Lifestyle

ရန္ကုန္မွာ ညဘက္ ျမည္းစမ္းသင့္တဲ့ အစားအစာမ်ား

(၁) စမူစာသုပ်

ကုန်သည်လမ်းမကြီးဘေး၊ ပန်းခြံဘက်နားလေးမှာ ရောင်းတဲ့ စမူဆာသုပ်ကတော့ စာရေးသူအသည်းစွဲပါ။ ညနေခင်း လမ်းလျှောက်ထွက်ရင်း အမောဖြေနားရင် အလျင်အမြန်စားလို့ရပါတယ်။ ကြော်ထားတဲ့ စမူဆာ ရွရွလေးတွေကိုမှ ကြက်သား၊ ဂေါ်ဖီထုတ်၊ အာလူးဟင်းရည်တို့နဲ့ရောပြီးသုပ်ပေးတာပါ။ သင်က အစပ်ကြိုက်တဲ့သူဆိုရင်တော့ ငရုတ်သီးမှုန့်လေး ဆိုင်ရှင်ဆီကနေ တောင်းယူထည့်ပေါ့နော့။

(၂) တွန်းလှည်းနဲ့ရောင်းတဲ့ ဘိန်းမုန့်

ရန်ကုန်မြို့အနှံ့မှာ ပေါပေါများများရှိတတ်တဲ့ လက်တွန်းလှည်းနဲ့ရောင်းတဲ့ ဘိန်းမုန့်တွေကို ဆူးလေ ဘုရားနားက လမ်းငယ်လေးမှာ စာရေးသူအမြဲဝယ်စားလေ့ရှိပါတယ်။ တွန်းလို့ရတဲ့ ရွေ့လျားယာဉ်တွေနဲ့ရောင်း ချလေ့ရှိတဲ့ ဘိန်းမုန့်တွေဟာ ပန်ကိတ်နဲ့ ပုံစံခပ်ဆင်ဆင်ပါ။ ဝယ်သူလာမှ ကြော်ပေးတာဖြစ်လို့ သန့်ရှင်း လတ်ဆတ်မှုကတော့ စိတ်ချရပါတယ်။ ဘိန်းမုန့်ရဲ့အလယ်မှာ မြေပဲနဲ့ အုန်းသီးဖတ်ကလေးတွေကို ဖြူးထည့်ထားပေးပါသေးတယ်။ ကြက်ဥကိုထပ်ထည့်ချင်လား အစေ့အဆံတွေ ထည့်ယူဦးမလားဆိုပြီးတော့လည်း ရွေးလို့ရပါသေးတယ်။ နှစ်မျိုးလုံးထည့်ရင်တော့ တစ်ခု ငါးရာကျပ်ကျသင့်မှာပါ။

(၃) မုန့်ဟင်းခါး

မုန့်ဟင်းခါးကတော့ မြန်မာနိုင်ငံရဲ့ ရိုးရာ မနက်စာတစ်မျိုးပါ။ မုန့်ဟင်းခါးကို မြန်မာနိုင်ငံအနှံ့အပြားမှာ ရောင်းချလေ့ရှိပါတယ်။ ရန်ကုန်ကမုန့်ဟင်းခါးတွေကိုတော့ မနက်တင်မဟုတ်ပဲ ညဘက်မှာပါ ရောင်းချလေ့ရှိပါတယ်။ အထမ်းသည်တွေရောင်းချတဲ့ မုန့်ဟင်းခါးတွေမှာ မုန့်ဖတ်ကို ငါးဟင်းရည်ထည့်ပြီး ပဲသီး၊ အချဉ်၊ နံနံပင် စသဖြင့် ပေါင်းထည့်ပြီး အရသာခံနိုင်ပါသေးတယ်။ အထမ်းသည်တွေကိုတော့ ရန်ကုန်လမ်းမတွေပေါ်မှာ ပေါပေါများများတွေ့နိုင်ပါတယ်။ စျေးကတော့ တစ်ပွဲကို ၃ဝဝကျပ်ကနေ ၅၀၀ ကျပ်အထိသာ ကျသင့်မှာပါ။

(၄) လက်ဖက်အစုံသုပ်

လက်ဖက်သုပ်ကလည်း မြန်မာနိုင်ငံရဲ့ ကျော်ကြားတဲ့ စားစရာပါ။ လက်ဖက်ရွက်ကို ပဲကြော်တွေ၊ ခရမ်းချဉ်သီး၊ မြေပဲ၊ ဂေါ်ဖီထုတ်တို့နဲ့ရောသုပ်ထားတာပါ။ ရန်ကုန်မြို့မှာတော့ မြေပဲပြုတ် ပြောင်းဖူးပြုတ်၊ ငါးခြောက်ကြော် တို့နဲ့ ရောသုတ်ထားတဲ့ ထူးထူးဆန်းဆန်းသုတ်နည်းနဲ့ လက်ဖက်သုပ်တွေကို ညနေစောင်းတွေမှာ အများဆုံးရောင်းချလေ့ရှိပါတယ်။ ဘီယာနဲ့ အလိုက်ဖက်ဆုံး အမြည်းပါ။ စျေးကတော့ ပုံမှန် ၅၀၀ ကျပ်ပါ။

