူရာတာဝါ အပေါ်ဆုံးမှာတည််ရှိပြီး ရန်ကုန်မြို့ကြီးတစ်ခုလုံးအပြင် ဗိ်ု်လ်တစ်ထောင်ကမ်းနားကြီးကိုလည်း မြင်နေရတော့ River View ဆိုတာမေးနေဖို့မလိုတော့ပါဖူး။
လက်ရှိမှာတော့ ဒါလေးတွေပဲရှိနေသေးပါတယ်။ နောက်များမှာလည်း ထပ်ရှိလာရင် ထပ်ရေးပေးပါ့မယ်။
ချစ်ခြင်းများစွာဖြင့်……………။
[Unicode]
မြစ်ကမ်းဘေးလေး၊ ရေပြင်လေးဘေးမှာ ထိုင်ပြီး ပရိတ်သတ်ကြီးတို့ဟိုတွေးဒီတွေးလုပ်ရတာကို နှစ်သက်ရင် ရေပြင်လေးဘေးမှာစားသောက်တာကလည်း စိတ်ခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေမှာပါ။ ကြည်နူးမှု၊ အေးချမ်းမှု ၊ စိတ်တည်ငြိမ်မှု အစရှိတဲ့ ကောင်းတဲ့စိတ်ခံစားမှုမျိုးတွေကို ရရှိစေနိုင်မှာငြင်းလို့မရပါဖူး။ နောက်တစ်ခုက လေကောင်းလေသန့်လည်း ရနိုင်တာမို့ ကျန်းမာရေးအတွက်လည်းကောင်းတာပေါ့နော်။
Floral Breeze Bar
Vintage Luxury Yacht
V Hangout Bar
Yangon Rooftop Bar
River View ကိုမြင်နေရပြီး ရန်ကုန်မြို့လယ်ခေါင် ဆာကူရာတာဝါ အပေါ်ဆုံးမှာတည်ရှိပြီး ရန်ကုန်မြို့ကြီးတစ်ခုလုံးအပြင် ဗိုလ်တစ်ထောင်ကမ်းနားကြီးကိုလည်း မြင်နေရတော့  River View ဆိုတာမေးနေဖို့မလိုတော့ပါဖူး။
Comment ပေးရန် နှိပ်ပါ
Leave a Reply
Your email address will not be published. Required fields are marked *
လူကြိုက်များသော ပို့စ်များ
To Top