(၅) ဝက်သားဒုတ်ထိုး

ထုတ်ထိုးကတော့ ရန်ကုန်မြို့ ညဘက်လမ်းဘေးအစားအစာတွေထဲမှာ အကျော်ကြားဆုံးပါ။ လမ်းထောင့်တွေတိုင်းမှာဖွင့်လေ့ရှိပြီး ဒုတ်နဲ့ထိုးထားတဲ့ ဝက်သားဖတ်တွေကို ဆူပွက်နေတဲ့ ဟင်းရည်အိုးထဲ နှစ်ထားတဲ့ ပုံစံနဲ့ ရောင်းချလေ့ရှိပါတယ်။ ပုံမှန်စျေးကတော့ တစ်ချောင်းကို ၁၀၀ ကနေ ၂၅၀ အထိ ဆိုင်အပေါ် မူတည်ပြီးရှိပါတယ်။

ခုလို အရသာရှိတဲ့ ဆိုင်ကောင်းကောင်းလေးတွေက အစားအသောက်တွေကို စားချင်တယ်ဆိုရင်တော့ Doemal Application ကနေ မှာစားလို့ရနေပြီဆိုတာလေးလဲ တစ်ခါထဲပြောလိုက်ပါရစေနော်။ ဆိုင်သွားစားပြီးရင်လည်း ကောင်းရင် ပြန်လည်ဝေမျှပေးကြပါဦး။

 

[Unicode]

ရန္ကုန္ၿမိဳ႕မွာ ညဘက္လြယ္လြယ္ကူကူရနိုင္တဲ့ street food ေတြထဲကမွ စာေရးသူအႀကိဳက္ဆံုး အစားအစာေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္

(၁) စမူစာသုပ္

ကုန္သည္လမ္းမႀကီးေဘး၊ ပန္းၿခံဘက္နားေလးမွာ ေရာင္းတဲ့ စမူဆာသုပ္ကေတာ့ စာေရးသူအသည္းစြဲပါ။ ညေနခင္း လမ္းေလွ်ာက္ထြက္ရင္း အေမာေျဖနားရင္ အလ်င္အျမန္စားလို႔ရပါတယ္။ ေၾကာ္ထားတဲ့ စမူဆာ ရြရြေလးေတြကိုမွ ၾကက္သား၊ ေဂၚဖီထုတ္၊ အာလူးဟင္းရည္တို႔နဲ႕ေရာၿပီးသုပ္ေပးတာပါ။ သင္က အစပ္ႀကိဳက္တဲ့သူဆိုရင္ေတာ့ ငရုတ္သီးမႈန္႕ေလး ဆိုင္ရွင္ဆီကေန ေတာင္းယူထည့္ေပါ့ေနာ့။

(၂) တြန္းလွည္းနဲ႕ေရာင္းတဲ့ ဘိန္းမုန္႔

ရန္ကုန္ၿမိဳ႕အႏွံ႕မွာ ေပါေပါမ်ားမ်ားရွိတတ္တဲ့ လက္တြန္းလွည္းနဲ႕ေရာင္းတဲ့ ဘိန္းမုန္႔ေတြကို ဆူးေလ ဘုရားနားက လမ္းငယ္ေလးမွာ စာေရးသူအျမဲဝယ္စားေလ့ရွိပါတယ္။ တြန္းလို႔ရတဲ့ ေရြ႕လ်ားယာဥ္ေတြနဲ႕ေရာင္း ခ်ေလ့ရွိတဲ့ ဘိန္းမုန္႕ေတြဟာ ပန္ကိတ္နဲ႕ ပံုစံခပ္ဆင္ဆင္ပါ။ ဝယ္သူလာမွ ေၾကာ္ေပးတာျဖစ္လို႔ သန္႔ရွင္း လတ္ဆတ္မႈကေတာ့ စိတ္ခ်ရပါတယ္။ ဘိန္းမုန္႕ရဲ႕အလယ္မွာ ေျမပဲနဲ႕ အုန္းသီးဖတ္ကေလးေတြကို ျဖဴးထည့္ထားေပးပါေသးတယ္။ ၾကက္ဥကိုထပ္ထည့္ခ်င္လား အေစ့အဆံေတြ ထည့္ယူဦးမလားဆိုၿပီးေတာ့လည္း ေရြးလို႔ရပါေသးတယ္။ ႏွစ္မ်ိဳးလံုးထည့္ရင္ေတာ့ တစ္ခု ငါးရာက်ပ္က်သင့္မွာပါ။

(၃) မုန္႔ဟင္းခါး

မုန္႔ဟင္းခါးကေတာ့ ျမန္မာႏုိင္ငံရဲ႕ ရိုးရာ မနက္စာတစ္မ်ိဳးပါ။ မုန္႔ဟင္းခါးကို ျမန္မာႏုိင္ငံအႏွံ႕အျပားမွာ ေရာင္းခ်ေလ့ရွိပါတယ္။ ရန္ကုန္ကမုန္႔ဟင္းခါးေတြကိုေတာ့ မနက္တင္မဟုတ္ပဲ ညဘက္မွာပါ ေရာင္းခ်ေလ့ရွိပါတယ္။ အထမ္းသည္ေတြေရာင္းခ်တဲ့ မုန္႔ဟင္းခါးေတြမွာ မုန္႔ဖတ္ကို ငါးဟင္းရည္ထည့္ၿပီး ပဲသီး၊ အခ်ဥ္၊ နံနံပင္ စသျဖင့္ ေပါင္းထည့္ၿပီး အရသာခံႏုိင္ပါေသးတယ္။ အထမ္းသည္ေတြကိုေတာ့ ရန္ကုန္လမ္းမေတြေပၚမွာ ေပါေပါမ်ားမ်ားေတြ႕ႏုိင္ပါတယ္။ ေစ်းကေတာ့ တစ္ပြဲကို ၃၀၀က်ပ္ကေန ၅၀၀ က်ပ္အထိသာ က်သင့္မွာပါ။

(၄) လက္ဖက္အစံုသုပ္

လက္ဖက္သုပ္ကလည္း ျမန္မာႏုိင္ငံရဲ႕ ေက်ာ္ၾကားတဲ့ စားစရာပါ။ လက္ဖက္ရြက္ကို ပဲေၾကာ္ေတြ၊ ခရမ္းခ်ဥ္သီး၊ ေျမပဲ၊ ေဂၚဖီထုတ္တို႔နဲ႕ေရာသုပ္ထားတာပါ။ ရန္ကုန္ၿမိဳ႕မွာေတာ့ ေျမပဲၿပဳတ္ ေျပာင္းဖူးၿပဳတ္၊ ငါးေျခာက္ေၾကာ္ တို႔နဲ႕ ေရာသုပ္ထားတဲ့ ထူးထူးဆန္းဆန္းသုတ္နည္းနဲ႕ လက္ဖက္သုပ္ေတြကို ညေနေစာင္းေတြမွာ အမ်ားဆံုးေရာင္းခ်ေလ့ရွိပါတယ္။ ဘီယာနဲ႕ အလိုက္ဖက္ဆံုး အျမည္းပါ။ ေစ်းကေတာ့ ပံုမွန္ ၅၀၀ က်ပ္ပါ။

(၅) ဝက္သားဒုတ္ထုိး

ထုတ္ထိုးကေတာ့ ရန္ကုန္ၿမိဳ႕ ညဘက္လမ္းေဘးအစားအစာေတြထဲမွာ အေက်ာ္ၾကားဆံုးပါ။ လမ္းေထာင့္ေတြတိုင္းမွာဖြင့္ေလ့ရွိၿပီး ဒုတ္နဲ႕ထိုးထားတဲ့ ဝက္သားဖတ္ေတြကို ဆူပြက္ေနတဲ့ ဟင္းရည္အိုးထဲ ႏွစ္ထားတဲ့ ပံုစံနဲ႕ ေရာင္းခ်ေလ့ရွိပါတယ္။ ပံုမွန္ေစ်းကေတာ့ တစ္ေခ်ာင္းကို ၁၀၀ ကေန ၂၅၀ အထိ ဆုိင္အေပၚ မူတည္ၿပီးရွိပါတယ္။

ခုလို အရသာရွိတဲ့ ဆိုင္ေကာင္းေကာင္းေလးေတြက အစားအေသာက္ေတြကို စားခ်င္တယ္ဆိုရင္ေတာ့  Doemal Application ကေန မွာစားလို႕ရေနျပီဆိုတာေလးလဲ တစ္ခါထဲေျပာလိုက္ပါရေစေနာ္။ ဆိုင္သြားစားျပီးရင္လည္း ေကာင္းရင္ ျပန္လည္ေဝမွ်ေပးၾကပါဦး။

Comment ပေးရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

လူကြိုက်များသော ပို့စ်များ

To Top